Background
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီနှင့်စမုံနက်နှမ်း ဈေးမြင့်လာပြီး နှမ်းနက်ဈေးကျလာတာ တွေ့ရပါတယ်။ မိုးနှမ်း များ စိုက်ပျိုးနေချိန်ဖြစ်လို့ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမရှိဘဲ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်ကို ဝယ်ယူမှုမရှိဘဲ စမုံနက်နှမ်းနှင့်နှမ်းနီကို ဝယ်ယူမှုရှိတာတွေ့ရပါတယ်။ ဈေးကွက်တွင် နှမ်းနီမှာ မရှိသလောက် ရှားပါးသွားသဖြင့် ဆီစက်သမားအချို့မှာ ပေါက်ခေါင်းနှင့်ပေါင်းတည်ဘက်သို့ သွားရောက်ဝယ်ယူပြီး ဆီကြိတ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွင် နှမ်းနက်လက်ကျန် မရှိပေမယ့် ဆီ ကြိတ်လျှင် အထွက်နည်းခြင်း၊ အရသာမှာ သက်ခြင်းတို့ကြောင့် ဆီစက်သမား များက မနှစ်သက်ကြကြောင်းသိရပါတယ်။
ခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးအမြင့်မှာငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လက် များကလည်း တဖွဲဖွဲအဝယ်ရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်မပျက် ဘဲပုံမှန်အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များက အဝယ်ရှိပေမယ့် ဈေးကွက်တွင် နှမ်းနီလက်ကျန်ရှားသဖြင့် ရှိတဲ့နှမ်းနီကို ဈေးကောင်းပေးဝယ် ယူပြီး ဆီကြိတ်နေရ သဖြင့် ဈေးကွက်တွင် နှမ်းဆီဈေးမှာမြင့်တက်လာတာတွေ့ရပါတယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆီဆန်ရောလုံးဆန်ဈေးပါအနည်းငယ်စီ မြင့်လာတာတွေ့ရပါတယ်။ဝယ်လက်အဝယ်ပြန်ရှိလာလို့ လှောင်ထားတဲ့ မြေပဲဆန်များကိုထုတ်၍ရောင်းချရသဖြင့် ဈေးအနည်းငယ်မြင့်လာတာဖြစ်ပါတယ်။ ဆီဆန် ထဲမှ ရွေးဆန်ကိုဆီစက်သမားများက အကြိုက်တွေ့လို့ အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရ ပါတယ်။
စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီဇင်ဘာလအတွင်းတွင် ဝယ်လိုအားများ အနည်း ငယ်မြင့်တက်လာခြင်းကြောင့် ဈေးပြန်လည်မြင့်တက်လာနိုင် ကြောင်း စားအုန်းဆီထုတ်လုပ်သူ ကုန်သည်တ စ်ဦးက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူနာနှစ်သစ်ကူးပွဲတော်ကြောင့် စား အုန်းဆီလက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ဇန်နဝါရီ လတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာနိုင်သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကုန်သည်က စတားအွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့် စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် သုည ဒသမ ၁ ရာခိုင်န
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း ကြောင့် ဈေးပြန်လည်မြင့်တက်လာခဲ့ကာ အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းနှင့် ပို့ကုန်ပမာဏပိုမိုတင် ပို့နိုင်မည်ဟူသည့် မျှော်လင့်ချက်ကြောင့် ဈေးမြင့်တက်လာ သကဲ့သို့ ပဲပုပ်ဆီဈေး အားကောင်း လာခြင်းကလည်း စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။
မလေးရှားစားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေးနှုန်းများ သည် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် စားအုန်းဆီလက် ကျန်များ ပိုမိုမြင့်တက်လာနိုင်သည်ဟူသည့် မျှော်လင့်ချက်ကြောင့် ယခုကဲ့သို့ လေး ရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းလာရခြင်းဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ စားအုန်းဆီကို အများအပြား ဝယ်ယူတင်သွင်းလျက်ရှိ သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အများပြည်သူ အလုပ်ပိတ်ရက်များ ရှိနေသဖြင့် စားအုန်းဆီတင်သွင်းမှုကို ခေတ္တရပ်ဆိုင်းထားသည်ဟု ဆိုသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လအတွက် စ
မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအုန်းဆီဈေးသည် စက် တင်ဘာလ အစောပိ
ပို့ကုန်ကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁၅ ရက်က တစ်ဟုန်ထိုး ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီနှင့်ဆက်စပ်နေသည့် အခြားသော ဟင်းရွက်ဆီဈေးနှုန်းများလည်း ကျဆင်းခဲ့ေ ကြာင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလ အတွက် စံထားဈေးနှုန်းသည် ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးပိတ်ချိန်တွင် ၂၆၃၃ ရင်းဂစ် (အမေရိကန်ဒေါ် လာ ၆၁၃ ဒသမ ၁၈)ရှိခဲ့သည်။ အလားတူ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်ပဲပုပ်ဆီ ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။
လာမည့်လများအတွင်း ထုတ်လုပ်မှု မြင့်တက်လိမ့် မည်ဟူသော မျှော်လင့်ချက်များကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁ ရက်က လေးလ မြောက်အဖြစ် ကျဆင်းသွားခဲ့သည်။ဘာဆာမေ လး ရှား ကုန်စည်ဒိုင်တွင် အောက်တိုဘာ လအတွက်စာချုပ် ချုပ်ဆိုခဲ့သည့် စားအုန်းဆီစံထားဈေးနှုန်း သည် ဈေးပိတ်ချိန်တွင် သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၂၆၅၄ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၆၁၉ ဒသမ ၅၁)ရှိခဲ့သ ည်။ သို့သော် ထို့နေ့တစ်နေ့တာအတွင်း စားအုန်းဆီဈေး သည် အနိမ့်ဆုံးဈေးအဖြစ် ၂၆၅၂ ရင်းဂစ်အထိ ကျဆင်းခဲ့ သည်။ ဈေးကွက်ရောင်းဝယ်မှု၏ နေ့တစ်နေ့ ကုန်ဆုံးချိန်တွင် ၂၅တန်ရှိ အတွဲပေါင်း ၃၈၄၂၉ တွဲ ရောင်းချခဲ့ရ သည်။










