Main menu

Background

Wednesday, 24 Aug 2011

အဝယ်သွက်၍ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း               မိုးနှမ်းများထွက်ပေါ်နေပြီ ဖြစ်သဖြင့် ပြည်ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမှာ တစ်နေ့ထက်တစ်နေ့ များလာ တာတွေ့ရပါ တယ်။ အများဆုံးဝင်ရောက်လာတဲ့ မြို့နယ်များကတော့ ကံမ၊အောင်လံနဲ့ ပေါက်ခေါင်းမြို့တို့မှ ဖြစ်ပြီး၊ တစ်နေ့လျှင် အိတ် ၂ဝဝဝ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ အောင်လံဘက်မှ ဝင်ရောက် လာသော စမုံနက်နှမ်းကိုလည်း ရန်ကုန်ဝယ်လက် များမှ ပြည်ပတင်ပို့ရန် အဝယ် ရှိသဖြင့် ပြည်ဈေးကွက်တွင်တစ်နေ့လျှင် အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီကိုလည်း ဆီစက်သမားများက အဝယ်ရှိနေ သဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်လာတာ တွေ့ရပါတယ်။ နှမ်းနက် (ရိုးရိုး)ကိုတော့ အဝယ်သိပ်မရှိသဖြင့် ဈေးကျလာတာ တွေ့ရပါတယ်။ ဆီကြိတ် နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၅၅ဝဝဝ ကျပ်၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၅၅ဝဝဝ ကျပ်နဲ့ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ် ၈ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Wednesday, 24 Aug 2011

နယ်စပ်မှ နှမ်းရောင်စုံတင်ပို့မှု ပိုမို                   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၅ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁ဝ၆၂ တန်၊ နှမ်းနက် ၄၂၈ တန်ကျော်နဲ့ နှမ်းဖြူအခွံချွတ် ၂ဝ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ထွက် နှမ်းဖြူများနဲ့ မကွေးတိုင်းဒေသကြီးထွက်နှမ်းနက်များကို တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ ၂၇၄ တန်၊ နှမ်းနက် ၁၂၆ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး နှမ်းဖြူအခွံချွတ် တင်ပို့မှု ၆ တန် လျော့နည်းခဲ့ပါတယ်။ ဒါ့ကြောင့် နှမ်းရောင်စုံ တင်ပို့မှု ယခုအပတ်မှာ ၃၉၄ တန်ကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ မိမိဘက်နှမ်းဖြူဈေး ပြောင်းလဲမှုမရှိသော်လည်း တစ် ဘက်နိုင်ငံ ဈေးလျော့နည်း လျက်ရှိပါတယ်။ နှမ်းနက်ဈေးမှာ မိမိဘက်မှာရောတစ်ဘက်နိုင်ငံဈေးများပါ ကျဆင်းလျက်ရှိတာ တွေ့ရပါတယ်                                မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု            ယခင်     ပြောင်းလဲမှု  %       ယခု       ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ       ၈၃၅ဝ၈၂     ၈၃၅ဝ၈၂         -          -      ၁၁၇၆     ၁၂၈၉        ၁၁၃         ၁ဝနှမ်းနက်     ၉၅ဝ၂၁၄      ၉၈ဝ၂၁၄    ၂၉၉၉ဝ     ၃      ၁၄၄၂     ၁၄၅၉        ၁၇            ၁MIRT (DOBT)

Tuesday, 23 Aug 2011

နှမ်းရောင်စုံတင်ပို့မှု ပိုမို               သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံနဲ့ နှမ်းဖြူအခွံချွတ် တန် ၁၃ဝဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၆၂၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၇၈၈ တန်၊ နှမ်းနက် ၃ဝ၂ တန်ကျော်နဲ့ နှမ်းဖြူအခွံချွတ် ၂၁၁ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူရော နှမ်းနက်ပါ တင်ပို့မှုပိုမိုခဲ့ပြီး နှမ်းဖြူ အခွံချွတ် တင်ပို့မှုမှာ ၁ တန်ခန့်သာ ပိုမိုခဲ့တာဖြစ်ပါတယ်။ မိမိဘက် နှမ်းဈေးမှာ ပြောင်းလဲမှုမရှိသော်လည်း တစ်ဘက်နိုင်ငံ နှမ်းဖြူဈေးအနည်းငယ်ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                             မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု          ယခင်     ပြောင်းလဲမှု   %     ယခု        ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ       ၈၃၅၁၈၂    ၈၃၅၁၈၂          -          -     ၁၂၇၂      ၁၂၈၉       ၁၇           ၁နှမ်းနက်   ၉၈ဝ၂၁၄      ၉၈ဝ၂၁၄          -          -     ၁၄၅၈     ၁၄၅၉        ၁           ဝ .ဝ၇MIRT (DOBT)

Tuesday, 23 Aug 2011

ဈေးငြိမ်နေတဲ့ ပြည်မိုးနှမ်း              ပြည်ဈေးကွက်သို့ အောင်လံနဲ့ မြန်အောင်ဘက်မှ မိုးနှမ်းအသစ်များကို တစ်နေ့ အိတ် ၂ဝဝ ခန့် ဝင်ရောက်သဖြင့် ယခင်အပတ်ထက် အဝင်နည်းနေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးများအဆက်မပြတ် ရွာနေသဖြင့် အရောင်း အဝယ်မှာ အနည်းငယ်အေးနေတာတွေ့ရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ မြို့ခံဆီစက် များသာ အဝယ်ရှိနေသဖြင့် ဈေးမှာငြိမ်နေတာတွေ့ ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄ဝဝဝ ကျပ်နှင့် နှမ်းနက် ၄၅ ပိဿာ၊ တစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းဆီတစ်ပိဿာလျှင် ၂၇ဝဝ ကျပ်ဈေး ဖြင့် တစ်နေ့လျှင် ၃ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း

Tuesday, 23 Aug 2011

မန်းသို့ စီးဆင်းမှုနည်းသေးတဲ့ မုံရွာနှမ်း                      မုံရွာ ကုန်စည်ဒိုင်သို့ နှမ်းရောင်စုံ အဝင်လှိုင်လို့နေပါတယ်။ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းညိုများနေ့စဉ် အနည်းဆုံး အိတ်ရေ ၂ဝဝ မှ အများဆုံး အိတ်ရေ ၄ဝဝ အထိ ဝင်ရောက်မှုရှိတယ် လို့ သိရပါတယ်။ ကနီ၊ ဘုတလင်နယ်ဘက် က အဝင်များပြီး သာစည်၊ အရာတော်ဘက်တွေက အဝင်နဲသေးတယ်လို့ လည်း ကုန်သည်တစ်ဦးက ပြောပါတယ်။ လက်ရှိ ဆီနှမ်း တစ်တင်း အနိမ့်ဆုံး ၁၅၇ဝဝကျပ်မှ အမြင့်ဆုံး ၁၆၂ဝဝ ကျပ် ထိ နှမ်းအရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ နှမ်းဖြူတစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ နှမ်းညိုတစ်တင်း ၁၆၅ဝဝ ကျပ် ၁၆၈ဝဝ ကျပ်ရှိပြီး၊ ဒီနှမ်း တွေက တရုတ်ဆွဲရင် ဈေးကွက်ဖြစ်တဲ့သဘောရှိပါတယ်။ မနှစ်က ဒီအချိန်ဆိုရင် နှမ်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ၁၉ဝဝဝ ကျပ်လောက်ရှိခဲ့ပြီး အခုတရုတ်လိုင်းသမားတွေ ငြိမ်နေလို့ တောင်သူ၊ ကုန်သည်များ အမြင့်ဈေးမျှော်ပြီး မန်းသို့ အစီး နည်း နေသေးကြောင်း လက်ရှိဆီစက်သမားနဲ့ မြို့ပါ် လှောင်လက်တွေသာ အသိမ်းရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း

Tuesday, 23 Aug 2011

လက်ကျန်နည်းလာပြီဖြစ်တဲ့ ပြည်ပဲပုပ်                       ပြည်ဈေးကွက် ပဲပုပ်မှာ လက်လီဈေး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ- ၁၈ဝဝဝ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်ပြီး၊ ယခုရက်ပိုင်းမှာတော့ လက်လီ ဝယ်ယူသူများပုံမှန်အဝယ်ရှိတာကြောင့် တစ်နေ့ကို ၁၅ အိတ်- အိတ် ၂ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက္ကားဈေးမှာတော့ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဈေးရှိပြီး အရောင်း အဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်များ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီလို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Tuesday, 23 Aug 2011

ဝယ်လိုအားမြင့်တက်မည့် အခြေအနေကြောင့် စားအုန်းဆီဈေး ဆက်တိုက်မြင့်တက်                       ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအား နည်းလာချိန်မှာ အစားအစာနဲ့ ဇီဝ လောင်စာဆီအဖြစ် အသုံးပြုတဲ့ စားအုန်းဆီဝယ်လိုအားက မြင့်တက်လာတဲ့အတွက် စားအုန်းဆီဈေးနှုန်းက သုံးရက်ဆက်တိုက်မြင့်တက်လာပါ တယ်။ အောက်တိုဘာလ အတွက် စားအုန်းဆီကြိုပွိုင့်ဈေးက မလေးရှားကုန်စည်ဒိုင်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန်ကို ၃ ဒသမ ဝ၂၅ ရင်းဂစ် (၁ဝဝ၈ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ကွာလာလမ်ပူဈေးပိတ်ချိန်မှာ တစ်တန် ကို ၃ဝ၁၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ယခင်က ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းရာမှ အများဆုံး မြင့်တက်လာခဲ့တဲ့နှုန်းဖြစ်ပါတယ်။                              ကမ္ဘာမှာ စားအုန်းဆီအများဆုံး တင်သွင်းတဲ့ အိန္ဒိယနိုင်ငံက စံချိန်တင်တဲ့ နှုန်းထားဖြစ်တဲ့ ၁ဝ ရာခိုင်နှုန်းတိုး မြှင့်ပြီး အောက်တိုဘာ ၃၁ မှာ ကုန်ဆုံးမဲ့ ယခုဘဏ္ဍာနှစ် တန် ၇ သန်း အထိ တင်သွင်းမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဝင်ငွေတိုးတက်လာပြီး စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အဝယ်လိုက်လာလို့ ယခုလိုမြင့်တက်လာတာဖြစ်တယ်လို့ ဘလွမ်းဘတ် သတင်းဌာနက သုံးသပ်ပါတယ်။ တကယ်လို့ ပြည်တွင်းသီးနံှထုတ်လုပ်ရာမှာ တစ်စုံတစ်ရာ ပြဿနာပေါ်ခဲ့ရင် ဒီထက်ပိုပြီး တင်သွင်းဖို့လိုလိမ့်မယ်။ ဈေးနှုန်းတွေလည်း ပိုမြင့်တက် လာလိမ့်မယ်လို့ OSK Investment Bank မှ ဒုတိယဥက္ကဌ ဒွန်နီဦးက ပြောပါတယ်။ အိန္ဒိယမှာ ဝါဂွမ်းဈေးနှုန်းတွေ စံချိန်တင်မြင့်လာတဲ့အတွက် ယခုနှစ်မှာ တောင်သူတွေက ဝါဂွမ်းကို ပြောင်းလဲ စိုက်ပျိုးလာပါတယ်။ ဒါကြောင့် မြေပဲ စိုက်မြေဧရိယာဟာ ယခင်နှစ်က စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၄ ဒသမ ၉၈ သန်း အောက် ၁ဝ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။                          မြေပဲက ပဲပုပ်ထက်ပိုပြီး ဆီ အထွက်များတဲ့အတွက် အခုလိုစိုက် ဧရိယာကျရင် အိန္ဒိယက စားအုန်းဆီ ပိုမိုတင်သွင်းရမဲ့ လက္ခဏာရှိတယ်လို့ အိန္ဒိယဆီထုတ်လုပ်သူ များအသင်း Solvent Exteractors Association of India  အမှုဆောင် ဒါရိုက်တာ ဘီဗွီမဲထက ပြောပါတယ်။                         ထွန်းသစ်စဈေးကွက်တွေမှာ ဝယ်လိုအားမြင့်လာတာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ စားအုန်းဆီကို လူကြိုက်များလာတာအပြင် ဟင်းသီးဟင်းရွက်ဆီရဲ့ ရောင်းလိုအား ကလည်း ကျလာတဲ့အတွက် စားအုန်းဆီဈေးကွက်အခြေ အနေတွေ ကောင်းမွန်နေ တယ်လို့ ကမ္ဘာပေါ်မှာ စားအုန်းဆီအများဆုံး စိုက်ပျိူးတဲ့  Golden Agri-Resources Ltd  က ပြောပါတယ်။ UNT, Source: bloomberg.com

Sunday, 7 Aug 2011

ပြည်ပဲပုပ်လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ်                 ပြည်ပဲပုပ်မှာ ယခုတစ်ပတ်တွင် လက်လီဈေး၊ လက်ကားဈေး ဈေးနှစ် မျိုးဖြင့် ဈေးဖွင့်ထားရာ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၈ဝဝဝ ကျပ်ဈေးရှိပြီး လက်လီဝယ်ယူသူများ ရှိတဲ့အတွက် တစ်နေ့ကို ၁၄ အိတ်- ၁၅ အိတ်ခန့် အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ လက်ကားဈေးမှာ တော့ တစ်တင်းကို ၁၆၅ဝဝ ကျပ်ရှိပြီး အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ပဲပုပ်မှာ တိုင်းအတွင်း ရှိ လက်လီဝယ်ယူသူများဖြင့်သာ ဆက် လက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 7 Aug 2011

နှမ်းဆီနဲ့ စားဆီဈေးအေးပေမဲ့ မုံရွာမြေပဲဆီဈေးမာ                 မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှနဲ့စားသုံးဆီဈေးကွက် အနေနဲ့ သြဂုတ်လဆန်းမှာ နှမ်းဆီနဲ့စားဆီဈေးအေးပေမဲ့ မြေပဲ ဈေးကတော့ ဆက်လက်မာနေတယ်လို့သိရပါတယ်။ မုံရွာ ဈေးကွက်ထဲကို မိုးဦးနှမ်းတွေအဝင်လှိုင်လာပြီး မန်းနဲ့ နယ်ခံစက်သမားတွေ အဆွဲလေးလို့ဈေးအေးရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ နှမ်းညိုဟာ ပြီးခဲ့တဲ့လက တစ်တင်း ၁၈၅ဝဝ ကျပ်ထိပေါက်ခဲ့ရာက ယခုတစ်ပတ်မှာ ၁၇ဝဝဝကျပ်သို့လည်း ကောင်း၊ နှမ်းဖြူမှာ ၁၉၅ဝဝ ကျပ်မှ ၁၇၅ဝဝ ကျပ်သို့ လည်းကောင်း အသီးသီးဈေးအေးသွားခဲ့ပြီး နှမ်းဆီဈေး အနေနဲ့လည်း ပြီးခဲ့တဲ့လက တစ်ပိဿာ ၂၆ဝဝ ကျပ်ထိပေါက် ခဲ့ရာက ၂၁၅ဝ ကျပ်မှာ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းတဲ့မြေပဲကတော့ အမြင့်ဈေးမှာတန့်နေရာ မြေပဲ လုံးဆံတစ်တင်း ၂၉၅ဝဝ ကျပ်၊ မြေပဲဆံနီ တစ်ပိဿာ ၁၉၇၅ ကျပ်မှ ၂ဝဝဝ ကျပ်၊ မြေပဲဆံအဖြူတစ်ပိဿာ ၁၇၅ဝ ကျပ် အသီးသီးဈေးမာခဲ့ပြီး၊ မြေပဲဆီလည်း တစ်ပိဿာ ၃၅၅ဝ ကျပ်မှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ စားအုန်းဆီဈေးက တော့ တစ်ပိဿာ ၁၉၂ဝ ကျပ်မှ ၁၉၄ဝ ကျပ်အတွင်း ဈေး အေးလျက်ရှိတယ်လို့ ဆီထွက်သီးနံှဈေးကွက်ကသိရပါ တယ်။ စီးထွက်မှုအားဖြင့် ယခု တစ်ပတ်အတွင်း မန္တလေးကို မြေပဲ တင်း ၂၂ဝဝ ကျော်နဲ့ နှမ်းတင်း ၁ဝဝဝ ခန့်ရှိတယ်လို့ သိရပါ တယ်။            ထွန်းလှိုင်

Pages