Main menu

Background

Wednesday, 12 Oct 2022

အာရှတိုက်တွင် တရုတ်နိုင်ငံသည် ဥရောပ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အရေးပါနေဆဲဖြစ်ကြောင်း သိရသည်။ ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားနေ ချိန်တွင် ဥရောပမှကုမ္ပဏီအများစုသည် တရုတ်နိုင်ငံ၌ အခြေချ ရင်းနှီးမြှုပ်နှံနေမှုကို ရပ်တန့်ပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့ကြရာ တချို့ကုမ္ပဏီများသည် ယာယီရပ်နားမှုများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် လက်ရှိအချိန်တွင် ဥရောပစီးပွားရေးလုပ်ငန်းအများစုသည် တရုတ်နိုင်ငံသည် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဦးစားပေးဈေးကွက် ဖြစ်နေဆဲဖြစ်ကြောင်း အလေးထား ပြောဆို နေကြသည်။ပြည်ပ စီးပွားရေးလုပ်ငန်းများစု တစ်နည်းအားဖြင့် ဥရောပစီးပွားရေး လုပ်ငန်းရှင်များ

Thursday, 29 Sep 2022

အမေရိကန် Fed ဗဟိုဘဏ်က စက်တင်ဘာ ၂၁ ရက် တွင် အတိုးနှုန်းကို  အခြေခံပွိုင့် ၇၅ ပွိုင့်အထိ တိုးမြှင့်ခဲ့ခြင်း ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးအနေအထားသို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ 

Thursday, 29 Sep 2022

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင် သွင်းမှုကို တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ဗီယက်နမ်သည် နယ်စပ်ဆိပ်ကမ်းများတွင်လည်း အကောက် ခွန်ရှင်းလင်းရေးကိစ္စရပ်များကို အဆင်ပြေချောမွေ့စေရေးအတွက် ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံဝန်ထမ်းများ အပြန်အလှန်လည်ပတ် ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Thursday, 22 Sep 2022

ဗြိတိန်ငွေကြေးပေါင်သည် နှစ်ပေါင်း ၃၇ နှစ်အတွင်း၌ အဆိုးရွားဆုံးအနေအထားသို့ ထိုးကျသွားကြောင်း အင်္ဂလန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အမေရိကန်ဒေါ်လာအညွှန်းကိန်းသည် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာ စက်တင်ဘာ ၉ ရက်တွင် Level ၁၁၀ ဒသမ ၇၈ အထိအမြင့်ဆုံးစံချိန်သစ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။အမေရိကန် Fed  ဗဟိုဘဏ်၏ စက်တင်ဘာလကုန်တွင်ပြုလုပ်မည့် အစည်းအဝေး၌ အတိုးနှုန်း 75 basis points (ဝ.၇၅%) တိုးနိုင်ခြေရှိနေခြင်းကြောင့်ဈေးကွက်ခန့်မှန်းနှုန်းမှာ ၇၂ ရာခိုင်နှုန်းအထိမြင့်တက်လာပြီးအမေရိကန်ဒေါ်လာအတက်ကြမ်းနေခြင်းလည်းဖြစ်သည်။အလားတူ ဂျပန်သုံးယန်းငွေတန်ဖိုးသည်လည်း လတ်တလောကာလတွ

Thursday, 22 Sep 2022

ထိုင်းနိုင်ငံအနေဖြင့် ပြည်ပဧည့်သည်များ အတွက် ဗီဇာသက်တမ်း ရက်တိုးမြှင့်သတ်မှတ်လိုက်ပြီး ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသားခရီး သွားဦးရေ ၁၀ သန်းပြည့်မီရန်အတွက် မျှော်မှန်းထားကြောင်း သိရသည်။ထိုင်းနိုင်ငံတွင်ကိုဗစ် ရောဂါများ လျော့ကျခဲ့ပြီးနောက်တွင် ပြည်ပခရီးသွားများကို ပြန်လည်ဝင်ရောက်ပြုခဲ့ရာပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၆ ရက်အတွင်းစာရင်းများအရ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားဦးရေ မှာ လေးသန်းကျော်အထိရှိလာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ယခုနှစ်တွင်နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုကို ၁၀ သန်းပြည့်မီရန်လျာထားကြောင်းထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကထုတ်ဖော်ပြောဆိုထားသည်။ယခုနှစ်တွင် ထိုင

Tuesday, 30 Aug 2022

လတ်တလောကာလတွင် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေးတင်ပို့မှု အမြင့်ဆုံးအနေအထားသို့ ရောက် ရှိနေကြောင်း သိရသည်။ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေးတင်ပို့ မှုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက် လာကြောင်းနှင့် ယင်းမှာ ငါးနှစ်အတွင်း  အမြင့်ဆုံးအနေ အထားသို့  ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လက ရုရှား နိုင်ငံမှ ကျောက်မီးသွေးတန်ချိန် ၇ ဒသမ ၄၂ သန်း တင်သွင်း ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းဇယား များအရ  သိရသည်ဟု ဆင်ဟွာသတင်းတွင် ဆက်လက် ဖော်ပြထားသည်။ရုရှားနိုင်ငံသည် ကျောက်မီးသ

Tuesday, 30 Aug 2022

ပြင်သစ်နိုင်ငံရှိ  စူပါမားကက်များတွင် တချို့သောကုန် ပစ္စည်းများကို ပုံသေဈေးနှုန်း သတ်မှတ်ထားကြောင်း  သိရ သည်။ ထို့ပြင် ပြင်သစ်နိုင်ငံရှိ စက်သုံးဆီရောင်းချသည့်  ဆိုင် များတွင်လည်း လအနည်းငယ်ကြာသည်အထိ ပုံသေဈေးနှုန်း များ သတ်မှတ်ပေးထားကြောင်း သိရသည်။ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ ငွေကြေးဖောင်းပွမှု မြင့်တက် လာခြင်းကို  အထိုက်အလျောက်  ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။

Tuesday, 30 Aug 2022

တောင်ကိုရီးယားနိုင်ငံသည် စက်မှုအခြေခံ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံ ဖြစ်ခြင်းကြောင့် အဆိုပါစက်ရုံများနှင့် ကုန်ထုတ် လုပ်မှု  လုပ်ငန်းများအတွက် လုပ်သားများစွာ လိုအပ်လျက်ရှိနေသည်။  ထိုသို့ လုပ်သားလိုအပ် ချက်များကို  ဖြည့်ဆည်းနိုင်ရေးအတွက် တောင် ကိုရီးယားနိုင်ငံအနေဖြင့် စက်ရုပ်များကို အစား ထိုး အသုံးပြုလက်ရှိကြောင်း  koreaherald.com  တွင် ဖော်ပြထားသည်။တောင်ကိုရီးယားနိုင်ငံအနေဖြင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်သားများအပြင် ကုန်ထုတ် လုပ်ငန်းအတွက် ပြည်ပမှ လုပ်သားအများအပြား ကို  စဉ်ဆက်မပြတ်  ခေါ်ယူလျက်ရှိနေသည်။ သို့သော်  လုပ်သားရှားပါးမှုနှင့် အနိမ့်ဆုံးလုပ်ခ လစာ တိုးမြှင့်သတ်မ

Tuesday, 30 Aug 2022

နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရား အောင်မြင်စွာ   လည်ပတ်နိုင်ရေးအတွက်  ပြည်သူ့ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်သကဲ့သို့၎င်းတို့အား အဆက် မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်းရှိအောင်  ဖန်တီးပေးနိုင် ရေးသည်  လွန်စွာမှ အရေးကြီးသည်။ တစ်ယောက်အားဖြင့်ယူသော် မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ဆိုသောစကားသည် ပူးပေါင်း ဆောင်ရွက်ခြင်း၏အဓိကကျပုံကို     မီးမောင်းထိုးပြခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရမည့်ကိစ္စများတွင်  တစ်ဦး တစ်ယောက်တည်း ဆောင်ရွက်ရန်ဖြစ်သော်လည်း အများနှင့်သို့မဟုတ် အဖွဲ့အစည်းများအချင်းချင်း    နိုင်ငံအချင်းချင်း   ပူးပေါင်းဆောင် ရွက်ရန် လိုအပ်သည့်ကိစ္စ

Friday, 27 May 2022

ဂျာမနီနိုင်ငံရှိစက်ရုံများတွင် အော်ဒီကား ထုတ်လုပ်မှုများကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်း တပ်ရပ်၏ ဖော်ပြချက်အရသိရသည်။အော်ဒီကားထုတ်လုပ်မှုများအတွက် ကားအစိတ် အပိုင်းများပံ့ပိုးမှု ပြတ်တောက်ခြင်းနှင့် အခြားပိတ်ဆို့မှုများ ကြောင့်အော်ဒီ၏ဂျာမနီရှိ စက်ရုံ Neckarsulm တွင် ထုတ်လုပ်နေသည့်A4, A5 နှင့် A8 အမျိုးအစားမော်တော်ကားထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။အော်ဒီကား ထုတ်လုပ်ရေးသည် ယာဉ်အပိုပစ္စည်းအထောက်အပံ့ပြဿနာများကြောင်ဂျာမနီနိုင်ငံရှိစက်ရုံများတွင်ထုတ်လုပ်နေသည့်A4 A5 နှင့် A8မော်ဒယ်သစ်ထုတ်လုပ်မှုများကိုယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

Pages