Main menu

Background

Wednesday, 12 Dec 2012

နိုဝင်ဘာလနောက်ဆုံးသီတင်းပတ်မှာ ဘိလပ်မြေတန်ချိန် ၃၇၀၀၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာသုံးသိန်း တစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်ဘိလပ်မြေ တစ်မျိုးသာဝင်ခဲ့တာတွေ့ ရပါတယ်။ လချုပ်အနေနဲ့ကြည့် မယ်ဆိုရင် အောက်တို ဘာလရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းခုနစ်သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာ လရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်သာရှိခဲ့တာကြောင့် နိုဝင်ဘာလ မှာ ဘိလပ်မြေအဝင်တန် ချိန်ခုနစ်သောင်းကျော် အဝင်လျော့နည်းခဲ့ပါတယ်။            MIRT (DOT)

Wednesday, 5 Dec 2012

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားများမှာ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါ က ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်နှင့် ရော်ဘာသယ်ယူခနှုန်းထားများအနေနဲ့ တစ်ပိဿာလျှင် သယ်ယူခနှုန်း ၁၅ ကျပ်ခန့်မြင့်တက်ခဲ့ ကြောင်း သိရှိရပါတယ်။ သွင်းကုန်ပစ္စည်းသယ်ယူခအနေဖြင့် တစ်ပိဿာလျှင် ငါးကျပ်ခန့် လျော့ ကျခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း အပတ်စဉ်ကုန်စည် သယ်ယူခဈေးနှုန်းများ ကိုဖော်ပြပေးလိုက်ရပါတယ် -

Wednesday, 5 Dec 2012

ကုန်တင်ယာဉ်များ ကုန်တင်ဆောင် ရာမှာ ခွင့်ပြုတန်ချိန်ကို ကာလလိုက် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရ ပါတယ်။ ကုန်တင်ဆောင်ခွင့် တန်ချိန် ပြောင်းလဲလိုက်တဲ့ ကာလများမှာ မေ လ ၁၆ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ မိုးတွင်းကာလနဲ့ အောက်တိုဘာ လ ၁ ရက်မှ မေလ ၁၅ ရက်အထိ နွေ ကာလသတ်မှတ်ပြီး ယာဉ်အမျိုးအစား အလိုက် ပြောင်းလဲသတ်မှတ်လိုက်ပါ တယ်။ ခွင့်ပြုထားတဲ့ တန်ချိန်ထက် ပိုမို တင်ဆောင်လာပါက သတ်မှတ်ကျသင့် ငွေအပြင် ပိုမိုတင်ဆောင်လာတဲ့ တန် များအတွက် ၁ တန်ကို တစ်မိုင်အခြေခံ စံနှုန်းရဲ့ ၁၀ ဆဖြစ်တဲ့ ၄၀၀ ကျပ်နှုန်းနဲ့ တွက်ပြီး၊ ဒဏ်ကြေးအဖြစ် ထပ်ပေါင်း ကောက်ခံမှာဖြစ်ကြောင်း၊  ၎င်းဒဏ် ကြေးအတွက် ခွဲခြားဖြတ်တောက်မရ တဲ့ စက်ပစ္စည်းများအတွက် သယ် ဆောင်နိုင်ဖို့ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရ ပါတယ်။

Wednesday, 5 Dec 2012

မန္တလေးတိုင်း  ဒေသကြီးအတွင်း မြို့နယ်များအလိုက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြုပြင်မှုလုပ်ငန်းများ'အား အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိပြီး၊ ပစ္စည်းဝင်ရောက်မှုနဲ့ သုံးစွဲမှုမျှတမှုတို့ ကြောင့် ဈေးနှုန်းတည်ငြိမ်လျက် ရှိပါ တယ်။

Wednesday, 5 Dec 2012

ပဲခူးတိုင်းဒေသကြီးတွင် တစ်ခုတည်းသာရှိသည့် ပဲခူးတက္ကသိုလ် ကြီးကို တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါများနှင့် ကိုက်ညီစေရေး၊ လိုက်လျော ညီထွေရှိစေရေးအတွက် ပဲခူးဒီဂရီကောလိပ်ခေတ်ကာလက ရန်ပုံငွေခွဲဝေရ ရှိမှုအပေါ်မူတည်ပြီး စုဝေးခန်းမတည်ဆောက်မှုကို ရပ်နားထားခဲ့ရာမှ ယခု အခါ ယင်းခန်းမဆောင်ကြီး၏ မပြီးပြတ်သေးသော တည်ဆောက်ရေးလုပ် ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။

Monday, 3 Dec 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၇၄၀၆၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေအမျိုးအစားများမှာ စိန်တံဆိပ် တန် ချိန် ၁၀၆၀၀ ၊ ဆင်တံဆိပ် တန်ချိန် ၃၀၁၂၃  နဲ့ အခြားတံဆိပ်မျိုးစုံက တန်ချိန် ၄၃၉၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်က တန်ချိန် သုံးထောင်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။                                        MIRT (DOT)

Friday, 30 Nov 2012

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားအဝင်များကာ ဈေးတန်းအေးမြဲအေး နေကြောင်း သိရသည်။ မြို့တွင်းရှိ ကားအမျိုးစုံရာဝိုင်းဖြစ်သည့် ဟံသာဝတီဝိုင်းတွင် ဖရီးပါမစ်သွင်း ကားအချို့နှင့် စလစ်အချို့သာ အရောင်းအဝယ်ရှိကြောင်း မြို့တွင်း မြို့နယ်စုံတွင်ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများမှာလည်း အရောင်းအေးနေ ကြောင်း သိရသည်။

Friday, 30 Nov 2012

ယခုရာသီချိန်ခါမှာ မူဆယ်-မန္တလေးကုန်စည်ပို့ဆောင်ရေး များပြားရပေမဲ့ လည်း ကုန်အတက် အဆင်းနည်းတဲ့အတွက် ကုန်အနည်းငယ်သာ သယ်ဆောင် နေကြကြောင်း သိရပါတယ်။

Monday, 26 Nov 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာကာလအတွင်း ဘိလပ်မြေအဝင်နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များမှာ  ရေလမ်းကုန်သွယ်မှုမှ ဘိလပ်မြေအဝင်က တစ်ပတ်ကို ပျမ်းမျှတန်ချိန် နှစ်သောင်း မှ သုံးသောင်းကျော်အ တွင်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှသာ တန်ချိန် သုံးထောင်ကျော် ဝင်ခဲ့တာကြောင့် ယခင်သီတင်းပတ်များနဲ့ ယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ တန်ဖိုးက ကန်ဒေါ်လာ နှစ်သိန်းရှစ်သောင်း ကျော်ဖိုးဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
ဘိလပ်မြေ တန် ၄၀၀၀ ကျော် နယ်စပ်မှအသွင်းရှိနိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၃၀ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၀၂၅ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက်တင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၄၉၂ တန်ကျော်၊ တာချီလိတ်မှ ၂၅၉၄ တန်၊ မြိတ်မှ တန် ၇၅၀ နဲ့ ကော့သောင်းမှ ၁၈၉ တန် အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
ဈေးကွက်အတွင်း ပုံမှန်လေးပဲရှိနေဆဲ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ပွင့်လင်းရာသီ ရောက် လာလို့ အရောင်းအဝယ်ရှိနေပေမဲ့ ဘိလပ်မြေဈေးက အတက်အကျ မရှိသေးဘဲ ယခင်တစ်ပတ်ဈေးနဲ့ ရောင်းနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအဝင် အထွက် ပုံမှန်ရှိနေတာကြောင့် ဈေးကလည်းငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ဘိလပ်မြေ  ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၄၆၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ် မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့  အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်တက်လာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲမှာအေသုံးလုံးဘိလပ်မြေကတက်ရိပ်အနည်းငယ်ရှိနေတယ် လို့ သိရပါ တယ်။ မြန်မာဆင်က တစ်ရာဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ကျပ်နဲ့မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ  ဘိလပ်မြေက  အရောင်းပုံမှန်ရှိတယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပွင့်လင်းရာသီ ရောက်လာပေမဲ့ မိုးကလည်း သိပ်မပြတ်သေးတာကြောင့် အရောင်းအဝယ်က ထင်သလောက် တက် မလာသေးဘူးလို့ပြောပါတယ်။ ပုံမှန်ရောင်းနေရပေမဲ့ဈေးက သိပ်အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) တစ်အိတ်ကို ၄၈၀၀ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို  ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဈေးကတော့ အပြောင်းအလဲမရှိဘူးလို ့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးကဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ၄၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ တော့ ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။MIRT (DOT)

Monday, 19 Nov 2012

ဆေးဈေးနှုန်းများမှာ တန်ဖိုးအလိုက် ကြီးမြင့်လာကြောင်း သိရပါတယ်။ ဆေးတစ်ဘူးကို သိန်းဂဏန်းတန်ဖိုး ရှိဆေးမှာ တစ်သောင်းကျော်မြင့်တက်လာပြီး၊ သောင်းဂဏန်းရှိဆေးမှာ တစ်သောင်းနီးပါး၊ ထောင်ဂဏန်းတန်ဖိုးရှိ ဆေးမှာ ရာဂဏန်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ အများဆုံးအသုံးပြုရတဲ့ နှလုံးဆေး၊ ကင်ဆာဆေးနဲ့ အသည်းဆေး များမှာ သောင်းဂဏန်းနီးပါး ဈေးမြင့်လာကြောင်း သိရပါတယ်။

Pages