Main menu

Background

Friday, 28 Sep 2012

ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်သီတင်းပထမပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်း ကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ က ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မောင်းတိန်း ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်တန်ချိန် စုစုပေါင်းက ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် လေးသောင်းကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                               MIRT (DOT)

Sunday, 9 Sep 2012

ပုသိမ်မြို့ရဲ့ စီးပွားရေးကဏ္ဍမှာအရေးပါတဲ့ ပို့ဆောင်ရေးလုပ်ငန်းမှာ အဓိကထွက်ကုန် ဆန်၊ ဆန်ထွက်ပစ္စည်းများနဲ့ အမယ်စုံကုန်စည်များ ရန်ကုန်သို့တင်ပို့မှုဟာ ယခင်ဆန်တစ်အိတ် တန်ဆာခ ၅၀၀ ကျပ်၊ ၆၀၀ ကျပ်ရရှိပြီး၊ ကုန်တင်ကားများ မှာလည်း ဆန်အိတ်ရေ ၃၅၀-၄၀၀ ထိတင်ဆောင်ကာ အသွားတစ်ကြောင်းကို ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းအထက်ရရှိကာ တွက်ခြေကိုက်လျက်ရှိခဲ့ပါတယ်။

Sunday, 9 Sep 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ချေးငွေဌာနသည် မော်တော်ယာဉ်ဝယ်ယူသူများအား  အငှားဝယ်ယူ ရောင်းချသောစနစ်ဖြင့် မော်တော်ယာဉ်ဝယ်ယူလိုသူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခင်က ငွေကြေးအာမခံရှိမှသာ မော်တော်ယာဉ်များအား ဝယ်ယူနိုင်သော်လည်း ယခုအခါ တွင် ငွေကြေးအာမခံမလိုဘဲ မည်သူ မဆို ဝယ်ယူနိုင်ကြပြီဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံအာမခံထားရှိပေးရမည်ဖြစ်ကြောင်း သိရသည်။

Sunday, 9 Sep 2012

စက်တင်ဘာလဆန်းပိုင်း  ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်အေးနေပြီး ယာဉ်အို/ဟောင်း အပ်နှံယာဉ်များနှင့် လေလံယာဉ် များသာ အဝယ်ရှိနေကြောင်းသိရသည်။

Sunday, 9 Sep 2012

မန္တလေးမြို့တွင်း ခရီးသည်များ သယ် ယူပို့ဆောင်ရေးအတွက် အောက်တို ဘာလမှစပြီး တရုတ်နိုင်ငံထုတ် အဆင့် မြင့်သုံးဘီး Taxi ယာဉ်များနဲ့ ပြေးဆွဲ မှာဖြစ်ကြောင်း သိရပါတယ်။

Sunday, 9 Sep 2012

ဘိလပ်မြေတန်ချိန် ခြောက်သောင်းနီးပါးဝင်
ပြည်တွင်းကို သြဂုတ်လနောက်ဆုံးပတ်အတွင်း ဘိလပ်မြေတန်ချိန် ၅၉၇၀၀ ဒသမ ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင် လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ  စင်ကာ ပူမှ ဘိလပ်မြေ ၄၇၈၄ ဒသမ ၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၄၉၁၅ ဒသမ ၃၅ တန်ဖြစ်ပါတယ်။ သြဂုတ်လအတွင်း တစ်ပတ်ကို ပျမ်းမျှဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသောင်းလေးေ ထာင်ကျော် ရှိတယ်လို့ သိရပါတယ်။

Wednesday, 5 Sep 2012

မန္တလေးကားဈေးကွက်ရဲ့ အပ်ကား ဈေးကွက်မှာအရောင်းအဝယ်ရှိတဲ့ ရက် ပိုင်းအတွင်း ဈေးနှုန်း အပြောင်းအလဲ မြန်နေကြောင်း သိရပါတယ်။

Wednesday, 5 Sep 2012

မိုးတွင်းကာလ သီးနှံလက်ကျန်နည်းပါးလာခြင်း၊ ဝါတွင်းကာလဖြစ်လို့ အရောင်းအဝယ်နည်းပါးခြင်းနဲ့ ကုန်တင်ကားများ တန်ချိန် သတ်မှတ်ထား ခြင်းတို့ကြောင့် မန်း-ရန်ကုန်သွားကားများ ကုန်ပါးပြီး တွက်ခြေကိုက်မှု နည်း ကြောင်း သိရပါတယ်။ မန်းမှ ရန်ကုန်ကို အဆင်း ၆ ဘီးကားနဲ့ ၁၀ ဘီးကား များ ရပ်နားထားရပြီး၊ ၂၂ ဘီးကားများသာ တွက်ခြေကိုက်မှု အနည်းငယ် ရှိလို့ ပြေးဆွဲနေကြကြောင်း သိရပါတယ်။ ၁၂ ဘီးကားတစ်စီး မန်း-ရန်ကုန် အသွားအပြန် ကားခကျန်ငွေ ကျပ် ၂၅၀၀၀၀ ရှိပြီး အသုံးပြုတာယာတစ်လုံး တန်ဖိုး ၁၇၀၀၀၀ ကျပ်ရှိတယ်လို့လည်း သိရပါတယ်။

Wednesday, 5 Sep 2012

မန္တလေးမြေဈေးကွက်မှာ တစ်နိုင်ငံ လုံး အတိုင်းအတာအနေနဲ့ အရောင်း အဝယ်ကောင်းခဲ့သော်လည်း လတ်တ လောမှာ ကြိုက်ရောင်းကြိုက်ဝယ်နဲ့သာ ရောင်းဝယ်လျက်ရှိခြင်းကြောင့် ဈေး ကွက်အေးနေကြောင်း သိရပါတယ်။

Monday, 3 Sep 2012

စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ TPI တံဆိပ်အပါအဝင် တန် တစ်သိန်းကျော်ဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၀၃၁၈၄ ဒသမ ၇၆ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ကိုးဆယ့်ခြောက်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆင်တံဆိပ်ဘိလပ်မြေက တန်ချိန် ၂၁၂၅၄ ဒသမ ၆၆ တန်၊   TPI ဘိလပ်မြေက တန် ၅၇၀၀၊ စိန်တံဆိပ်ဘိလပ်မြေက တန် ၃၀၀၀ နဲ့ အခြားတံဆိပ် မျိုးစုံက ၇၃၂၃၀ ဒသမ ၁၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဘက်မှ ဘိလပ်မြေများ တင်သွင်းလာတာ တွေ့ရပါတယ်။                                         MIRT (DOT)

Pages