Main menu

Background

Tuesday, 21 Jun 2016

          ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း မငြိမ်မ သက်ဖြစ်နေပြီး နေ့စဉ် အတက်အကျများ ရှိနေကြောင်း၊  ဈေးမငြိမ်သက်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဈေးအတက်အကျများရှိနေသကဲ့သို့ ယခုတစ်ပတ်တွင်လည်း ဈေး အတက်အကျများ ရှိနေခဲ့သည်။

Tuesday, 21 Jun 2016

        ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု  နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။   ပွဲရုံများသို့ တစ် ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိပြီး  ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀၀၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀၀ နှင့် လက်လီဈေးအသေးများ တွင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း  ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်ရောင်းဝယ်မှုရှိနေပါတယ်။

Tuesday, 21 Jun 2016

        ရှမ်းနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းတွေထဲမှာ အရည် အသွေးကောင်းတဲ့ ဆင်တောင်နနွင်းက ဒီနှစ်မှာပိုပြီး အရောင်းသွက်နေပါတယ်။ ရမည်းသင်းဝယ်လက်တွေက ဆင်တောင်နနွင်းကို ထွက်တဲ့ဒေ သမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ ခြံထဲကဖော်ပြီးတာနဲ့ အစိုအတိုင်းချက်ချင်းဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပိဿာချိန် ငါးသောင်းခန့် ဝယ်ယူသွားတယ်လို့ လည်း ဈေးကွက်မှ သိရှိရပါတယ်။ အစိုအတိုင်း  အရောင်း အဝယ်ဖြစ်တာကြောင့် ပြုတ်ခြောက်အဖြစ်ပြုလုပ်လို့ မရတော့ဘဲ ဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ရိုးရိုးစတွေဖြစ်တဲ့ တောင်ပို့လစတွေကိုလည်း ဈေးပတ်သမားတွေနဲ့ ဒေသ တွင်းက ဝယ်ယူကြလို့ တစ်ပတ်အတွင

Monday, 20 Jun 2016

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊  ကုန်သွယ်မှုပညာပေးရေး ဌာန၊  ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Monday, 20 Jun 2016

        ပြည်ပဲဈေးကွက်မှာ  မေလလယ်တွင်  ပြည်ပဝယ်လက်ပဲများဖြစ်တဲ့မတ်ပဲနှင့်ပဲစင်းငုံသီးနံှနှစ်မျိုးစလုံး  ဈေးမြင့်တက်လာခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲများ တစ်ခါတစ်ရံ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပြည်ပဝယ်လိုအားပေါ်မူတည်၍ ရန်ကုန်ဝယ်လက်က ရောင်းဝယ်ခဲ့ ကြလို့ပဲဈေးမှာ ယခင်တစ်ပတ်ထက် တစ်တင်းကျပ် နှစ်ထောင်ကျော် ရရှိခဲ့တာကြောင့် ယခုဇွန်လလယ်ဈေးမှာ တစ်တင်း ကျပ် ၄၉၃၀၀ ရရှိခဲ့ပါတယ်။ ယခင်နှစ် ဇွန်လလယ်က ပဲစင်းငုံဈေးမှာတစ်တင်း ကျပ် ၄၁၅၀၀ သာရရှိလို့ ယခုနှစ်မှာဈေးပိုရလာပြီး  ဝယ်လိုအားလည်း ကောင်းနေခဲ့တယ်လို့ သိရပါတယ်။

 

(ခင်ဆွေဝင်း-ပြည်)

Monday, 20 Jun 2016

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မိုးစပါးပြီး လျှင် ဆောင်းသီးနှံအဖြစ် အဓိကထားစိုက်ပျိုးသော မတ်ပဲ သီးနှံသည် နှစ်စဉ်စိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးကြပြီး အခြားပဲများကိုတော့ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုး ကြပါတယ်။ ဈေးကွက်အတွင်းမှာဆိုရင်လည်း မတ်ပဲဟာ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှလွဲ၍ ကျန်နှစ်များမှာတော့ တစ်နှစ်တာလုံး  အရောင်းအဝယ်ဖြစ်တဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပဲလက်ကျန်မရှိတော့အောင်ဖြစ် ခဲ့ရခြင်းမှာ ပဲဈေးနှုန်း များ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် လက်ဝယ်ရှိသမျှ ထုတ်ရောင်းချခဲ့သလို မျိုးပဲများလည်း ဝယ်ယူချိန်ဖြစ်ခဲ့လို့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။

Monday, 20 Jun 2016

        ဇွန် ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း  ကန်ဒေါ်လာ ၅ ဒသမ ၇၁၀ သန်းဖိုးရှိ  ဆန်ဖြူတန် ၁၅၅၉၀ ကျော်ကို  မြန်မာ-တရုတ် နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။  မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၇၆၈ တန်နဲ့ဧည့်မထဆန် ၁၉၁၉ တန်ခန့် ၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၇၁၅ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် တစ်ပတ်  ဆန်တင်ပို့မှုထက် ၁၈၈၃ တန်လျော့နည်းခဲ့ပါတယ်။ ဆန်တင်ပို့မှု လျော့နည်းသော်လည်း ယခု တစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ပိုမိုခဲ့ပါတယ်။  မူဆယ်မှ  ၄၃၆၇ တန်နဲ့ လွယ်ဂျယ်မှ  ၁၁၇ တန် တင်ပို့ပြီး  ယခင် တစ်ပတ် တင်ပို့မှုထက် ၉၅

Tuesday, 14 Jun 2016

          မေ ၂၉ ရက်မှ ဇွန် ၄ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၆၂၇၆၀၅၄၀တန်ဖိုးရှိ ဒီဇယ် ၁၅၁၂ ဒသမ ၃၆၁ တန်နဲ့ ကန်ဒေါ်လာ ၂၇၉၆၆၉၅၇ တန်ဖိုးရှိ ဓာတ်ဆီ ၆၄၅ ဒသမ ၀၈၉ တန်ကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိဘဲ ဒီဇယ်၉၂ တန်ကျော်သာ ဝင်လာခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ ဝင်အားကောင်းခဲ့တယ်လို့ သိရပါ တယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီ လ မှာ ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း ၃၄၄၄ တန်ကျော် တင်သွင်းခဲ့ပြီး မေလမှာ တန်ချိန်၂၃၀၀ ကျော် တင်သွင်းခဲ့တာကြောင့် မေလမှာ တန်ချိန် ၁၁၃၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်း မှ ကန်ဒေါ်လာ၃၅၄၆၅၈တန်ဖို

Thursday, 5 May 2016

    ဧပြီ ၃ရက်မှ ၉ရက် သီတင်းပတ် အတွင်း နို့ဆီ ၂၄၈ဒသမ ၄၀ တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ တော့ ဒွန်းနို့ဆီတစ်မျိုးတည်းသာဝင် လာခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်မှာတော့ နို့ဆီ ၅၀ဒသမ ၉၉၄ တန်တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း နို့မှုန့် ၂၅ဒသမ ၇၇၂ တန်ကို တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ နယူးဇီလန်မှ ၁၆ တန်၊ စင်ကာပူမှ ၆ ဒသမ ၉၆၈ တန်၊ ဗီယက်နမ်မှ ၂ဒသမ ၈၀၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဧပြီ ၁၇ ရက်မှ ၂၃ရက်သီတင်း ပတ်မှာ မလေးရှားမှ ၄၄ဒသမ ၂၂၇ တန်နဲ့စင်ကာပူမှ ၄၅ ဒသမ ၂၆၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတ

Thursday, 5 May 2016

   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း    ကန်ဒေါ်လာ ၅၆၆၂၀၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၃၂၉၃ဒသမ၇၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါ တယ်။  ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၃၉၈၈ ဒသမ ၂၀ တန်၊ အိန ္ဒိယနိုင်ငံမှ တန်ချိန် ၁၄၀၀၊ မလေး ရှားနိုင်ငံမှ ၂ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၇၉၀၁ ဒသမ ၆၀ တန် ဝင်လာခဲ့တယ်လို့သိရပါတယ်။ စိန်၊ ဆင်၊ ရန်ကို စတဲ့ တံဆိပ်များဝင်လာခဲ့ပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်  သီတင်း ပတ်အတွင်းမှာတော့ ကန်ဒေါ်လာ ၈၇၁၀၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၇၅၂ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဧပြီလ ပထမပတ်နဲ့ တတိယပတ်အတွင်း ဘိလပ်မြေ တန် ချိန် ၈၄၀၄၅ ကျော် ဝင်လာခဲ့တယ်လို့ သိရပါတယ်။

Pages