Main menu

Background

Thursday, 17 May 2012

          နတ်စမ်းကျေးရွာဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကိန်းဗျောကျေးရွာ အုပ်စုမှာပါရှိပြီး မော်လမြိုင် ကျိုက် မရော ကားလမ်းမေ ပါ်မှာ တည်ရှိကာ ကြက်မောက်သီး  လှိုင်လှိုင်ထွက်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။ ယခု မေလဆန်း ဟာ နတ်စမ်းကြက်မောက်သီးနဲ့ အခြား အစေ့လွတ်၊အစေ့မလွတ် ကြက်မောက် သီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်လို့ မော် လမြိုင်ရဲ့ သီးနှံပွဲရုံများနဲ့ လမ်းဘေးဆိုင် ခွဲလေးများမှာ   ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေကြပါတယ်။

Thursday, 17 May 2012

             အိန္ဒိယနိုင်ငံ မဟာရပ်ရ်ှတရာမှ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဌာန (FDA) ဟာ ဈေးကွက်တစ်ခုအတွင်းမှာရှိတဲ့ သရက်သီး ၄၀၀ ကီလိုနဲ့ အသီးမှည့်အောင်သုံးတဲ့ ကာဘိုက်အမှုန့် ၃ ကီလိုကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Monday, 14 May 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်နဲ့ လွယ်ဂျယ်နယ်စပ်တို့မှ ကန် ဒေါ်လာ ၂ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၁၄၇၁၅  တန်ကျော်ကို ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလမှာ အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၄၃၄၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၃၇၂ တန် အသီးသီး  တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ဖရဲအပို့ ၁၂၁၈ တန်ပိုမိုခဲ့ပြီး လွယ်ဂျယ်မှ ယခင် အပတ်က အပို့မရှိခဲ့တဲ့အတွက် ယခင် အပတ်ကထက် နယ်စပ်မှ ဖရဲအပို့ ပိုမို ခဲ့တယ်လို့သိရပါတယ်။

Monday, 14 May 2012

မန္တလေး  သစ်သီးဈေးကွက်ကို မရင့်မှည့်တဲ့သရက်သီးများ ဝင်နေခြင်း ကြောင့် အနိမ့်ဆုံးဈေးသာ ရှိကြောင်း သိရပါတယ်။ငွေကံ့ကော်သစ်သီးပွဲရုံမှ ဦးကိုကို ထွေးက "တောင်သူတွေကို သရက်သီး အကြောမပြတ်ဘဲ  မခူးဖို့ ပြောပေမယ့် လည်း အမြင်မကျယ်တော့ ပြောလို့မရ ဘူး။ လေပါရင်လည်း ဆုံးရှုံးရမှာဆိုးလို့ အစောကြီးခူးကြတယ်။  မရင့်မှည့်ဘဲ စောစောခူးတော့ အသီးလည်း မလှ ဘူး။

Monday, 9 Apr 2012

ကယားပြည်နယ်၊  လွိုင်ကော်မြို့ ပေါ်ရပ်ကွက်နဲ့  ဆင်ခြေဖုံးကျေးရွာ များမှာ စတော်ဘယ်ရီ စိုက်ပျိုးသူများ လာကြောင်းသိရပါတယ်။ စတော်ဘယ် ရီဈေးကွက်မှာ  စတင်ထွက်ရှိချိန်က တစ်ပိဿာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးရှိပြီး  လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ် ဈေးသာရှိတာကြောင့်   ဒေသထွက် ရာသီစာအဖြစ်  စားသုံးမှု  များလာ ကြောင်း သိရပါတယ်။

Monday, 9 Apr 2012

        ဒီရာသီက ထန်းဖိုရာသီပါ။ ထန်းဖို ထန်းလျက်တွေ မတ်လကစပြီး ဇွန်လ ဆန်းထိ ထွက်ပေါ်နေပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ထန်းလျက်တစ်ပိဿာကို ၆၅၀ ကျပ်မှ ၇၀၀ ကျပ် ဈေးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၄၀၀ ကျပ်နဲ့ ၄၅၀ ကျပ် အတွင်းမှာပဲ ရှိပါတယ်။

Monday, 9 Apr 2012

    ရာသီဥတုကောင်းမွန်ခဲ့တာကြောင့် ယခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ သရက်သီးတင်ပို့မှုဟာ ရည်မှန်းချက်ထက် ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ အာဏာပိုင်များက ယခုနှစ် တင်ပို့ဖို့ တန်ချိန် ၁၄၀၀၀၀ လျာထားခဲ့ပြီး၊ စိုက်ပျိုးသူတွေ ယခုခန့်မှန်း တာတော့ ဒေသတွင်းမှာ တန်ချိန် ၁၆၅၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ သရက်သီး တင်ပို့မှု ဦးဆောင်ကုမ္ပဏီ Harvest  Trading မှ အမှုဆောင်အရာရှိ Ahmad  Jawad   ပြောတာတော့ ပန်ဂျပ်နဲ့ ဆင်းဒေသတွေမှာ သရက်သီးများစွာ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Monday, 26 Mar 2012

      မော်လမြိုင်မြို့ပေါ်က သီးနှံရောင်းတဲ့ဆိုင်တန်းကဆိုင်တွေမှာ မော်လမြိုင်ဒူးရင်းသီးတွေစပေါ်နေပြီလို့  ထင်ရေ လာက် အောင်မော်လမြိုင်ဒူးရင်းသီးနဲ့ သဏ္ဌာန်တူနေတဲ့ မလေးရှားဒူးရင်းသီးတွေ အများအပြားရောင်းချေ နတာ တွေ့ရှိရ ပါတယ်။ ယခင်နှစ်တွေက ပြည်ပက ဒူးရင်းသီးဆိုလို့ ယိုးဒယားဒူးရင်းသီးသာ တင်သွင်းရောင်းချခဲ့ပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား

Monday, 26 Mar 2012

ကျောက်ဆည်ခရိုင်၊ လယ်ယာထွက်ကုန် TPIS ဝန်ထမ်းများသည် မတ်လ ၁၈၊ ၁၉ ရက်များမှာ ကျောက်ဆည်မြို့နယ် ကိုးပင်ရွာ၊ ရဲကြီးရွာ၊ ဟံမြင့်မိုရ်ကျေး ရွာများသို့ သရက်ခြံပိုင်ရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Friday, 23 Mar 2012

ယခုနှစ် ၂၀၁၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်၌ အောက်မြန်မာပြည်တွင် သရက်ပန်းပွင့်နှုန်းမှာ ၁၀ ရာခိုင်နှုန်း လောက်သာ ပန်းပွင့်ကြသီးကြသည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းတွင် အောက်မြန် မာပြည်၌ သရက်များ ကောင်းကောင်းမပွင့်ကြသ လို ယခု ၂၀၁၂ ခုနှစ်လည်း သရက်သီးပန်းများ ကောင်းကောင်းမပွင့်ကြသဖြင့် အထွက်နှုန်းနည်း မည်ဟု

Pages