Main menu

Background

Tuesday, 24 Jan 2012

    မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက် သွန်ဖြူနဲ့ စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့    ရောင်းချသူများ အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံ တန်းရှိ မွန်ပြည်နယ်ကုန်သည်/ စက်မှု အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အစည်းအဝေးကို မွန်ပြည်နယ်၊ စက်မှုအသင်း  ဥက္ကဋ္ဌ   ဦးတင်မော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး ပြည်နယ်မန်နေဂျာနဲ့ ဒုပြည် နယ် မန်နေဂျာ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူအသင်းဥက္ကဌ ဦးထွန်းအေးနဲ့ အသင်းအမှုဆောင်များ၊ အသင်းဝင် ကုန်သည်များ   တက်ရောက်ခဲ့ကြပါ တယ်။

Tuesday, 24 Jan 2012

               ပြည်ပ သွင်းကုန် ပို့ကုန်လုပ်ငန်း များ လုပ်ဆောင်ရာတွင် ငွေပေးချေမှု အပိုင်းအနေဖြင့် ယနေ့ကမ္ဘာတွင်စိတ် ချယုံကြည်ရပြီး အများက လက်ခံ ကျင့်သုံးလျက်ရှိသည့် ငွေလွှဲစာတမ်း ပေး ချေမှု  (Opening of the letter of credit payment)  စနစ်ကို သိရှိနားလည်ရန် ပြုစုတင်ပြထား သောစာအုပ်ဖြစ်သည်။ငွေလွှဲစာတမ်း စနစ်သည် ကုန်ဝယ်သူနှင့် ကုန်ရောင်း သူတို့အကြား ငွေပေးချေမှု အဆင် ပြေချောမွေ့စေရန်ကုန်ဝယ်သူ၏ဘဏ် နှင့်ကုန်ရောင်းသူ၏ဘဏ်တို့က ကြား ဝင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Tuesday, 24 Jan 2012

          Gene  Xpert စက်သစ်နှစ်လုံး ကို ပြည်သူ့ဆေးရုံကြီး တီဘီပြင်ပလူနာ ဌာနနဲ့ အထက်မြန်မာ  တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့မှာ ထားရှိမယ်လို့ သိရပါတယ်။အဆိုပါစက်ကို အပြည်ပြည်ဆိုင် ရာ တီဘီရောဂါနဲ့ အဆုတ်ရောဂါတိုက် ဖျက်ရေးအဖွဲ့  (International  Union   Against  Tuberculosis  and  Lung  Disease)  မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ စက်တစ်လုံးကို အထက်မြန်မာ တီဘီရောဂါ  တိုက်ဖျက်ရေးဌာနမှာ ၂၀၁၁ ခုနှစ်၊  ဒီဇင်ဘာလအတွင်းက သုံးစွဲလျက်ရှိပြီး စက်တစ်လုံးကို ထပ်မံ ထားရှိမှာဖြစ်ကြောင်း  သိရပါတယ်။  Gene  Xpert   စက်နဲ့ HIV ဝေဒနာ သည်များနဲ့ ကလေးများမှာ တီဘီရောဂါ စမ်းသပ်ရှာဖွေရာမှာ မှန်ကန်မြန်ဆန်တဲ့ အဖြေရရှိဖို့ ရှာဖွေပေးမှာဖြစ်ကြောင်း သိရပါတယ်။

Tuesday, 24 Jan 2012

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ဟာ တောင်ပျံမွှေးစပါးအများဆုံး စိုက်ပျိုးထွက်ရှိခဲ့တဲ့ မြို့နယ် တစ်မြို့နယ် ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်မထစပါးများအပြင် တောင်ပျံမွှေးစပါးဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်လျက် ရှိတာကို တွေ့ရပါတယ်။

Tuesday, 24 Jan 2012

       ဧရာဝတီတံတား (ပခုက္ကူ)ဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတားတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ကတော့ ပခုက္ကူကနေ လက်ပံခြေပေါ်၊ ညောင်ဦးမြို့နယ်ဘက်ကမ်း ကူးမယ်ဆိုရင် စက်လှေပေါ်မှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ကားဇက်ကူးမယ်ဆိုရင် ကားငယ် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ကုန်တင်ကားကြီး ကုန်ပါတစ်စီး ၄၀၀၀၀ ကျပ်၊ ကုန်မဲ့တစ်စီး ၂၀၀၀၀ ကျပ်ပေးပြီး၊ အချိန်ယူူကာမဖြစ်မနေ ရွေးချယ်စရာမရှိ ဖြတ်သန်းသွားလာ ခဲ့ကြရပါတယ်။

Tuesday, 24 Jan 2012

              ပြည်-မန္တလေး ကုန်စည်ပို့ဆောင် ရေးမှာ ပြည်မြို့ကို တရုတ်နိုင်ငံထုတ် ကုန်များ တင်ပို့မှုများပြီး မန္တလေးမြို့ကို ဆန်နဲ့ ကဏန်းများ တင်ပို့မှုများရာမှ လမ်းပိုင်း  အချိန်ကွာခြားခြင်းကြောင် ကဏန်းတင်ပို့မှု   နည်းလာကြောင်း သိရပါတယ်။တိုင်းလုံးကျော် ကုန်စည်ပို့ဆောင် ရေးမှ ဦးစန်းအောင်က "ပြည်-မန္တလေး က ကုန်စည်ပို့ဆောင်ရေး ပုံမှန်ပါပဲ။ ဒီနှစ်မှာထူးခြားတာက ပြည်ကနေ ဆန် များများ ပို့နေရပြီး၊ မန္တလေးကနေ ပန်း သီး၊ လိမ္မော်သီး များများပို့နေရတယ်။

Monday, 23 Jan 2012

နို့ဆီတစ်မျိုးသာ အဝင်ရှိခဲ့    ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ ၁၃၄ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ  ငါးသိန်းသုံးသောင်းကျော်ဖိုး ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီက ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ်က တန် ၂၀ တင်သွင်းခဲ့ ပါတယ်။

Monday, 23 Jan 2012

ဒီတစ်ပတ်မောင်းတိန်းနဲ့ စိန်တံဆိပ်တင်သွင်း    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၆၂၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်နဲ့ မောင်းတိန်းတံဆိပ်ဘိလပ်မြေဖြစ်ပါ တယ်။

Monday, 16 Jan 2012

နို့မှုန့်တစ်မျိုးသာ အဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့  ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်းမှာ နို့ဆီ၊ နို့စိမ်းကအဝင်မရှိခဲ့ပါဘူး။ ယခင် သီတင်းပတ်များက  သွင်းအားကောင်း ကောင်းနဲ့တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ အဝင် နားခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ ၆၁ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ဖိုး တင်သွင်း ခဲ့တာတွေ့ရပါတယ်။ သြစတြေးလျ နိုင်ငံ မှ ၁၆ ဒသမ ၅ တန်၊ ယူအက်စ် အေမှာ ၈ ဒသမ ၈၂ တန်နဲ့ နယူးဇီလန် မှ ၃၆ တန် အသီးသီးမှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့နှစ်ဆယ်ကျော်  တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်ရဲ့ ဝင်အားကလည်း ထက်ဝက်မျှ လျော့နည်းခဲ့တယ်လို့ ဆိုရ ပါမယ်။MIRT (DOT)

Monday, 16 Jan 2012

ဒီတစ်ပတ်ဘိလပ်မြေ အဝင်အေးပြည်တွင်းကို ဒီနှစ်ရဲ့ နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၂၉၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ် ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန်တစ်သောင်းသုံးထောင်ကျော် ရှိခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ပတ် ဘိလပ်မြေအဝင်က တော်တော်လေး လျော့နည်း ခဲ့တယ်လို့ ဆိုရပါမယ်။                                  MIRT (DOT)

Pages