Background
ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂၅၀၃၂၉၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၄၆၆၅ ဒသမ ၄၈ တန်၊ အမေရိကန်ဒေါ်လာ ၂၇၃၆၆၀၇၀ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၆၇၉၇၇ ဒသမ ၂၂ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၄၂၆၂၄ ဒသမ ၇၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၆၁၀၁၇ ဒသမ ၁၉ တန်ကို တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၃၆၄၈ ဒသမ ၂၉ တန် တင်သွင်းမှုပိုခဲ့ သလို ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၃၄၇၁၇ ဒသမ ၃၂ တန်တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၃၃၂၅၉ ဒသမ ၉၀ တန် တင် သွင်းမှုပိုခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇ
စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက် ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက် တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်း များအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံအနက် ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိပြီး ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင် ယခင်တစ်ပတ်ဈေးနှုန်းထက် ၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကော
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီလက်ကျန် ရှားလို့ အရောင်းအဝယ်မဖြစ်ပေမယ့် ဈေးမြင့်လာတာ တွေ့ရ ပါတယ်။ မန္တလေးဝယ်လက်များကြောင့် နှမ်းနက်နှင့် စမုံနက် နှမ်းဈေးမှာလည်း ယခင်တစ်ပတ် ကထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရခိုင် ပြည်နယ်၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့်မင်းတုန်းဘက်မှ တစ်နေ့လျှင်အိတ် ၅၀၀-၆၀၀ ခန့်အထိ ဝင်ရောက်မှုရှိနေပေမယ့် မိုးရွာတဲ့ရက်တွေဆိုလျှင် အဝင်မရှိတာတွေ့ရပါတယ်။ ဆီဆန်ကိုမြို့တွင်းဆီစက်နှင့် ရန်ကုန်ဆီစက်များက အဝယ်ရှိပြီး လုံးဆန်(အဖြူ)ကို ရန်ကုန်ဆီစက်နှင့်လုံးဆန်(အနီ)ကို မြေပဲလှော်ဖိုနှင့်အကြော်ဖိုများက ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာဆီဆန် တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၃၅၀နှင့်လုံးဆန် (အနီ) တစ်ပိဿာလျှင် ကျပ်၂၃၀၀ ဖြင့် တစ်နေ့လျှင် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပေမယ့် မိုးရွာတဲ့နေ့ဆိ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီနှင့်စမုံနက်နှမ်း ဈေးမြင့်လာပြီး နှမ်းနက်ဈေးကျလာတာ တွေ့ရပါတယ်။ မိုးနှမ်း များ စိုက်ပျိုးနေချိန်ဖြစ်လို့ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမရှိဘဲ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်ကို ဝယ်ယူမှုမရှိဘဲ စမုံနက်နှမ်းနှင့်နှမ်းနီကို ဝယ်ယူမှုရှိတာတွေ့ရပါတယ်။ ဈေးကွက်တွင် နှမ်းနီမှာ မရှိသလောက် ရှားပါးသွားသဖြင့် ဆီစက်သမားအချို့မှာ ပေါက်ခေါင်းနှင့်ပေါင်းတည်ဘက်သို့ သွားရောက်ဝယ်ယူပြီး ဆီကြိတ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွင် နှမ်းနက်လက်ကျန် မရှိပေမယ့် ဆီ ကြိတ်လျှင် အထွက်နည်းခြင်း၊ အရသာမှာ သက်ခြင်းတို့ကြောင့် ဆီစက်သမား များက မနှစ်သက်ကြကြောင်းသိရပါတယ်။
ခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးအမြင့်မှာငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လက် များကလည်း တဖွဲဖွဲအဝယ်ရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်မပျက် ဘဲပုံမှန်အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များက အဝယ်ရှိပေမယ့် ဈေးကွက်တွင် နှမ်းနီလက်ကျန်ရှားသဖြင့် ရှိတဲ့နှမ်းနီကို ဈေးကောင်းပေးဝယ် ယူပြီး ဆီကြိတ်နေရ သဖြင့် ဈေးကွက်တွင် နှမ်းဆီဈေးမှာမြင့်တက်လာတာတွေ့ရပါတယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆီဆန်ရောလုံးဆန်ဈေးပါအနည်းငယ်စီ မြင့်လာတာတွေ့ရပါတယ်။ဝယ်လက်အဝယ်ပြန်ရှိလာလို့ လှောင်ထားတဲ့ မြေပဲဆန်များကိုထုတ်၍ရောင်းချရသဖြင့် ဈေးအနည်းငယ်မြင့်လာတာဖြစ်ပါတယ်။ ဆီဆန် ထဲမှ ရွေးဆန်ကိုဆီစက်သမားများက အကြိုက်တွေ့လို့ အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရ ပါတယ်။
စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီဇင်ဘာလအတွင်းတွင် ဝယ်လိုအားများ အနည်း ငယ်မြင့်တက်လာခြင်းကြောင့် ဈေးပြန်လည်မြင့်တက်လာနိုင် ကြောင်း စားအုန်းဆီထုတ်လုပ်သူ ကုန်သည်တ စ်ဦးက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူနာနှစ်သစ်ကူးပွဲတော်ကြောင့် စား အုန်းဆီလက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ဇန်နဝါရီ လတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာနိုင်သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကုန်သည်က စတားအွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့် စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် သုည ဒသမ ၁ ရာခိုင်န
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း ကြောင့် ဈေးပြန်လည်မြင့်တက်လာခဲ့ကာ အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းနှင့် ပို့ကုန်ပမာဏပိုမိုတင် ပို့နိုင်မည်ဟူသည့် မျှော်လင့်ချက်ကြောင့် ဈေးမြင့်တက်လာ သကဲ့သို့ ပဲပုပ်ဆီဈေး အားကောင်း လာခြင်းကလည်း စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။