Main menu

Background

Monday, 26 Mar 2012

    ပြည်  ပဲပုပ်ဈေးကွက်မှာ ပဲပုပ် လက်ကျန်များ အရောင်းအဝယ် နေ့ စဉ် မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ ရောင်း ဝယ်မှု ရှိခဲ့ကြပါတယ်။ လက်လီသမား အနည်းငယ်သာ ရောင်းဝယ်မှုရှိခဲ့ပြီး၊ လက်ကားဝယ်လက်များမှ ဝယ်ယူမှုရှိ လာတဲ့အခါ အိတ် ၄၀၀ ကျော် ရောင်း ဝယ်နိုင်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင် အပတ်က အတိုင်း ဈေးငြိမ်လျက်ရှိခဲ့ ပါတယ်။

Monday, 26 Mar 2012

    မတ်လ ၁၄ ရက်မှ ၂၀ ရက် ကာလမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ပဲပုပ်စေ့  တန် ၆၀ ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က တင်ပို့မှုထက် ထက် ဝက်ခန့် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိ ရပါတယ်။ မြေပြင်ဈေးများ ပြောင်းလဲမှု မရှိဘဲမိမိဖက်မှာ ၅၆၆၀၁၆ ကျပ်နဲ့ တစ် ဘက်နိုင်ငံဈေး ၆၆၇ ဒေါ်လာ ပေါက် လျက်ရှိပါတယ်။     MIRT (DOBT)

Monday, 26 Mar 2012

    ရာသီဥတုမသာယာခြင်း၊ ဈေးကွက်အခြေခံအဆောက်အဦးမရှိခြင်းနဲ့ ဈေးနှုန်းအတက်အကျများခြင်းတို့ ကြောင့် ၂၀၁၁-၁၂ အိန္ဒိယနိုင်ငံရဲ့ မြေပဲ စိုက်ဧရိယာက ၁၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ဟက်တာ ၅ ဒသမ ၁၉ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်မယ်လို့ မတ်၂၀ မှာ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက ပြောကြားပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)ရာသီအတွင်းမှာ မြေပဲ ဟက်တာ ၅ ဒသမ ၈၅ သန်းရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Monday, 26 Mar 2012

    နယ်ကုန်သည်လက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းရောင်စုံကို ပြည်ပတင်ပို့မှုဆက်ရှိနေသေးတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်ကနှမ်းတန်ချိန် ၂၉၀ ခန့်သာတင်ပို့မှုရှိခဲ့ပြီးယခုတစ်ပတ်(မတ်လ၁၀-၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၉၄၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ

Monday, 26 Mar 2012

    မူဆယ် ၁၀၅ မိုင်မှကန်ဒေါ်လာ၁ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ နှမ်းနက် ၇၇၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၁၈၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၃၉ တန်ခန့်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းဖြူ (အခွံချွတ်) တင်ပို့နိုင်ခြင်းမရှိပေမဲ့ နှမ်းနက် ၂၄၆ တန်နဲ့ နှမ်းဖြူ တန် ၇၀   ယခင်အပတ်ကထက် သိသိသာသာ ပိုမို

Friday, 23 Mar 2012

 ဒေသတွင်းစားသုံးဖို့ နယ်စပ်ကုန်သွယ်ရေးမှ  စားဆီများ စိစစ်တင်သွင်းခွင့်ပြုဖို့ စီစဉ်    ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ပင်လယ်ရေ ကြောင်းမှ စားအုန်းဆီများကို အရည်အသွေးစိစစ်ပြီး ကျန်းမာရေးနဲ့ ညီ၊ မညီ စစ်ဆေးပြီးမှ တင်သွင်းခွင့်ပြု လျက်ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံများနဲ့ ဆက်စပ် လျက်ရှိတဲ့ ပြည်နယ်အချို့မှ နယ်စပ်ဒေသများမှာ အချိန် တိုပြီး သယ်ယူမှုလွယ်ကူတဲ့ နီးစပ်ရာနိုင်ငံတွေက စားသုံး ဆီများကို ကျန်းမာရေးစစ်ဆေးချက်မရှိဘဲ တင်သွင်း

Friday, 23 Mar 2012

    ယခုအပတ် ပြည်ဈေးကွက်မှာ မြေပဲဆန်ကို ဝယ်လက်များမှ အဝယ်ရပ်လို့ မြေပဲဆန်ဈေးအနည်းငယ်ကျ လာတာတွေ့ရပါတယ်။ ကံမနဲ့ ရွှေတောင်ဘက်မှ တစ်နေ့ကို မြေပဲဆန်အိတ် ၁၀၀၀ ခန့် ဝင်ရောက်လာပြီး ဝင်သလောက်အရောင်း အဝယ် ဖြစ်တာတွေ့ရပါတယ်။ မြေပဲဆီဆန် တစ်ပိဿာ ၁၆၀၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်အေးလာတာ တွေ့ရပါတယ်။                                                 ဝေေ၀မင်း

Friday, 23 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် မှကန်ဒေါ်လာ သုည ဒသမ ၀၉၀ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၁ တန်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလမှာ တစ် ဖက် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁၃၈ တန် ဝန်း ကျင်တင်ပို့ခဲ့တာမို့ ပဲပုပ်တင်ပို့မှုဟာ ပုံ မှန် အနေအထား ရှိနေပါတယ်။ ယခင် အပတ်ကထက် ပဲပုပ်ဈေး မိမိဘက်မှာ တစ်တန်ကို ကျပ် ၆၀၀၀ ပိုမိုခဲ့သော် လည်း တစ်ဖက်နိုင်ငံ ရွှေလီဈေး ပြောင်း လဲမှု မရှိဘူးလို့ သိရပါ တယ်။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ ၅၆၆၀၁၆ ကျပ် ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးက ၆၆၇ ဒေါ် လာဈေး ဖြစ်ပါတယ်။ MIRT (DOBT)

Monday, 12 Mar 2012

    ပြည်ဈေးကွက်မှာ ယခုအချိန် နှမ်းအဝင်မရှိလို့ လှောင်နှမ်းများကိုထုတ်ကာ ရောင်းဝယ်နေလို့ နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ နှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိခြင်း၊ နှမ်း နက်ကို တရုတ်ပြည်ဝယ်လက်များမှ အဝယ်ရှိခြင်းကြောင့် နှမ်းဈေးမြင့်လာတာ တွေ့ရပါတယ်။

Monday, 12 Mar 2012

    ပဲခူးတိုင်းဒေသကြီး ပြည်ဈေး ကွက် အတွင်း ပဲပုပ်လက်ကျန်များ အနည်းငယ်ရှိခဲ့သော်လည်း နေ့စဉ် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ သိရပါ တယ်။ မြို့တွင်း လက်လီသမားများသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်များကတော့ တစ်ခါ တရံမှ  အိတ် ၂၀၀-၃၀၀ ခန့်အဝယ်ရှိ တယ်လို့ သိရပါတယ်။

Pages