Background
ဇူလိုင်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး သီးနှံများမှာ ပဲအဝင် သိပ်မရှိတော့ဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ် ဖြစ်နေသလို ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန်ဝယ်လက် ဝယ်ယူတဲ့ရက်မှာ လက်ကျန်ပဲများ အရောင်း အဝယ်ဖြစ်ခဲ့ ကြပါတယ်။ ပဲတီစိမ်းအသစ်များ
မလေးရှား ရင်းဂစ်တန်ဖိုး ခိုင်မာမှုက စားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့တဲ့ အတွက်မလေးရှားစားအုန်းဆီက ယခင် ကမြင့်တက် ခဲ့တဲ့ဈေးနှုန်း ကိုထိန်းမထား နိုင်ဘဲ ဇူလိုင် ၁၇ ရက်နေ့က ဈေးနှုန်း ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ ပို့ကုန် ဝယ်လို အား မြင့် မားလာတာနဲ့ ယခုလအတွင်းမှာ ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအားနည်းလာတာတွေ ကြောင့် စားအုန်း ဆီဈေးနှုန်း ကျဆင်း တာကို သက်သာမှု ရရှိစေခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယ ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြီးခဲ့တဲ့ ရက်ပတ်ကထက် မြေပဲ၊ နှမ်းနဲ့ ပဲဆီေ တွ ဈေး တက်လာတာ တွေ့ရပါတယ်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၁၄၉ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်း တို့မှ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော် ကနေ နှမ်း ရောင်စုံ ၁၃၆၃ တန်တင်ပို့နိုင်ခဲ့လို့ ယခုအပတ် နှမ်းတင်ပို့မှု ၂၁၃ တန်ခွဲ လျော့နည်းသွားခဲ့တာ တွေ့ရပါတယ်။
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) ကို အနယ်နယ်အရပ်ရပ်မှ ပဲစင်းငုံနီနဲ့ ပဲစင်းငုံရွှေများဝင်ရောက်ပြီး ရောင်းချလျက် ရှိပါတယ်။ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ဒေသများမှ အများဆုံးဝယ်ယူရောင်းချကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှ ကုန်သည် ပွဲစားများဟာ ပဲသီးနှံမျိုးစုံကို ဝယ်ယူရာမှာ မိမိတို့ ယုံကြည်စိတ်ချရသော တောပွဲစား၊ မြို့ပွဲစားများအား သီးနှံပေါ်ချိန်မှာ ငွေကြိုတင်ပေးပြီး ဝယ်ယူခြင်း၊ မိမိပွဲရုံ အရောက် ဝယ်ယူခြင်း၊ ပစ္စည်းရောက် ငွေချေစနစ်နဲ့ ကျင့်သုံးဝယ်ယူကြောင်း သိရပါ တယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ယခုဇူလိုင်လအထိ ဖြစ်ပေါ်ပြောင်းလဲတဲ့ ပဲစင်းငုံနီ နဲ့ ပဲစင်းငုံရွှေတို့ရဲ့ ဈေးနှုန်းများမှာ -
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယပတ် ဝါဝင်ကာလ အကြိုပဲဈေးကွက်မှာ ပဲအများစုအရောင်းအဝယ်အေးခဲ့တယ် လို့ သိရပါ တယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကပဲဈေးကွက်ထဲက ငုံနီ၊ စိမ်းကြီး၊ မတ်ပဲနဲ့ ထောပတ်ပဲတွေဟာ Export မျှော်လင့် ချက် နဲ့ ဈေးကွက်မှာပဲလက်ကျန် နည်းခြင်းတို့ကြောင့် မနှစ်ကနဲ့ ကာလတူထက် ပေါက်ဈေး မြင့်နေကြ တာ တွေ့ရပါတယ်။ Export မရှိ၊ ပဲ လက်ကျန်များနေတဲ့ ကုလားပဲမျိုးစုံ၊ ပဲကြီးနဲ့ စွန်တာနီပဲတွေကတော့မနှစ်က ကာလတူထက် ဈေးလျော့နေ တာ တွေ့ ရပါတယ်။
ချင်းရွှေဟော်နယ်စပ် ကုန်သွယ် ရေး စခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဇွန်လအတွင်း ပဲမျိုးစုံတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်း တင်ပို့မှု ပိုမို တိုး တက် လာခဲ့ ပါတယ်။ ပဲတီစိမ်း တင်ပို့မှု တန်ချိန်
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၁၄း၀၀ နာရီက ကယားပြည် နယ် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးနဲ့ အဖွဲ့ဟာ လွိုင်ကော်မြို့ လောဓမရပ်မှာ ရှိတဲ့ ကယားကြီးပွားတိုးတက်ရေး အများပိုင် ကုမ္ပဏီရုံးခန်းမှာ ကယား ပြည်နယ်၊ လွိုင်ကော်ကုန်စည်ဒိုင်မှ တာဝန်ရှိအလုပ်အမှုဆောင်အဖွဲ့နဲ့ သွားရောက် ကွင်း ဆင်းတွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံအနေ နဲ့ ပဲပိုမိုတင်သွင်းရမယ့်အခြေအနေ ရှိပေမဲ့ ပြည်တွင်းပဲဈေးကွက်မှာ စိုးရိမ်ဖို့ မရှိဘူးလို့ businessstandard မီဒီ ယာမှG Chandrashekhar ကပြော ကြားထားပါတယ်။ ပဲမျိုးစုံနဲ့ ဆန် (သို့ မဟုတ်) ပဲမျိုးစုံနဲ့ အိန္ဒိယ ပေါင်းမှုန့် ဖြူလို့ပဲဆိုဆို ပရိုတိန်းပြည့်ဝတဲ့ ပဲက တော့ နိုင်ငံတစ်ဝန်းအဓိကအစားအစာ အဖြစ်အစဉ်အမြဲရှိနေပါတယ်။ ကနေ ဒါ၊ အမေရိကန်၊ သြစတြေးလျနဲ့ မြန်မာ တို့လို တင်ပို့တဲ့နိုင်ငံများက အိန္ဒိယကို အဓိကဈေးကွက်အဖြစ်ထားရှိကာ စိုက် ပျိုးထုတ်လုပ်လျက်ရှိပါတယ်။
ဇူလိုင်လဆန်း ပြည်ပဲမျိုးစုံ ဈေး ကွက်မှာ ပဲအချို့ဈေးမြင့်တက်လာခဲ့ တာကို တွေ့ရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံ သီးနှံများ ရန်ကုန်ဝယ် လို အား ကောင်း နေတာကြောင့် ဈေးမြင့်တက်ခဲ့သလို ကုလားပဲနဲ့ ပဲကြီးသီးနှံကတော့ ဒေသ တွင်းသာ အရောင်း အဝယ်ဖြစ်လျက် ရှိ လို့ဈေးလည်းအေးအရောင်းအဝယ်လည်း အေးခဲ့ကာ ယခင်တစ်ပတ် ဈေးထက် ထပ်မံကျ ဆင်းသွား ခဲ့ပါ တယ်။ ပဲပုပ်သီး နှံကတော့ ဈေးငြိမ်နေခဲ့တယ်လို့ သိရပါ တယ်။