Background
ဒွန်း၊ မာရီဂိုး နို့ဆီအဝင်များသလို နို့စိမ်းလည်းဝင်စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်း ဒွန်းနို့ဆီ ၂၆၂ ဒသမ ၃၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၅၁၂ ဒသမ ၈၀ တန်ကိုတင်သွင်းခဲ့သလို နို့စိမ်း ၄၂၄ ဒသမ ၅၉၂ တန်ကိုလည်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီနို့စိမ်း စုစုပေါင်း တန်ချိန်က ၁၂၃၀ ဒသမ ၈၄၂ တန်၊ တန်ဖိုးအားဖြင့် ၁၂ သိန်းကျော်ဖိုးဖြစ်ပါတယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ ၈၆ ဒသမ ၃၆ တန်၊ အီရန်နိုင်ငံမှ ၇ ဒသမ ၅၉၉ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၁ ဒသမ ၅၁၂ တန်တို့ကိုတင်သွင်းခဲ့ပါတယ်။MIRT (DOT)
ဗီယက်နမ်နိုင်ငံက ပြည်သူရော နိုင်ငံ ခြားသားများပါ ပြည်တွင်းမှ ထွက်ခွာ သည်ဖြစ်စေ၊ ပြည်တွင်းကို ဝင်ရောက် သည်ဖြစ်စေ ရွှေချောင်းနဲ့ ရွှေထည်များ သယ်ဆောင်ခြင်းကို ပိတ်ပင်လိမ့်မယ်လို့ ဗီယက်နမ် နိုင်ငံတော်ဘဏ်မှ ၎င်း ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အလေးချိန် ၃၀၀ ဂရမ်ထက်ကျော်ပြီး၊ ရွှေထည် လက်ဝတ်ရတနာ သို့မဟုတ် ရွှေနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများ ဝတ် ဆင်တဲ့ ခရီးသည်များဟာ အကောက် ခွန်ဌာနမှ ကြေညာရမှာဖြစ်ပြီး၊ အခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြည်ပမှာ တရားဝင်အမြဲတမ်းနေထိုင်တဲ့ ဗီယက် နမ်လူမျိုးများအနေနဲ့ ၎င်း တို့နေထိုင်တဲ့ ဒေသပြည်နယ်အတွင်း နိုင်ငံတော် ဘဏ်ခွဲမှ ၎င်း တို့ပိုင်ဆိုင်ကြောင်း ခွင့် ပြုချက်ထုတ်ပြန်ထားရင် ရွှေတစ်ကီလို ဂရမ်အထိ သယ်ယူခွင့်ပြုမယ်လို့ သိရ ပါတယ်။ယင်းအစီအစဉ်ဟာ ပြည်တွင်းဈေး ကွက် တည်ငြိမ်စေဖို့နဲ့ ရွေရောင်းချမှု ကွပ်ကဲရေး ခိုင်မာစေဖို့ ရည်ရွယ်ခြင်း ဖြစ် တယ်လို့ နိုင်ငံတော်ဘဏ်ရဲ့ ဥပဒေ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Vu Ngoc Lan မှ ပြောကြားပါတယ်။ယမင်းခင် Source: VOU
ဒီတစ်ပတ်မှာတော့ မြန်မာ့ရွှေဈေး ကွက်ဟာ အတက်ဘက်ကိုဦးတည်လာ ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျ ဖြစ်နေခဲ့တဲ့အတွက် မ တည်မငြိမ်ဖြစ်နေခဲ့ပေမယ့် အခုတစ် ပတ်မှာတော့ ပြန်လည်မြင့်တက်ခဲ့ပါ တယ်။
ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် ခုနစ်ထောင်ကျော်သာဝင်ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဒီဇယ် ၇၂၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်ခြောက်သိန်း ကျော်ဖိုးကို ကုမ္ပဏီနှစ်ခုမှ တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာတော့ ဓာတ်ဆီကို လိုင်စင်လျှောက်ထားလာခြင်း မရှိဘူးလို့ သိရပါတယ်။
၂၂-၉-၂၀၁၂ မှ ၂၈-၉-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ
စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း
တရုတ်
(ကျပ်)
(ကျပ်)
၁။
မူဆယ်
ဂါလန်
3900
3900
၂။
လွယ်ဂျယ်
ဂါလန်
4200
4150
၃။
ချင်းရွှေဟော်
ဂါလန်
4000
4000
ထိုင်း
(ကျပ်)
(ကျပ်)
၁။
ကော့သောင်း
ဂါလန်
4050
3600
၂။
မြဝတီ
ဂါလန်
4000
4000
၃။
တာချီလိတ်
ဂါလန်
3808
3865
အိန္ဒိယ
(ကျပ်)
(ကျပ်)
၁။
တမူး
ဂါလန်
4500
4000
ဘင်္ဂလားဒေ့ရှ်
(ကျပ်)
(ကျပ်)
၁။
စစ်တွေ
ဂါလန်
4400
3500
၂။
မောင်တော
ဂါလန်
6000
4600
ယခင်အပတ်က ချင်းရွှေဟော်နယ် စပ်တစ်ခုတည်းမှ အချိုမှုန့် ၁၅ တန် အသွင်းရှိခဲ့သော်လည်း စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း တန်ဖိုးရှိ အချိုမှုန့် ၁၂၆ တန်ကို မူဆယ် နဲ့ ၆၅ တန်ကို ချင်းရွှေဟော်မှ အသွင်း ရှိခဲ့ပါတယ်။ မူဆယ်မှာ အချိုမှုန့် ၁ ကီလိုပေါက်ဈေး ၁၄၅၀ ကျပ်ဖြစ်ပြီး ချင်းရွှေဟော်မှာ ၈၄၀ ကျပ် ပေါက် ပါတယ်။ MIRT (DOBT)
ဒီတစ်ပတ်နို့ဆီနဲ့ နို့မှုန့်သာအဝင်ရှိခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှနေ၍ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း နို့ဆီ ၃၀၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီ က ၂၀၆ တန်နဲ့ အခြားတံဆိပ်က ၁၀၃ တန် တင်သွင်းလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းက အဝင်မ ရှိခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှု အများဆုံး အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ခိုင်မာလာတယ်လိ့ု ဖော်ပြထားတဲ့ အစီ ရင်ခံစာတွေ ထွက်ပေါ်လာဖွယ်ရှိတယ် လို့ ခန့်မှန်းကြရာ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းများ လေးလအတွင်း အမြင့်ဆုံးဈေး နှုန်းနီးပါးကို ရောက်ရှိလာတဲ့ အမေရိ ကန်ဗဟိုဘဏ်က တတိယအကြိမ် မြောက် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်း (QE3) ကို ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ရာ စက်တင်ဘာ ၁၄ ရက်က နယူးယောက်ရေနံစိမ်း (WTI oil) ကြိုပွင့်ဈေးနှုန်းက တစ်စည်ကို ၁၀၀ ဒသမ ၄၂ ဒေါ်လာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ စက်တင်ဘာ ၁၇ ရက်မှာလည်း နယူးယောက် ရေနံစိမ်း ဈေးနှုန်းတွေကဆက်လက်အားကောင်း လျက်ရှိတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ အောက်တိုဘာလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) ကတစ်စည်ကို ၉၉ ဒသမ ၁၉ ဒေါ်လာ နဲ့ စင်ကာပူစံတော်ချိန် နေ့ခင်း ၁း၂၇ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ နိုဝင်ဘာလငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၁၆ ဒသမ ၉၇ ဒေါ်လာနဲ့ လန်ဒန် အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ် ဖြစ် ခဲ့တယ်။ ရေနံစိမ်းဈေး မြင့်လာသော် လည်း ရေနံစိမ်းသုံးစွဲတဲ့ နိုင်ငံအများစု ကတော့ " ရေနံစိမ်းတစ်စည်ကို ၁၀၀ ဒေါ်လာနှုန်းထားက သင့်တော်တယ်" လို့ ဆိုကြတယ်။Source:Bloomberg.com,ပပ
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေး သည် အပြောင်းအလဲ အနည်းငယ် သာရှိခဲ့ပြီး အတက်ဈေးဖြင့်သာ ရပ် တည်နေခဲ့သည်ကို တွေ့ရသည်။
ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်လိုင်စင်လျှောက်ပြည်တွင်းကို ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းရန်အတွက် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ကုမ္ပဏီ ၁၆ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားလာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်လိုင်စင်လျှောက်ထားလာတဲ့ ဓာတ်ဆီတန်ချိန်က ခုနစ်ထောင်ဖြစ်ပြီး ဒီဇယ်တန်ချိန်က ၂၀၃၉၃ တန်ကျော်ဖြစ်ပါတယ်။