Main menu

Background

Sunday, 2 Oct 2011

ပြည်ပဝယ်လိုအားတိုးလာခြင်း၊ ပဲပုပ်ဆီဈေးပြန်တက်လာခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ကျဆင်းမှု နှေးကွေးလာဖွယ်ရှိ                       ယခုလအစပိုင်းမှာ ပြည်ပတင်ပို့မှု သိသိသာသာကျဆင်းခဲ့ရာမှ ယခုတင်ပို့မှု ပြန်တိုးတက်ဖွယ်ရှိလာပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ပြန်တက်လာခြင်းတို့ကြောင့် စက်တင်ဘာ ၂၉ ရက် မလေးရှား ဘာစာကုန်စည်ဒိုင် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းမှုနည်းလာတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေးဟာ အစော ပိုင်းကရင်းဂစ် ၂၈၅၀ (ကန်ဒေါ်လာ ၈၉၂)ထိအောင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ခဲ့လို့ ၂၀၁၀ အောက်တိုဘာလ ၈ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် စက်တင်ဘာလ ၂၉ ရက် ဈေးအပိတ်မှာတော့ သုည ဒသမ ၄ ရာခိုင်နှုန်းသာ လျော့ကျပြီး ရင်းဂစ် ၂၈၉၈ (ကန်ဒေါ်လာ ၉၀၇)ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။                        ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုညဒသမ ၂ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၁ ဒသမ ၈၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၃) ဈေးဖြစ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကွက်က ယခုအခါ အကျတန့်ပါပြီလို့ စင်ကာပူ အခြေစိုက် Commodity Links Pte  မှ ဒါရိုက်တာ Vijay Mehtha  ကဆိုပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ မရေရာတဲ့ ဥရောပ ဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုများ ကြီးမားနေတာကြောင့် ယခုတစ်ပတ် အတွင်း စားအုန်းဆီဈေးကွက်က တစ်တန် ရင်းဂစ် ၃၀၀၀(ကန်ဒေါ်လာ ၉၃၉)ထိ မြင့်တက်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ယခုနှစ်စပိုင်းကစပြီး စားအုန်းဆီ ဈေးဟာ ၂၅ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။                        ဒါပေမယ့် ပြည်ပဝယ်လိုအား ပြန်လည်ကောင်းလာခြင်းနဲ့ စားအုန်းဆီသန့်စင် သူများမှအဝယ်ပြန်တက်လာနိုင်ခြင်းဟာ ဈေးနှုန်းပြန်တက်လာနိုင် တဲ့အနေ အထားရှိပါတယ်လို့ ကွာလာလမ်ပူမှ ဆီအုန်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ စက်တင်ဘာလ စားအုန်းဆီတင်ပို့မှုဟာ ပထမ ၁၀ ရက်အတွင်း သိသိသာသာ ကျဆင်းတာကြောင့် ယခင်လထက် ၅ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၅၃သန်းသာ တင်ပို့ရတယ်လို့ ကုန်စည်စစ်ဆေးတဲ့ အေဂျင်စီ များက ပြောကြားပါတယ်။                              ပြည်ပတင်ပို့မှု တိုးတက်လာရင် ပြည်တွင်းစားအုန်းဆီသိုလှောင်မှု မြင့်တက်ခြင်း လျော့ကျနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ရိတ်သိမ်းမှုအရှိန်မြှင့်တင်လာတာနဲ့အမျှ ထုတ် လုပ်မှုလည်းသိသိသာသာတိုးတက်ဖွယ် ရှိနေတယ်လို့သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၂၅ လျှော့ချပြီး ကန်ဒေါ်လာ ၉၉၀ နဲ့ကမ်းလှမ်းခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက တစ်တန်ရင်းဂစ် ၂၉၆၀ (ကန်ဒေါ်လာ ၉၂၇)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Tuesday, 27 Sep 2011

ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ (၂၃ - ၉ -၂၀၁၁)နေ့အကြောင်းအရာ                   တွက်ချက်နှုန်း                              တစ်ပိသာကုန်ကျစရိတ် (ကျပ်)CIF ဈေး                          (1100 x 838)/ 612                                ၁၅၀၆ .၂၁FDA  ထောက်ခံစာ                58 .20/ 612                                          ၀ .၁၀သွင်းကုန်လိုင်စင်ကြေး                50/ 612                                           ၀ .၀၈L/C  စရိတ်                (CIF 1100 x 0.25% x Earning 838/)/612         ၃ .၇၇ Bill  စရိတ်                 (CIF 1100 x 0.50% x Earning 838/)/612         ၇ .၅၃စားအုန်းဆီအလျော့               0.5% x 1765                                       ၈ .၈၃ဆီကန်သိုလှောင်ထိန်းသိမ်းခ          5/ -1%                                          ၄ .၉၅အကောက်ခွန်             (CIF 1100 x ကောင်တာဈေး 450 x 5%) 612    ၄၀ .၄၄ဆိပ်ကမ်းခွန်                      (50000/ 1000) 612                                 ၀ .၀၈MITS စစ်ဆေးခ (FDAအပါအဝင်)                                                        ၀ .၆၀အမြတ်ခွန်                         (CIF 1100 x 35/-) 612                             ၆၂ .၉၁ဆိပ်ကမ်းကပ်ခ                   (3x Earning 838) 612                             ၄ .၁၁                                 ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး             ၁၆၃၉ .၆၀မှတ်ချက်။      ၁။အထက်ပါတွက်ချက်မှုမှာ  (၂၃-၉-၂၀၁၁)နေ့ (CIF ဈေး ၁၁၀၀ ဒေါ်လာနှင့်  Earning ဒေါ်လာဈေး  ၈၃၈)                          ကျပ်ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။                  ၂။ (၂၃-၉-၂၀၁၁)နေ့ ဝယ်ယူပြီးနောက် (၁၀) ရက်ခန့်အကြာ ရန်ကုန်     ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။                  ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့်         ဈေးကွက်အရောက် သယ်ယူစရိတ်၊  လုပ်သားခ၊ လက်လီဆိုင်များ ၏ အမြတ်များ        မပါဝင်သေးပါ။

Tuesday, 27 Sep 2011

ပြည်ပဲပုပ် လက်လီအရောင်းအဝယ်ဖြစ်                      ပြည်ပဲပုပ်ဈေးနှုန်းမှာ အေးလျက် ရှိပါတယ်။ ပိဿာ ၂၀ တစ်တင်း ၁၇၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်မှာ အသင့်အတင့်ရှိနေပြီး ပဲပုပ်ဈေးမှာ ဈေးငြိမ်နေပါတယ်။ လက်ကျန်ရှိသေးပေမယ့် လက်လီဝယ်ယူသူများနဲ့သာ တစ်နေ့ကို ၁၅ အိတ်နီးပါး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲခူး တိုင်းဒေသကြီး (ပြည်)အနေဖြင့် မိုးပဲပုပ် ဧက ၁၇၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 27 Sep 2011

အရောင်းသွက်တဲ့ မန်းနှမ်း               မန်းဈေးကွက်အတွင်း မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြိုဒေသများမှ ထွက်ရှိတဲ့ နှမ်းဖြူများ ဝင်ရောက်နေသလို ပျဉ်းမနား၊ တောင်တွင်းကြီး၊ အောင်လံ၊ ပြည်၊ ကြို့ပင်ကောက်ဒေသများမှ နှမ်းနက်များ ဝင်ရောက်နေ ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက်ဆည်၊ မလှိုင်၊ နွားထိုးကြီး၊ မြင်းခြံဒေသများမှ နှမ်းညိုများလည်း ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်း နှမ်းအဝင်လှိုင်ပေမယ့် တရုတ်ဆွဲအားကောင်းနေတာ ကြောင့် ဈေးအေးမသွားဘဲ အရောင်းသွက်ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဖြူထိပ်စတစ်ပိဿာ ၁၇၃၃ ကျပ်၊ နှမ်းနက်(ရိုးရိုး) ၁၇၅၆ ကျပ်၊ နှမ်းနက်(စမုံ) ၂၂၈၉ ကျပ်၊ နှမ်းညို ၁၄၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြ ပါတယ်။ နှမ်းဖြူ၊ နှမ်းနက်ကို တရုတ်ဝယ်လက်မှ ဝယ်ယူနေပြီး၊ နှမ်းညိုကတော့ ပြည်တွင်းဆီလုပ်ငန်းရှင်များမှ အများဆုံး ဝယ်ယူနေပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းအဝင်လှိုင်သလောက် တရုတ်ဆွဲအားကောင်းနေတာကြောင့် နှမ်းဈေးကွက်ဟာ ဆက်ပြီးတော့ ရောင်းဝယ်အား ကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။                ကျော်ကျော်မိုး

Tuesday, 27 Sep 2011

နှမ်းရောင်စုံ တင်ပို့မှု အားကောင်း                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၅ ဒသမ ၇၁၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၄၄၀၃ တန်ကျော် ယခုအပတ်မှာ အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၄ တန် ပိုမိုခဲ့တာတွေ့ရပါတယ်၊၊ နှမ်းအမျိုးအစားအလိုက် တင်ပို့မှုတွေကတော့ ကန်ဒေါ်လာ ၂ ဒသမ ၅၅၆ သန်း တန်ဖိုးရှိနှမ်းဖြူ ၂၁၃၀ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၈၇၂ သန်း တန်ဖိုးရှိနှမ်းနက် ၂၀၅၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၉၁ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၂၂ တန် အသီးသီးဖြစ်ပါတယ်။ မြေပြင်နှမ်းဈေးများကိုကြည့်တဲ့အခါ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းနက်ဈေး ယခင် အပတ်အတိုင်း ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်မှာ နှမ်းဖြူဈေး မြင့်တက်နေပြီး တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်                                            မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု                ယခင်       ပြောင်းလဲမှု    %            ယခု         ယခင်   ပြောင်းလဲမှု    %နှမ်းနက်          ၁၀၂၉၇၈၉        ၁၀၂၉၇၈၉            -          -           ၁၄၁၀      ၁၄၁၀          -            -နှမ်းဖြူ             ၈၆၃၀၀၀         ၈၅၃၀၀၀        ၁၀၀၀၀     ၁၂         ၁၂၀၆        ၁၂၀၆         -            -MIRT (DOBT)

Tuesday, 27 Sep 2011

နှမ်းတန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှု အားကောင်းနေ                ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာ၁၁ ရက်မှ ၁၇ ရက်)အတွင်း တန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှုအားကောင်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့တဲ့ ပမာဏများတာကတော့ ဂျပန်ကိုဖြစ်ပါတယ်။                   ပြည်တွင်းမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှု တိုးတက်ခြင်းနဲ့အတူ ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်  တန်ဖိုး တိုးမြင့်လာတဲ့အတွက် ပြည်ပပို့ကုန်သမားများ တင်ပို့မှုသွက်လာတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းတန်ချိန် ၃၃၀၀၀ ကျော်တင်ပို့ပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၅၀၀၀ ကျော်ထက် ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက် ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးနဲ့ ယခင်တစ်ပတ် ဈေးထက်အနည်းငယ် တိုးလာတာ တွေ့ရပါတယ်။ MIRT- MAPT

Monday, 26 Sep 2011

မသေချာတဲ့ ဝယ်လိုအား အလားအလာအရ စားအုန်းဆီကြမ်းဈေးကျဆင်း                              လာမယ့်လများအတွင်း မသေချာတဲ့ ဝယ်လိုအားကြောင့် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ ကုန်သည်များက စက်တင်ဘာလ ၈ ရက်နေ့မှာပြောကြားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်း ဆီကြမ်းဈေးက ယခင်ရက်ထက် ၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ကို ရင်းဂစ် ၃၀၂၃ (ကန်ဒေါ်လာ ၁၀၀၈)ဈေးဖြစ်ခဲ့ပါတယ်။                          အဓိက ဝယ်လက်ထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များနေ တာကြောင့် ဝယ်ယူမှုနဲ့ သင်္ဘောတင်ပို့မှု နှေးကွေးဖွယ်ရှိလို့ စက်တင်ဘာလ ပထမ ၁၀ ရက်အတွက် ပြည်ပတင်ပို့မှု နည်းလိမ့်မယ်လို့ ကွာလာလမ်ပူရှိကုန်သည်တစ်ဦး က ပြောကြားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အောက်တိုဘာလ ၁ ရက်မှာ အကျုံးဝင်မယ့် စားအုန်းဆီကြမ်းနဲ့ စားအုန်းဆီထုတ်ကုန်များအပေါ် ပြည်ပတင်ပို့ခွန် စနစ်အသစ်ချမှတ်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များ ရောင်းချမှုကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။                      အင်ဒိုနီးရှားက စားအုန်းဆီအနိမ့်ဆုံး ပြည်ပတင်ပို့ခွန်ကို ၂၅ ရာခိုင်နှုန်း မှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များအတွက် ၂၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကိုလည်းကောင်း လျှော့ချမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားက ပိုမိုတင်ပို့နိုင်လိမ့်မယ်လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီ ရာသီအရ ထုတ်လုပ်မှု မြင့်တက်တဲ့အချိန် ဒုတိယနှစ်ဝက်အတွင်း ဝယ်လိုအားကျဆင်းမှုက သိုလှောင်မှုပမာဏကို မြင့်တက်စေပြီး၊ စားအုန်းဆီဈေး ကိုလည်း ထပ်မံကျဆင်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ် စပိုင်းကနေလက်ရှိ အချိန်ထိ စားအုန်းဆီဈေး ၂၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီလိုဆိုပါတယ်။                          သြဂုတ်လအတွင်း အလုပ်သမားနားရက်တွေကြောင့် စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၆၈ သန်း - ၁ ဒသမ ၇၃ သန်းခန့်ရှိလို့ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၅ သန်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်ပါတယ်။ ယခုလအတွင်း ရိတ်သိမ်း ခူးဆွတ်မှု အရှိန်ပြန်ရလာပြီလို့ စားအုန်းဆီ ထုတ်လုပ်သူများက ဆိုပါတယ်။ လက်ငင်းဈေးကွက်မှ မလေးရှား FOB ဈေးဟာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၁၃၀၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဈေးက ကန်ဒေါ်လာ ၁၀၉၀ ရှိတယ်လို့ သိရပါတယ်။ ချက်ချင်း တင်ပို့မယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၀ လျော့ကျပြီး၊ ရင်းဂစ် ၃၁၂၀ (ကန်ဒေါ်လာ ၁၀၄၀)ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Friday, 23 Sep 2011

ယခုအပတ် နယ်စပ်မှ ပဲပုပ်စေ့ အပို့လျော့                       မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ် လာ ၀ ဒသမ ၀၆၈ သန်းတန်ဖိုးရှိပဲပုပ်စေ့ ၉၉ တန် ကျော်တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် ၁၅၈ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက် မြေပြင်ဈေးအနည်းငယ်ကျနေတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                     မိမိဘက် (ကျပ်/တန်)         ယခု          ယခင်        ပြောင်းလဲမှု          %     ၄၄၃၆၀၀     ၄၅၈၁၀၀          ၁၄၅၀၀           ၃                         တစ်ဘက်နိုင်ငံ (ကျပ်/ တန်)      ၆၇၄              ၆၇၃              ၁                 ၀ .၁                                                                   MIRT(MAPT)

Friday, 23 Sep 2011

ဈေးကွက် လမ်းကြောင်းပွင့်လို့ ဆောင်းနှမ်းစိုက်သူများလာနိုင်                       မုံရွာနယ်မှာ စိုက်ပျိုးခဲ့ကြတဲ့ မိုးနှမ်းတချို့ အထွက်လျော့လို့ တောင်သူတွေ တွက်ခြေမကိုက်ခဲ့ကြပေမယ့် နှမ်းကို ပြည်ပ တိုက်ရိုက် တင်ပို့ခွင့်ပြုပြီးတဲ့နောက် တဖြည်းဖြည်းတက်လာမယ့် နှမ်းဈေးကို မျှော်လင့်ရင်း တချို့ကျေးရွာတွေမှာ ဆောင်းနှမ်း ကြဲနေကြပြီလို့ သိရပါတယ်။ မုံရွေးအုပ်စု နွားထိမ်းကျေးရွာက ယာတောင်သူ ဦးသန်းဝင်းကတော့ ယခုရက်ပတ်အတွင်း မှာ ဆောင်းနှမ်း(နှမ်းဖြူ) ၅ ဧက ကြဲပြီးခဲ့တယ်လို့ ဆိုပါတယ်။ မျိုးဈေးက နှမ်းဖြူ တစ်ပြည်ကို ၁၆၀၀ ကျပ်ပေးရပြီး၊ တစ်ဧကကို ခပ်ထူထူ ၃ ပြည်ကြဲခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှမ်းဈေးတွေကို လေ့လာ ကြည့်ရင် နှမ်းညိုတစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၇၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ် တဖြည်းဖြည်း တက်ဈေးရလာတာတွေ့ရပြီး၊ ယခု ၁၅ ရက်အထိ မန္တလေးကို တင်း ၃၀၀၀ ခန့် စီးထွက်သွား တာတွေ့ရပါတယ်။ ယာတောင်သူတွေအနေနဲ့ ဆက်သွယ်ရေးစနစ်တွေ တိုးတက်ကောင်းမွန်လာတဲ့ ယနေ့ခေတ် မှာ ဈေးကွက် သတင်းအချက်အလက်တွေ ရယူပိုင်ဆိုင်လာကြပြီး၊ အခုလို နိုင်ငံတော်က နှမ်းနဲ့မြေပဲ ကို ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်း ချနိုင်ပြီဖြစ်တဲ့အတွက် ပွင့်လင်းလာမယ့် ဈေးကွက်မျှော်လင့်ချက်နဲ့ ဆောင်းနှမ်းမျိုးစုံကို အားတက်သရော စိုက်ပျိုးလာကြ မှာ မြင်ယောင်မိပါကြောင်း......။                                   ထွန်းလှိုင်။

Friday, 23 Sep 2011

နှမ်းရောင်စုံတန် ၄၀၀၀ ကျော် မူဆယ်မှ အပို့ရှိ                  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၅ ဒသမ ၃၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၄၁၁၉ တန်ကျော်ကို စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ အာဆီယံကုန်တင်ယာဉ် တန်ချိန် သတ်မှတ်မှုအရ တန်ပိုတင်ဆောင်ခြင်းကို ကြပ်မတ်နေသဖြင့် သယ်ယူစရိတ်များတက်နေ တာကြောင့် ကုန်တက်များ လျော့ကျနေတယ်လို့သိရပါတယ်။ မိမိဘက်မှာ နှမ်းဖြူရော နှမ်းနက်ပါမြေပြင်ဈေးများ ယခင်အပတ် ကထက် လျော့ကျနေပြီး တစ်ဘက်နိုင်ငံမှာတော့ နှမ်းဖြူဈေးတက်နေပြီး နှမ်းနက်ဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ရ ပါတယ်                           မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု                ယခင်    ပြောင်းလဲမှု  %      ယခု        ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ      ၈၅၃၀၀၀        ၈၆၃၀၀၀      ၁၀၀၀၀     ၁     ၁၂၀၆      ၁၁၇၅        ၃၁         ၃နှမ်းနက်    ၁၀၂၉၇၈၉      ၁၀၄၄၇၈၉    ၁၅၀၀၀     ၁     ၁၄၁၀      ၁၄၁၀          -          -MIRT (DOBT)

Pages