Main menu

Background

Monday, 21 Jan 2013

တန်ချိန် ငါးရာကျော်ဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၅၄တန်၊ နို့စိမ်း ၂၄၈ ဒသမ ၄၀ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီ၊ နို့စိမ်းအဝင်က တန် ချိန် ခုနစ်ရာကျော်ရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ အဝင်လျော့နည်းမှုက တန် ချိန် နှစ်ရာနီးပါး ရှိခဲ့တယ်လို့ သိရပါ တယ်။

Sunday, 13 Jan 2013

ဒွန်းနို့စိမ်းနဲ့ အိုကေနို့ဆီ တင်သွင်းပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်နေ့တာကာလ အတွင်း ဒွန်းနို့စိမ်း ၅၀၅ ဒသမ ၀၈ တန်နဲ့ အိုကေနို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ပါတယ်။နိုဝင်ဘာလရဲ့ နို့ဆီ/နု့ိစိမ်းအဝင်က တန်ချိန်တစ်ထောင့်ခုနစ်ရာနီးပါးရှိခဲ့ပြီး ဒီဇင်ဘာလမှာ တန်ချိန်  နှစ်ေ ထာင် ကျော်တင်သွင်းခဲ့တာကြောင့် ဒီဇင်ဘာ လမှာ တန်ချိန် သုံးရာကျော် အဝင်ပိုခဲ့ ပါတယ်။ နို့မှုန့်က ဒီဇင်ဘာလမှာ တန် ချိန် ၂၀ ကျော် လျော့နည်းပြီး အဝင် ရှိခဲ့တယ်လို့ သိရပါတယ်။

Sunday, 6 Jan 2013

ဒွန်းနဲ့ မာရီဂိုးနို့ဆီများ အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း နို့ဆီ ၇၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို    ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၂၆ တန်၊ မာရီဂိုးနို့ဆီ ၁၅၂ တန်နဲ့ အခြားတံဆိပ် နို့ဆီများက ၄၉၆ ဒသမ ၈၀ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံ မှသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။  MIRT (DOT)

Wednesday, 26 Dec 2012

ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန်များအနက်  နယ်စပ်မှ အများဆုံးတင်သွင်းတဲ့  စားသောက် ကုန်ကတော့ အချိုမှုန့်ပဲဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော်မှ ပုံမှန်တင်သွင်း လျက်ရှိရာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိ ချင်းရွှေဟော်မှ ၃၂၂  တန် နဲ့ မူဆယ်မှ ၂၄၈ တန်  တင်သွင်းခဲ့ပြီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ   ကော့သောင်း စခန်းမှလည်း ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ အချိုမှုန့် ၅ တန်ကို တင်သွင်းလာတာ တွေ့ရပါတယ်။      တင်တင်ထွန်း

Wednesday, 26 Dec 2012

ဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ရက် မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းငါးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်ဝင်လာခဲ့တဲ့ နို့ဆီက OK တံဆိပ်နို့ဆီပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တစ်ဆယ့်နှစ် တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင်က တန်ချိန် နှစ်ရာ ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့တာ တွေ့ရပါတယ်။

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၈၉၅ သန်းတန်ဖိုးရှိ အချိုမှုန့် ၈၉၁ တန်ကျော်ကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၄၈၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၀၂ တန်ကျော်တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် များမှ နိုဝင်ဘာလမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ အချိုမှုန့် ၃၄၀၉ တန်ကျော် တင်သွင်းခဲ့ပြီဖြစ်ပါ တယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ၁ ကီ လိုမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-ကျပ်/ကီလို မိမိဘက်    ရွှေလီ မူဆယ်           ၁၂၂၀       ၁၁၆၉ ချင်းရွှေဟော်    ၈၅၀          ၈၄၀တင်တင်ထွန်း

Wednesday, 12 Dec 2012

ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ နိုဝင်ဘာ နောက်ဆုံးပတ်မှာ နို့ဆီ ၁၂ တန်၊ နို့စိမ်း ၂၆၃ တန်၊ စုစု ပေါင်း ၂၇၄ တန် အဝင်ရှိခဲ့ပါတယ်။  နို့စိမ်းက  နိုဝင်ဘာလအတွင်းမှာ ဒီ သီတင်းပတ်တစ်ပတ်တည်းသာ နို့စိမ်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျ၊ စင်ကာပူ၊ နယူးဇီလန်နဲ့ မလေးရှားနိုင်ငံတို့မှ နို့မှုန့် စုစုပေါင်း တန်ချိန် ၂၉၃ ဒသမ ၉၁ တင်သွင်း ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆို ရင် နိုဝင်ဘာလအတွင်း နို့ဆီကတန်ချိန် ငါးရာကျော်၊ နို့စိမ်းက တန်ချိန် ရှစ်ရာ ကျော်အဝင်နည်းခဲ့ပေမဲ့ နို့မှုန့်ကတန်ချိန် နှစ်ရာနီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။                   MIRT (DOT)

Monday, 3 Dec 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း နို့ဆီ ၆၂၂ ဒသမ ၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းကအဝင်မရှိခဲ့တာ တွေ့ရပါတယ်။

Monday, 26 Nov 2012

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ ကန်ဒေါ် လာ ၁ ဒသမ ၀၇၂ သန်းတန်ဖိုးရှိ အချို မှုန့် ၁၀၆၈ တန်ကျော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။  မူဆယ်မှ ၅၅၄ တန်နဲ့ ချင်းရွှေဟော်မှ ၅၁၄ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ တစ်ကီလို မြေပြင်ဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါ တယ်-

Monday, 26 Nov 2012

ဒွန်းနဲ့ အိုကေနို့ဆီများ ဝင်ခဲ့သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ ၆၁၇ ဒသမ ၈၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  ခြောက်သိန်းကျော်ဖိုးကို တင်သွင်းခဲ့တယ်လို့   သိရပါတယ်။ ဒီတစ်ပတ်မှာ ဝင်ခဲ့တဲ့ နို့ဆီက ဒွန်းနို့ဆီ ၂၂၈ ဒသမ ၃၈၄ တန်နဲ့ အိုကေနို့ဆီ ၃၈၉ ဒသမ ၄၄၈ တန်  ဖြစ်ပါတယ်။နို့မှုန့်က သြစတြေးလျနိုင်ငံမှ သုည ဒသမ ၁၆၂ တန်၊ နယူးဇီလန်နိုင်ငံမှ ၇၅ ဒသမ ၆၀ တန်၊ စင်ကာပူနိုင်ငံမှ ၁၂ ဒသမ ၀၃၅ တန်ဝင်ခဲ့တယ်လို့ သိရ ပါတယ်။            MIRT (DOT)

Pages