Background
ရေကြောင်းလမ်းမှ ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီ နို့စိမ်းများဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၇၁၄ ဒသမ ၀၄၂ တန်နဲ့ နို့စိမ်း ၂၃၇ ဒသမ ၆၁၉ တန်၊ စုစုပေါင်း ၉၅၁ ဒသမ ၆၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁၀သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီတွေက အိုကေနို့ဆီ ၂၀၆ ဒသမ ၄၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ ဒွန်းနို့ဆီ ၃၇၆ ဒသမ ၄၉၂ တန်၊ နို့စိမ်းက ဒီတစ်ပတ်မှာ ဒွန်းနို့ စိမ်း ၂၃၇ ဒသမ ၆၁၉ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ်မှာ နို့ဆီနဲ့ နို့စိမ်းကို ၁၀ တန် ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ နို့စိမ်း အဝင်ပိုခဲ့ တယ်လို့ ဆိုရပါမယ်။
ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲ မှုအများဆုံး တရုတ်နိုင်ငံက တစ်လ နီးပါးကာလအတွင်း ဒုတိယမြောက် အကြိမ်အဖြစ် ဓာတ်ဆီနဲ့ ဒီဇယ်ဈေး နှုန်းတွေကို မြှင့်တင်လိုက်တယ်လိ့ုသိရ တယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့် မားလာတဲ့အတွက် ရေနံချက်စက်ရုံများ အကျိုးအမြတ်ကျဆင်းမှုကို ထေမိစေဖို့ လောင်စာဆီဈေးနှုန်းတွေကို မြှင့်တင် ခြင်းဖြစ်ကြောင်း သိရတယ်။ ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်း တရုတ် နိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ရေနံချက်စက်ရုံ PetroChina Co., အနေနဲ့ ဝင်ငွေ ၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ၎င်း ကုမ္ပဏီရဲ့ ပထမခြောက်လစာ အစီရင် ခံစာမှာ ဖော်ပြထားတယ်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် တစ်ပတ်အတွင်း ကျပ်တစ် သောင်းနီးပါးအထိ ထပ်မံမြင့်တက်ခဲ့ ကြောင်း သိရသည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကိုမှီ၍ ဈေးသတ် မှတ်ခြင်းဖြစ်ရာ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် မြန်မာ့ရွှေဈေးသည် လည်းမြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များထံမှ သိရှိရသည်။
ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းရန်အတွက် လိုင်စင် လျှောက်ထားမှုမှာ စက်တင်ဘာ ၂ ရက်မှ ၈ ရက်အတွင်း ကုမ္ပဏီ ၁၀ခုမှ ဒီဇယ် ၅၀၅၉၁ တန်နဲ့ ဓာတ်ဆီတန်ချိန် ၅၀၀၀ အတွက် လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဒီဇယ်တင်သွင်းရန် လိုင်စင်လျှောက် ထားမှုမရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်လိုင်စင်ပိုမိုလျှောက်ထားလာတာ တွေ့ရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ခရီးသွားရာသီလည်း မဟုတ် သေးတာကြောင့် အရောင်းအဝယ်က ပုံမှန်အနေအထားမှာပဲ ရှိနေပြီး ရောင်းအား မတက်သေးဘူးလို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ အောက်တိန်း က ဈေးမပြောင်းပေမယ့် ဒီဇယ်ဈေးက ငါးဆယ်ကျပ်ဈေးမြင့်လာတာကို တွေ့ရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီတစ်ဂါလန် ၃၅၅၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပဆိုင်ရဲ့ ရောင်းဈေးက ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေး ဒီဇယ်ဈေးမပြောင်းလဲသလို ပြင်ပဆိုင်များရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးကလည်း မပြောင်း ဘဲငြိမ်နေတယ်လို့ သိရပါတယ်။ ဒီလိုဈေးငြိမ်နေတာကလည်း စက်တင်ဘာ ၁၀ ရက်မှစပြီး ဈေးငြိမ်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီတစ်ပတ် ဈေးက ဓာတ်ဆီတစ်ဂါလန် ၃၇၀၀ ကျပ်နဲ့ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်ဖြစ်တယ် လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ တော့ ဒီဘက်မှာက ဆိုင်ကယ်အသုံးများလို့ အရောင်းအဝယ်ကပုံမှန်ဖြစ်တယ်။ အောက်တိန်းက ပုဂ္ဂလိကစက်သုံးဆိုင်မှာ တစ်ရာ ကျပ်ဈေးလျှော့လာတာကြောင့် ပြင်ပမှာလည်း ဈေးအနည်းငယ် ကျလာပြီး စက် သုံးဆီဆိုင်ရဲ့ ဈေးနှုန်းက ဓာတ်ဆီ တစ်ဂါလန် ၃၆၅၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ အောက်တိန်းတစ် ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်ရဲ့ဈေးက ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းဆီတွေကတော့ တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်နေ ပေမဲ့ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်ဈေးမြင့်လာသလို ပြင်ပဆိုင်မှာ ဒီဇယ်ရော ဓာတ်ဆီပါဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးက ပုဂ္ဂလိက စက်သုံးဆီဆိုင်နဲ့ အပြင်ဆိုင်ဈေးကအတူတူပဲဖြစ်ပြီး ဓာတ်ဆီဈေးကတော့ သုံးရာ ကျပ်ဝန်းကျင်ကွာနေတာ တွေ့ရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဈေးနှုန်းက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ်ဈေး ၄၀၀၀ ကျပ်နဲ့ အောက်တိန်း ၄၂၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOT)နယ်စပ်မှ ဓာတ်ဆီအသွင်းပိုစက်တင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်အလိုက် ဓာတ်ဆီတင်သွင်းမှုများမှာ တာချီလိတ် မှ ၅၅၄၄၀ ဂါလန်၊ မြိတ်မှ ၁၂၃၂၀ ဂါလန်၊ မူဆယ်မှ ၈၆၃၃ ဂါလန်နဲ့ မြဝတီ မှ ၆၁၆၀ ဂါလန်အသီးသီးဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၉၅ သန်းတန်ဖိုးရှိ ဓာတ် ဆီ ၈၂၅၅၃ ဂါလန်ခန့် အသွင်းရှိခဲ့ပါ တယ်။ ဒီဇယ်ဆီ တင်သွင်းမှုမှာတော့ တာချီလိတ်မှ ၂၁၃၂၉ ဂါလန်နဲ့ မြဝတီ မှ ၂၁၀၀၀ ဂါလန်အသီးသီးဖြစ်ပြီး တန် ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၁၃၈ သန်း၊ ဂါလန်အားဖြင့် ၄၂၃၂၉ ဂါလန် တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ MIRT(DOBT)
ဖြေလျော့တင်သွင်းခွင့် ပြုထားတဲ့ စား သောက်ကုန်များအနက် နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ စားသောက်ကုန်ကတော့ အချိုမှုန့်ပဲ ဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်မှ ပုံမှန် တင်သွင်းခဲ့ရာ သြဂုတ် ၂၉ ရက်မှ စက် တင်ဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်မှလည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၄၃ တန်ကျော်တင်သွင်းခဲ့ရာ ယခင်အပတ်က ထက် ၇၄ တန်ကျော် ပိုမိုတင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုများမှာ ချင်းရွှေဟော်မှ တန် ၈၀၊ မူဆယ်မှ ၃၈ တန်ကျော်နဲ့ မြဝတီမှ ၂၅ တန် အသီး သီးဖြစ်ပါတယ်။ MIRT(DOBT)
ဒီသီတင်းတစ်ပတ်မှာတော့ နို့ဆီ ၁၄ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာသုံးသိန်းကျော်ဖိုးနဲ့ ဒွန်းနို့စိမ်း ၁၂ ဒသမ ၃၇၆ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေး နေခြင်းကြောင့် ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဗဟိုဘဏ်တွေက စီးပွားရေးလှုံ့ဆော် မှုစီမံကိန်းတွေ ချမှတ်ဆောင်ရွက်နိုင် တယ်ဆိုတဲ့ ယူဆမှုပိုမိုခိုင်မာလာရာ ရွှေ ကိုရင်းနှီးမြှုပ်နှံထားဖို့ ဝယ်ယူမှု များ လာတယ်။ ဒါကြောင့် စက်တင်ဘာ ၅ ရက်က နယူးယောက် Comex ရဲ့ ဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၇၀၁ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ၎င်း ဈေးနှုန်းက ၂၀၁၂ ခုနှစ် မတ် ၁၃ရက် နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။
ယခင်ရက်များအတွင်းက နေ့စဉ် ရက်ဆက်ဆိုသလိုအတက်ပြနေခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် လည်း အတက်ဘက်သို့သာ ဦးတည်နေ သည်ကို တွေ့ရသည်။
ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီတစ်မျိုးသာ လိုင်စင်လျှောက်ထား
သြဂုတ်လနောက်ဆုံးပတ်မှာတော့ ဓာတ်ဆီတစ်မျိုးသာလျှင် လိုင်စင်လျှောက် ထားလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီလေးခုမှ လျှောက်ထား လာခဲ့တဲ့ ဓာတ်ဆီတန်ချိန်က ၄၈၀၀ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ လျှောက်ထားတန်ချိန်မှာ သုံးထောင်ကျော်ဖြစ်တာကြောင့် ဒီတစ်ပတ် မှာ ဓာတ်ဆီ လျှောက်ထားမှုတန်ချိန် တစ်ထောင့်ခုနစ်ရာပိုခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ အတွင်း လျှောက်ထား လာခဲ့တဲ့ ဓာတ်ဆီတန်ချိန်မှာ ၁၅၂၀၀ တန်ဖြစ်ပြီး ဒီဇယ်က ၉၂၈၂၃ ဒသမ ၅၄ တန်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း နို့ဆီ/နို့စိမ်းက အဝင်နားခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ရာ ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါဘူး။ နို့စိမ်းက သြဂုတ်လ ဆန်းမှစပြီး ဒီတစ်ပတ်ထိ အဝင်မရှိခဲ့ တာတွေ့ရပါတယ်။ဒီတစ်ပတ်မှာ မလိုင် အပြည့်ပါတဲ့ နို့ကိုသာတင်သွင်း ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။