Background
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ပထမပတ် ပဲမျိုးစုံဈေးကွက်မှာExport ပဲ တွေဖြစ်ကြတဲ့ ငုံနီ၊ စိမ်းကြီး၊ မတ်ပဲနဲ့ CP ပြောင်းဖူးေ စ့ ဈေးကွက်တို့ ဝယ်လက်ဆွဲအားကောင်းလို့ ဈေးမာနေကြ ပြီး၊ ဒေသသုံး ဝယ်လက်သာရှိကြတဲ့ ကုလားပဲမျိုးစုံ၊ ထောပတ်ပဲ၊ ပဲကြီး၊ စွန် တာနီတို့ ဈေးပျော့ကာ ဝယ်လက်အေး နေတယ်လို့ ဒိုင်ဈေးကွက်က သိရပါ တယ်။ ပဲတီစိမ်းကြီးအနေနဲ့ မနှစ်က ဈေး ကောင်းရလို့ တောင်သူတွေ မျှော်လင့် ချက်နဲ့ မိုးကြိုပဲအဖြစ် ရေသွင်းစိုက်ပျိုး မှုများပြား ခဲ့သလို ဒေသစုံစိမ်းကြီးတွေ ယနေ့ထိ ဒိုင်ကို ဝင်လာဆဲဖြစ်ကာ တရုတ်ဝယ်လက်ဆွဲအား ပြန်ကောင်း လာတဲ့ အတွက်ယခုတစ်ပတ်ထဲမှာ တစ် တင်း၃၄၅၀၀ကျပ်ကနေ ၃၆၅၀၀ ကျပ် ထိ ဈေးမြောက်လာခဲ့ပြီး တစ်ရက် အိတ် ၂၀၀၀ ခန့် ဝင်သမျှရောင်းရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ စတုတ္ထ ပတ်ဖြစ်တဲ့ ဇွန်လကုန်ရက် နောက် ဆုံးပတ်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံတွေ အနေ နဲ့ ပဲစင်းငုံနီ၊ ကုလားပဲ ဖြူကြီး၊ စွန်တာနီ (ကျွန်း)၊ ပြောင်းဖူးစေ့ စီပီ၊ ပဲနီပြား၊ ပဲယင်း(မြစ်ခြေ)၊ နှမ်းညို သစ်၊ ဟောင်း ဆိုတာတွေ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဖော်ပြပါသီးနှံ အမယ်များဟာ နောက်ဆုံးပတ်အတွင်း နေ့စဉ်နေ့တိုင်း အရောင်း အဝယ် ဖြစ် တာ မဟုတ်ပါဘူး၊ တစ်နေ့ကို သီးနှံ ၃-၄-၅ မျိုးလောက်သာ အရောင်း အဝယ်ဖြစ် တာ ကို တွေ့ရပါ တယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၅ ကျပ်၊ တစ် တင်း ၁၈၇၀၀ ကျပ်မှ တစ်ပိဿာ ၉၆၀ ကျပ်၊ တစ်တင်း ၁၉၂၀၀ ကျပ်ဆို တော့ တစ် တင်း အပေါ် ၅၀၀ ကျပ် လောက်ဈေးတက်လာတယ်လို့ ပြော ရမှာဖြစ်ပါတယ်။ ရန်ကုန်ဝယ်လက်များ ခပ်စိပ်စိပ်ဆွဲ လာ လို့ ဈေး အနည်းငယ် မြောက်လာတယ်လို့ သုံးသပ်ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လက်ကား ဈေး ကွက် အတော်များများမှာ ယခင်ရက် တွေက ဝယ်လိုအားများပြီး ဈေးအမြင့် နဲ့ပိတ်ခဲ့ပြီးတဲ့နောက် လတ်တလောမှာ အရောင်းအဝယ်ပါးပြီး ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဝင်ရောက်မှုရော ဝယ် ယူမှုပါ နည်းနေတယ် လို့ လည်း ဈေးကွက်က ဆိုပါတယ်။ ဝယ်လိုအားပါးနေတဲ့အတွက် ဈေးကွက်မှာတော့ သို လှောင်မှုကအလုံအလောက်ရှိနေသေး တယ်လို့လည်း ဆိုပါတယ်။ အနောက်တောင်မုတ်သုန်မိုးက
မုံရွာကုန်စည်ဒိုင် ဇွန်လတတိယ ပတ် ပဲဈေးကွက်မှာပဲသစ်ပေါ်စကတည်း က ဈေးအေးပြီး ဝယ်လက် ငြိမ်နေတဲ့ ကုလားပဲမျိုးစုံ ဟာယခုအပတ်ထဲတရုတ် ပြည်အတွက် မန်းကုန်သည်ဝယ်လိုအား မြင့်လာတာကြောင့် ဈေးအနည်းငယ်တက်ခဲ့သလို အရောင်းအဝယ်လည်း သိသိသာသာသွက်လာခဲ့တယ်လို့ ဒိုင်ရပ် ကွက်ကဆိုပါတယ်။အရင်ကဒေသတွင်း ပုံမှန်ဝယ် လက်ေ တွ ဈေးထိန်း ဝယ်နေလို့ အရောင်းအဝယ်အေးခဲ့ရာက ယခုလို ပြည်ပပို့ကုန်ပဲအဖြစ် တစ်ဖန်ပြန် စန်းထ လာ တာနဲ့ ဈေးလည်း အနည်းငယ်ကျ ခဲ့ရာ ယခုပတ်မှာ ထိုင်ဝမ်တစ်တင်း ၁၄၀၀၀ ကျပ်၊ V2 တစ်တင်း ၁၄၄၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၄၁၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး အရောင်းအဝယ် အားဖြင့်တစ်ရက်အိတ် ၄၀၀၀ မှ ၅၀၀၀ ထိ တိုးတက်လာခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။
မလေးရှားစားအုန်းဆီဈေးက မေ ၁ ရက်နေ့က ရက်သတ္တတစ်ပတ်ကျော် နီးပါးအတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိ ခဲ့ပါတယ်။ ပို့ကုန်ဝယ်လိုအားအနည်းငယ်မြင့်တက်မှုက
တချို့ရင်းနှီးမြှုပ်နှံသူတို့က ဈေးနှုန်းမြင့်တက်မှု အရှိန်သေသွားပြီလို့ ယူဆကြတာနဲ့ အဓိက စားအုန်းဆီ စိုက်ပျိူးနယ်မြေတွေက မိုးလေဝသ ခန့်မှန်းချက် အခြေအနေက ရာသီဥတုခြောက်သွေ့မှုကြောင့် ယခုနှစ်အထွက် ကျဆင်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေတဲ့အတွက် စားအုန်းဆီဈေးက ၁၇ လအတွင်း အမြင့်ဆုံးရှိရာမှ ပြန်လည် ကျဆင်းခဲ့ပါတယ်။ ဘာဆာ မလေးရှားစာချုပ်စာတမ်း ရောင်းဝယ်ရေးဒိုင်မှာ မေလအတွက် ဖြန့်ချိမဲ့ ကြိုရောင်းဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန်ကို ၂၈၀၈ ရင်းဂစ်(ဒေါ်လာ ၈၆၀ ) နှုန်းရှိခဲ့ပြိး၊ ကွာလာလမ်ပူ မနက်ဈေးမှာ တစ်တန်ကို ၂၈၂၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် ဝယ်လိုအားမြင့်တက်မှုနဲ့ အင်ဒိုနီးရှား နဲ့ မလေးရှားမှာ ပူပြင်းခြောက်သွေ့မှုက ယခုနှစ်နောက်ပိုင်း ရောင်းလိုအား ကျဆင်းမှုကို ဖြစ်စေလိမ့်မယ်ဆိုတာ ခန့်မှန်းချက်တွေကြောင့် ယခုနှစ် ဇူလိုင်က သုံးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့တဲ့ စားအုန်းဆီဈေးက ကြိုရောင်းဈေးကွက်မှာ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ခြောက်သွေ့တဲ့ အခြေအနေတွေက မတ်လလယ် သို့မဟုတ် အကုန်လောက်မှာ စိုစွတ်လာလိမ့်မယ်လို့ မလေးရှား မိုးလေဝသ ဌာနက မတ် ၃ ရက်က ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံဒါလီယံ ဈေးကွက်မှာ စက်တင်ဘာအတွက် စားအုန်း ဆီသန့်ဈေးက ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ၆၃၁၀ ယွမ်( ၁၀၃၂ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကို ၇၀၅၈ ယွမ်နှုန်းရှိခဲ့ပါတယ် ။ ဉာဏ်တင်
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ တတိယပတ် ဆီထွက်သီးနှံဈေးကွက် အနေနဲ့ နှမ်းမျိုးစုံဒေသတွင်း စိုက်ဧက တိုးချဲ့ပေမဲ့ အထွက်လျော့ကာ တရုတ် ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ဈေး ကွက်မှာတစ်ရက်ထက် တစ်ရက် တက် ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မြေပဲ ဆန်ဈေးကွက်မှာတော့ ဒိုင်နယ်မြေ တစ်ဝိုက် စိုက်ဧကတိုး၊ အထွက်တိုးပေမဲ့ ဝယ်လိုအား လျော့နေတာကြောင့် ဈေး အေးနေပါတယ်။ အမြင့်ဆုံးဈေးများနဲ့ နေ့စဉ်မာနေတဲ့ ဆီဈေးကွက်ရဲ့ လိုအပ် ချက်ကို ယခုအခါ မုံရွာခရိုင်နဲ့ ယင်းမာ ပင်ခရိုင်များမှာ စိုက်ပျိုးခဲ့ကြတဲ့ ဆောင်း နေကြာတွေ ပေါ်စပြုပြီမို့ နေကြာဆီ ထုတ်လုပ်ရောင်းဝယ်မှုတွေ အရှိန်ရစ ပြုနေတာ တွေ့ရပါတယ်။
မုံရွာ ကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ(လုံးဆန်)ဒိုင်အဝင်များပေမဲ့ ဝယ် လက် စုံလာလု့ိ ဈေးအနည်းငယ်တက် ကာအရောင်းအဝယ်လည်းအနည်းငယ် တက်လာတယ်လို့ ပွဲရုံရပ်ကွက်က သိရ ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲဆန်နီ တစ်ပိဿာ ၁၆၃၅ ကျပ်နဲ့ဈေးမာလာ သလို ဆီဆန်ကတော့ တစ်ပိဿာ ၁၄၇၀ ကျပ်မှာ ဈေးငြိမ်ခဲ့ပါတယ်။ ဆီ ဆန်အနေနဲ့ ဒိုင်မှာ ရောင်းလိုအားက များခဲ့ပြီး၊ ဆီစက်သမားအဝယ် ပုံမှန် သာ ရှိခဲ့လို့ တစ်ရက်ပိဿာ ၅၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါ တယ်။
ယခုတစ်ပတ် ပြည်ဆောင်းသီးနှံ ပဲ ဈေးကွက်ကို အခြားပဲများ ဝင် ရောက်မှု ပုံမှန်ရှိခဲ့သော်လည်း ပဲပုပ် သီးနှံမှာ တစ်ရက် ၁၀ အိတ်ကျော်သာ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်းဝယ်လက်သမားဖြစ်တဲ့ပဲပြား လုပ်ငန်းသမားများနဲ့သာအရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲဈေးနှုန်းမှာလည်း ယခင်နှစ်ထက် ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၈၀၀ ကျပ်နဲ့သာ အခြားပဲများနည်း တူ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေခဲ့ တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၇၈၃ တန်ကျော်ကို တရုတ်နှစ်ကူး ကာလမှာ တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် မှ နှမ်းဖြူနဲ့ နှမ်းနီ/ညို (အခွံချွတ်)တွေ တင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၇၁၃ တန်ခွဲသာ တင်ပို့နိုင်ခဲ့လို့ ယခု အပတ်နှမ်းတင်ပို့မှု တန်ချိန် ၁၀၇၀ ပိုမိုလာတာ တွေ့ရပါတယ်။