Main menu

Background

Monday, 2 Jul 2012

    ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား Bus  ကားနှင့် Truck ကားများ ပြည်ပမှလွတ်လပ်စွာ တင်သွင်းခွင့်ပြုလျက် ရှိပြီး ပုံမှန်သွင်းကုန်လိုင်စင်ဖြင့် ၂၀၀၇ ခုနှစ်အထက် (ဘယ်မောင်း) Bus  ကားများတင်သွင်းရန် သွင်းကုန်လိုင်စင် ထုတ်ပေးမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၈ ခုမှ စီးရေ ၄၇၅ စီး၊ တန်ဖိုး ၂၃ ဒသမ ၈၂ ဒေါ်လာသန်းဖိုး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လ ၂၈ ရက်နေ့ထိ) တွင် ကုမ္ပဏီ ခုနစ်ခုမှ  စီးရေ ၅၁ စီး၊ တန်ဖိုး ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါသည်။

Monday, 2 Jul 2012

     အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊  ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ အဆိုပါရန်ကုန် တိုင်းဒေသကြီးရုံးခွဲ တွင် ရုံးခွဲတာဝန်ခံ အဖြစ် ဒေါ်စန်းနွဲ့ (ဒုတိယညွှန်ကြား ရေးမှူး)က တာဝန်ခံ၍ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Sunday, 1 Jul 2012

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကို ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ဆင် တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၁၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၆၃၄၇၊ စုစု ပေါင်းတန်ချိန် ၆၅၆၇ ဒသမ ၈၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း ခုနစ် သောင်းကျော်ဖိုးကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် ကိုးသောင်းကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တော်တော်လေးအဝင်နည်းခဲ့တာတွေ့ ရပါတယ်။    MIRT(DOT)

Sunday, 24 Jun 2012

    မန္တလေးမြို့ပြဖွံ့ဖြိုးမှု Supporting  ဇုန်ကိုဆီးဂိမ်းပွဲတော်အမီ တည်ဆောက် ရန် မန္တလေးမြို့တော် စည်ပင် သာယာ ရေးကော်မတီမှ   တာဝန်ရှိသူများနဲ့ မန္တလေးမြို့မှ လိုင်စင်ရဗိသုကာလုပ် ငန်းရှင်များတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    စစ်ကိုင်းတိုင်း   ဒေသကြီးရဲ့ အနောက်ခြမ်းကထွက်သမျှ ပဲမျိုးစုံဟာ မုံရွာကုန်စည်ဒိုင်ကို ဗဟိုပြုပြီး ပြည် တွင်းကုန်သည်တွေရှိရာ မြို့ကြီးများကို ထပ်ဆင့်စီးဆင်းခြင်းအားဖြင့် မုံရွာမြို့ ရဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍဟာ တစ်စတစ်စ   ကြီးမားကျယ်ပြန့်လာ လျက် ရှိပါတယ်။ အထူးသဖြင့် ပဲမျိုးစုံတွေကို ရန်ကုန် တင်ဖို့ မုံရွာကနေ ရန်ကုန်ထိ ကုန်စည် သယ်ရာလမ်းကြောင်း သုံးခုရှိပါတယ်။

Sunday, 24 Jun 2012

       ရန်ကုန်မြို့  ကားဈေးကွက်အတွင်း အပေါ်ကား   အရောင်းအဝယ်အေး နေသော်လည်း အင်ဂျင်ပါဝါသေးသည့် ကားလေးများ အရောင်းအဝယ်အသင့် အတင့်ရှိနေကြောင်း သိရသည်။ မေလ လဆန်းပိုင်းကထုတ်ပြန်ခဲ့သည့် ယာဉ် တင်သွင်းမှု စနစ်သစ်အရ ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက်ကားများ တင်သွင်း ခွင့်ပြုခြင်းအား အများပြည်သူ နှစ်ခြိုက် ကြသဖြင့် တစ်လမပြည့်မီ  ကာလ အတွင်း ပြည်ပမှ လူစီးယာဉ်ငယ်တင် သွင်းထားမှုမှာ ၁၁၅၄ စီးရှိကြောင်း သိ ရသည်။

Sunday, 24 Jun 2012

    ယခုလဆန်းပိုင်းမှာ ကားဟောင်းပါမစ်ဈေးနှုန်း ကျပ်သိန်း ၇၀ ထိ ဈေးမြင့်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးပြန်ငြိမ် နေပါတယ်။ အပ်ကားများ ကုန်သလောက်ရှိပြီး၊ လက်ကျန်နည်းနေခြင်းနဲ့ ၂၀၀၇ မော်ဒယ်အထက်ကားများ တင်သွင်းမှုဆိုင်းငံ့နေခြင်းကြောင့် ကား ပါမစ်ဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

ရေကြောင်းလမ်းမှ ဘိလပ်မြေတံဆိပ်မျိုးစုံဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၃ ရက်မှ ၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၄၉၄၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သိန်းနှစ်ဆယ် ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံဘက်မှ ဘိလပ် မြေများသာ တင်သွင်းခဲ့ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၄၈၈၄ ဒသမ ၈၅ တန်၊ ကျောက်ဆူးတံဆိပ် ဘိလပ်မြေ ၅၇၀ဝ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၅၇၀ဝ တန်နဲ့ အခြားတံဆိပ်မျိုးစုံ တန်ချိန် ၈၅၅၆ တင်သွင်းခဲ့ပါတယ်။ ယခင်သီ တင်းပတ်မှာ ထိုင်းနိုင်ငံမှသာမက တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ဘက်မှပါ တင်သွင်းခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ထိုင်းတစ်နိုင်ငံမှပဲတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်လေး သောင်းကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် တစ်သောင်းကျော် အဝင်လျော့ခဲ့ပါတယ်။                                                          MIRT(DOT)

Sunday, 24 Jun 2012

       ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တရားမဝင် တင်သွင်းထားတဲ့ မော်တော်ဆိုင်ကယ် များအပေါ် စည်းကြပ်တန်ဖိုးများ သတ် မှတ်ကောက်ခံပြီး လိုင်စင်အသစ်ပြုလုပ် ပေးခြင်းကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကားကြီးဝင်းအနီး စည်ပင်ကွင်း သို့ ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်မှ စတင် ပြီး စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ဇွန် ၇ ရက်အထိ မော်တော် ဆိုင်ကယ်စီးရေ ၅၀၉ စီး မှတ်ပုံတင်ပြီး စီးကြောင်းသိရှိရပါတယ်။

Sunday, 24 Jun 2012

    မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ရက်သတ္တပတ်မှာ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်နဲ့ ရော်ဘာသယ်ယူခများ တစ်ပိသာကို ၁၀ ကျပ်စီမြင့်တက်ခဲ့ပြီး သွင်း ကုန်သယ်ယူခမှာ တစ်ပိသာကို ၅ ကျပ်စီ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဖရဲသီး ၁ တန်သယ်ယူစရိတ်မှာတော့ ၁၀၅၀၀၀ ကျပ်ဖြစ်ပြီး ပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ်။ သယ်ယူပို့ဆောင်ခများကိုဖော်ပြပေးလိုက်ရပါတယ်-

Pages