Main menu

Background

Wednesday, 7 Aug 2019

       အိန္ဒိယနိုင်ငံသည် တရုတ်ဦးဆောင်သော အာရှပစိဖိတ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက သြဂုတ် ၂ ရက်က ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ် နှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့်  လယ်သမားများ၏ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဖန်တီးရေးအလားအလာများအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။

Wednesday, 7 Aug 2019

      ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ အပြန်အလှန် ပယ်ဖျက် ကြရန်  ဇူလိုင် ၂ ရက်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဆုံးဖြတ် ကြကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ စေ့စပ်ညှိနှိုင်းအဖြေရှာရန် တောင် ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် ပန်ကြားခဲ့သည်ကို ဂျပန်နိုင်ငံက ပယ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်အငြင်းပွားမှုက စီးပွားရေးစစ်ပွဲဆီသို့ ဦးတည်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးနှင့် ဖန်သားပြင်ထုတ်လုပ် ရာတွင် အသုံးပြုသော အဓိက အစိတ်အပိုင်းများ တောင်ကိုရီးယားသို့ တင်ပို့ခြင်းကို ဂျပန်နိုင်ငံ က ဇူလိုင် ၄ ရက်တွင်  ကန့်သတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်အတွင်း အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍

Wednesday, 7 Aug 2019

         ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Wednesday, 7 Aug 2019

       တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သို့ အသီးအနှံ များနှင့် ပို့ကုန်အမယ်သစ် ၁၀ မျိုးတိုးချဲ့တင်ပို့ရန် ကြိုးစားနေ သော်လည်း သစ်သီးဝလံနှင့်ပန်းမန်များအား ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်သည့် စက်များအဆင်သင့် မဖြစ်သေးသဖြင့် နှစ် နှစ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ  ဦးစိုးသန်းမင်းဒင်က သြဂုတ် ၂ ရက်တွင် ပြောသည်။

Thursday, 25 Jul 2019

    ထုတ်ကုန်များကို အမှတ်တံဆိပ်တပ်ခြင်းနှင့်ပတ်သက်၍  ဗီယက်နမ်နိုင်ငံတွင် စည်းမျဉ်းဥပဒေများ ရှိထားပြီး ဖြစ်သော်လည်း  ထုတ်ကုန်များကို  Made in Vietnam ဟု အမှတ်တံဆိပ် တပ်ရာတွင်  စံနှုန်းသတ်မှတ်ချက်မရှိ သေးကြောင်း ဗီယက်နမ်နယူးစ်အေဂျင် စီသတင်းတွင်ဖော်ပြသည်။ ဟနွိုင်းမြို့၌  ဇူလိုင် ၁၇ ရက်က ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (VCCI)  ရှိ ကူးသ န်းရောင်းဝယ်ရေးအထောက် အထား အသိအမှတ်ပြု လက်မှတ်များ  ထုတ်ပေးရေးစင်တာမှ  ညွှန်ကြားရေးမှူး ထရမ်သီသူဟောင်က  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Wednesday, 17 Jul 2019

       အိန္ဒိယနိုင်ငံတွင် လာမည့်သီတင်းနှစ်ပတ်အတွင်း မိုးရွာသွန်းမှု သည် ပျမ်းမျှရွာသွန်းမှုအောက် ကျဆင်းနိုင်သည့်အတွက် အလယ်ပိုင်း ဒေသနှင့် အနောက်ပိုင်းဒေသတို့တွင် စိုက်ပျိုးလျက်ရှိသော ပဲပုပ်နှင့် ဝါ ဂွမ်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းနိုင်ကြောင်း မိုးလေဝသဌာနမှ အရာရှိတစ်ဦးက ဇူလိုင် ၁၁ ရက်က ပြောသည်။  ထို့ကြောင့် နွေသီးနှံထုတ် လုပ်မှုအတွက် စိုးရိမ်မှုများမြင့်တက်နေသည်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးမြေ၏ ၅၅ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုအားထား နေရသည်။ အာရှ၌ တတိယအကြီးမားဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံရှိ အိန္ဒိယ၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းက ၁၅ ရာခိုင်နှုန်းပါဝင်နေသည့်အတွက်

Wednesday, 17 Jul 2019

       စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသော တက္ကစီယာဉ်များနှင့် စီးတီးတက္ကစီမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA)က လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ YRTA က စီးတီးတက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံ ချက်ဖြင့် ဆောင်ရွက်ခဲ့သောကာလအတွင်း တက္ကစီယာဉ် ပိုင်ရှင်များက စနစ်တကျ လာရောက်သတင်းပို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် နှင့်မှတ်ပုံတင်သက်တမ်းတိုးရန်အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်အသစ်များနှင့် စီးတီးတက္ကစီ ယာဉ်အချ

Wednesday, 17 Jul 2019

     ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု များပြားလာခြင်း၊ လေထု/ ရေထုညစ်ညမ်းမှု မြင့်တက်လာခြင်း စသည့် အကြောင်းအရာများက ကမ္ဘာ့လူမှုစီးပွားရေး အခြေအနေကိုများစွာ သက်ရောက်လျက် ရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည့်အတွက် တွင်းထွက်လောင်စာဆီ သုံးစွဲမှုများအစား သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသည့် အခြားစွမ်းအင်များအား အစားထိုးသုံးစွဲသည့်နည်းလမ်းများကို ကြိုးစားရှာေ ဖွဆောင်ရွက်လာကြပြီ ဖြစ်သည်။ ၎င်းနည်းလမ်းများအနက် တစ်ခုမှာ လျှပ်စစ်စွမ်းအင်အသုံး ပြုမောင်းနှင်သည့် လျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်သုံးစွဲခင်းပင်ဖြစ်သည်။ လက်ရှိဈေးကွက်အနေအထားအရ လျှပ်စစ်မော် တော်ကားများ၏ ဈေးနှုန

Wednesday, 17 Jul 2019

တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားများ ယခုနှစ်အတွင်း စေလွှတ်မည်ဖြစ်ကာ တစ်နှစ်အတွင်း ရေလုပ်သားဦးရေ ၁၅၀စေလွှတ်သွားမည်ဖြစ်ကြောင်း ဂူလုံးဖိုကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ Mr.Kim Jae Hwan က ပြောသည်။ ယင်းသို့ ရေလုပ်သားများ စေလွှတ်ရန်အတွက် မြန်မာနိုင်ငံရှိ ရွှေဖြိုးသာကုမ္ပဏီနှင့်တောင်ကိုးရီးယားနိုင်ငံရှိ ဂူလုံးဖိုကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၇ ရက်က Sedona Hotel တွင် ကျင်းပ ခဲ့သည်။

Wednesday, 17 Jul 2019

Client:Department of Trade, Ministry of Commerce (MoC)

Country: Republic of the Union of Myanmar

Project: Myanmar Services Trade Enhancement Project (M-STEP)

Position Title: National Monitoring and Evaluation Expert

Pages