Background
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပျူမြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမှာဖြစ်ကြောင်း သိရပါတယ်။ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်များဦးစီးဌာန(ပုဂံရုံး) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက "ပျူမြို့ဟောင်း ၃ ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေပါတယ်။ စက်တင်ဘာလ သို့မဟုတ် နိုဝင်ဘာမှာ အမည်စာရင်းတင်သွင်း မှာဖြစ်ပါတယ်။
ယခုတစ်ပတ်အတောအတွင်း ရန် ကုန်မြို့ ကားဈေးကွက်တွင်သာမက မန္တလေးမြို့ ကားဈေးကွက်တွင်လည်း ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်းများ ထပ်မံမြင့်တက်လာကာ ယခင်ကထက် ကျပ် ၁၀ သိန်း ၁၂ သိန်းခန့် ဈေးမြင့် လာကြောင်း သိရသည်။
ပုဂံဒေသမှာ တိုးတက်ဝင်ရောက် လာမယ့် ဧည့်အရေအတွက်နဲ့ အခန်း အရေအတွက် လုံလောက်စေဖို့ ပုဂံဟို တယ်ဇုန်ဖော်ထုတ်ဖို့ စီစဉ်လျက်ရှိ ကြောင်း သိရပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကြေ ညာချက်အရ ပုဂံဒေသကို ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်မှာ ပြည် တွင်းဧည့်သည် ၂၅၆၄၆၈ ဦး၊ ပြည်ပ ဧည့်သည် ၁၀၂၅၈၇ ဦး၊ ၂၀၁၂ ခုနှစ်၊ ဇွန်လကုန်ထိ (နှစ်ဝက်ကာလ)မှာ ပြည် တွင်းဧည့်သည် ၁၉၄၉၁၅ ဦး၊ ပြည်ပ ဧည့်သည် ၇၇၅၀၀ ဦး ဝင်ရောက်ခဲ့ရာ ဧည့်သည်ဝင်ရောက်မှု တိုးတက်မှုအနေ နဲ့ ပြည်တွင်းဧည့်သည် ၅၂ ရာခိုင်နှုန်းနဲ့ ပြည်ပဧည့်သည် ၅၁ ရာခိုင်နှုန်း တိုး တက်လျက်ရှိကြောင်း၊ နှစ်အလိုက် ပျမ်း မျှ ၅၀ ရာခိုင်နှုန်း တိုးတက်လာပါက ၂၀၁၅ ခုနှစ်အထိ ခရီးသည်ဝင်ရောက် နိုင်မှုနဲ့ အခန်းလိုအပ်ချက်မှာ ၉၉၆၀ ခန်း လိုအပ်မှာဖြစ်ကြောင်း ထုတ်ပြန် ထားပါတယ်။
ပြည်ကြီးမျက်ရှင်ကားကြီးဝင်းအတွင်းရှိ မန္တလေးနဲ့ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များသို့ ပြေးဆွဲပေးသော ယာဉ်လိုင်းများမှာ ခရီးသည်နည်းလို့ ဝန် ဆောင်မှုများနဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
စိန်တံဆိပ်အပါအဝင် ဘိလပ်မြေတန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ဝင်သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၃၈၇၆၅ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ကိုးသိန်းကျော်ဖိုး ကိုပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာေ တာ့ စိန် တံဆိပ်ဘိလပ်မြေ ၁၂၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၂၆၃၆၅ ဒသမ ၁၅ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်း ခြောက်ထောင်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တင်သွင်းမှု က တန်ချိန်သုံးသောင်းရှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းနှစ်ထောင်နီးပါး ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT)
အတွဲဆိုလို့ တစ်မျိုးတော့ မထင်စေချင်ဘူး။ ၂၂ ဘီးနောက် တွဲပါယာဉ်များကိုပြောတာပါ။ အာဆီယံစံချိန်စံညွှန်း ကတ္တား တန် ချိန်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး နောက်ပိုင်းကာလတွေမှာ ၂၂ ဘီး နောက်တွဲယာဉ်တွေဟာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လာခဲ့ပါတယ်။ အာဆီယံစံချိန်စံညွှန်းအရ မော်တော်ယာဉ်များအား တန်ချိန် သတ်မှတ်ထားရာမှာ -
တံတားဦးဟိုတယ်ဇုန် စီမံကိန်းကို မြေဧက ၅၅၀၀ ခန့်ပေါ်မှာ ယခုနှစ် အတွင်း တည်ဆောက်မှာဖြစ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးမြင့် အောင်က ပြောပါတယ်။
ကလေးဝ-ကျီးကုန်း-တမူးလမ်းမိုင်တိုင် ၆၁/၆ - ၆၁/၇ ကြားရှိ တံတားအမှတ် ၄^၆၂ ပေ ၃၀၀ အရှည်ရှိ ကမ္မကြီး တံတားအဆက်များပြုတ်သွားသဖြင့် တံတားပျက်စီးသွားရာ သွားလာမှုအခက်အခဲများကြောင့် တမူးနယ်စပ်တွင် ကုန်စည် စီးဆင်မှုများလျော့နည်းလျက်ရှိပါတယ်။ သြဂုတ် ၁၅ ရက် မှာတော့ ၃ တန် အောက်ယာဉ်များတံတားေ ပါ်မှ ဖြတ်သန်း မောင်းနှင်ခွင့်ပြန်ပြုပေးထားပြီလို့သတင်းရရှိပါတယ်။ MIRT(DOBT)
ထိုင်းနဲ့တရုတ်မှ ဘိလပ်မြေတန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်သွင်းပြည်တွင်းကို သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၆၃၇၄ ဒသမ ၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်တစ်သိန်းကျော်ဖိုး ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေနဲ့ ဘိလပ်မြေအိတ်ခွံပါ တင်သွင်းလာတာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆၂၉၉ ဒသမ ၉၉ တန်၊ အိတ်ခွံ က ၂၀ ဒသမ ၃၆၁ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၄ တန်တို့ ဖြစ်ပါတယ်။ MIRT(DOT)
ဘိလပ်မြေတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၃၆၉၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၈၉၀၀ တန်၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၈၀၀၀ နဲ့ ဗီယက်နမ် နိုင်ငံမှ တန် ၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။