Main menu

Background

Monday, 27 Aug 2012

ဖျာပုံခရိုင် ပြည်တွင်းအခွန်ရုံးမှာ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဇူလိုင် ၁၆ ရက်မှစပြီး လိုင်စင်သစ်များ ထုတ်ပေးလျက်ရှိကြောင်းသိရပါတယ်။

Monday, 27 Aug 2012

လာမည့်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာပြည်တောင်ဘက်စွန်းရှိ သူဋ္ဌေးကျွန်းဟိုတယ်မှ Package Tour အစီအစဉ်သစ် သုံးခုကို စီစဉ်ပေးမည်ဖြစ်ကြောင်း သူဋ္ဌေးကျွန်းဟိုတယ်မှ ဈေးကွက်မန်နေဂျာMs. Krona Visutrasai   က ပြောကြားခဲ့သည်။

Monday, 27 Aug 2012

မြန်မာနိုင်ငံတွင် အင်တာနက်စနစ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်သည်နှင့်အမျှ အွန်လိုင်းပေါ်မှ တစ်ဆင့်ဈေးဝယ်နိုင်မည့် ရတနာပုံ Online Payment Gateway ဝန်ဆောင်မှုလုပ်ငန်း၏ Y-Store  လုပ်ငန်းများကို မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

Monday, 27 Aug 2012

တရုတ်နဲ့ ထိုင်းမှ ဘိလပ်မြေများဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၁၀၂၆ ဒသမ ၉၀ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကိုးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ဘိလပ်မြေများက တရုတ်နိုင်ငံမှ ဘိလပ်မြေ ၂၇ တန်နဲ့ ထိုင်းနိုင်ငံ ဘိလပ် မြေ ၁၀၉၉၉ ဒသမ ၉၀ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင် သွင်းမှုက တန်ချိန် သုံးသောင်းရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် နှစ်သောင်းနီးပါးလျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ် တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတတိယရဲ့ ဘိလပ်မြေတင်သွင်းမှုက တန်ချိန်လေးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လတတိယပတ်မှာတော့ ဘိလပ်မြေအဝင်နည်းခဲ့ တယ်လို့ ဆိုရပါမယ်။                                       MIRT (DOT)

Sunday, 29 Jul 2012

      မန္တလေးမြို့ စက်သုံးဆီဈေးကွက်မှာ  ဆီရောနှောရောင်းချမှုများ ကြောင့် မော်တော်ယာဉ်အချို့ အခက်အခဲများနဲ့ တွေ့ကြုံ ရခြင်းကြောင့် စစ်ဆေးသင့်ကြောင်း မော်တော်ယာဉ်မောင်းအချို့က ပြောပါတယ်။

Sunday, 29 Jul 2012

      ကားဈေးကွက်အတွင်း ကားများ မှာ ပြန်ရောင်းလိုသူများပြီး အကျဘက် သာဦးတည်နေသော်လည်း အဝယ်မရှိ သလောက်ကျဲပါးကာ ကားမဝယ်ယူဘဲ အခြေအနေစောင့်ကြည့်သူ   များလာ ကြောင်း အပေါ်ဝိုင်းသတင်းအရ သိရ သည်။ ပုံမှန်တင်သွင်းလာသော ကား များထဲတွင် အင်ဂျင်ပါဝါသေး ကားများ နှင့် ကျပ်သိန်း ၃၀၀ ဝန်းကျင် တန် ကြေးရှိကားများထဲတွင် ဆပ်(ဖ်)၊ ပါဂျဲ ရိုး၊ ပါရာဒိုအချို့သာ အရောင်းအဝယ် ရှိ အမေးရှိကာ ကျန်ကားများမှာ ဈေး ကွက်ထောက်ခြင်း၊  ကားပြခန်းနှင့်  ဝိုင်း ထဲတွင်လိုက်ကြည့်သည့် သဘောသာရှိ ကြောင်း သိရသည်။

Sunday, 29 Jul 2012

       ပြည်တွင်းတွင်  ရောင်းချလျက်ရှိ သည့်ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် များတွင် စက်သုံးဆီဈေးနှုန်းများ သည် ဖြစ်သင့်သည့်ေ ဈးနှုန်းထက် ပိုမိုရောင်း ချနေခြင်းအား မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Sunday, 29 Jul 2012

ထိုင်းနိုင်ငံမှ ဘိလပ်မြေဝင်ခဲ့ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် သုံး သောင်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်လေး သိန်း ကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာ ဝင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်က တန်ချိန် ခြောက်ထောင်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ် သောင်းကျော်  အဝင်ပိုခဲ့ပါတယ်။  ကာလတူဖြစ်တဲ့ ၂၀၁၁ ဇူလိုင်လ တတိယပတ် အတွင်း တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန်က ရှစ်ထောင့်လေးရာကျော်သာရှိခဲ့တာ ကြောင့် ဒီတစ်ပတ်ဘိလပ်မြေ ပိုမိုတင်သွင်းခဲ့တယ်လို့ဆိုရပါမယ်။      MIRT(DOT) 

Wednesday, 25 Jul 2012

    ဇူလိုင် ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ရော်ဘာ MSR-50 ၁၆ ဒသမ ၃ တန်သာ ဖိလစ်ပိုင်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့အချိန်ဖြစ်တာကြောင့် တင်ပို့မှု အနည်းငယ်သာရှိတာဖြစ်ပါတယ်။ နယ်စပ်မှ တန် ၄၀၀ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၁၉၂ တန်ကျော်အပို့ပိုခဲ့ပါတယ်။FOB ရန်ကုန်ဈေးကတော့  RSS-3  တစ်တန်ကို ဒေါ်လာ ၂၈၀၀-၂၉၀၀၊  RSS-5 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀၊ MSR-20 တစ်တန်ကို ဒေါ်လာ ၂၈၀၀-၂၉၀၀၊ MSR-50 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀ ပေါက်လျက်ရှိ ပါတယ်။                                                                                          MIRT (DOBT)     

Sunday, 22 Jul 2012

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်လျော့ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဘိလပ်မြေ တန်ချိန် ၆၂၃၆ ဒသမ ၁၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းခြောက်သောင်း ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ ၃၃၆ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ ၅၇ ဒသမ ၅၆ တန်၊ မလေးရှား နိုင်ငံမှ ဘိလပ်မြေ ၈၉ ဒသမ ၆၀ တန်နဲ့ တရုတ်နိုင်ငံမှ ၅၄ တန်ကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းမှုက တန်ချိန်သုံးသောင်းကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းကျော်လျော့ နည်းခဲ့ပါတယ်။                                        MIRT(DOT)

Pages