Main menu

Background

Tuesday, 24 Oct 2023

နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ China International Import Expo-CIIEတွင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ က ပါဝင်ပြသရန် အတည်ပြု ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ရပ်က အောက်တိုဘာ ၂၀ ရက်တွင် ရေးသား ဖော်ပြထားသည်။ 

Tuesday, 24 Oct 2023

လျှပ်စစ် မော်တော်ကားကုမ္ပဏီ တစ်ခုဖြစ်သည့်Tesla သည် ၎င်းတို့ထုတ် Model 3နှင့်  Model Y မော်တော်ကားများ ကို အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း၌ ဈေးနှုန်း များကို လျှော့ချကာ ရောင်းချနေကြောင်းcaranddriver.com ၏ အောက်တိုဘာ ၂၀ ရက်သတင်းတွင် ရေးသားဖော်ပြထား သည်။ 

Tuesday, 24 Oct 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့် ဖျင်သည် အောက်တိုဘာ ၁၈ ရက်က ကျင်းပခဲ့ သည့်   တတိယအကြိမ်မြောက်  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ  ထိပ်သီးအစည်းအဝေး  ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခဲ့မှုနှင့်အတူ  ရပ်ဝန်းနှင့် ပိုးလမ်းမ  အရည်အသွေးမြင့် လုပ်ဆောင်ချက် ရှစ်ရပ်ကိုလည်း ထည့်သွင်းကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထား သည်။ 

Tuesday, 10 Oct 2023

ထိုင်းနိုင်ငံသည် ခရီးသွားရာသီအတွက် အထူးအစီအစဉ်တစ်ခု အနေဖြင့်  တရုတ်နိုင်ငံသားများအား စက်တင်ဘာ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ငါးလတာ အထူးဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး အဆိုပါ ငါးလ တာအတွင်း ပြည်ပဧည့် ၂ ဒသမ ၉ သန်းအထိ ဝင်ရောက်မည်ကို မျှော်မှန်း ထားကြောင် Bloomberg  ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ အများအပြား ဝင်ရောက်လျက်ရှိရာ ထိုင်းခရီးသွားကဏ္ဍသည် ယခု ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာသန်း ၄၀ဝ၀ အထိ ရရှိရန် အလားအလာကောင်းလျက်ရှိနေသည်။ 

Tuesday, 10 Oct 2023

စင်ကာပူနိုင်ငံတွင်     မိသားစု ဇိမ်ခံကားကြီးတစ်စီး     ပိုင်ဆိုင်ရန် အတွက် ကုန်ကျစရိတ်သည် စင်ကာပူ ဒေါ်လာ ၁၄၆၀ဝ၂    (အမေရိကန် ဒေါ်လာ ၁၀၆၆၁၉၊ ပေါင် ၈၇၆၈၄)သို့  စံချိန်တင်   မြင့်တက်သွားခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က အောက်တို ဘာ ၆ ရက်တွင်  ရေးသားဖော်ပြထား သည်။
လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ ၌   ယာဉ်တစ်စီး ဝယ်ယူရန်အတွက် စရိတ်စက မြင့်တက်လျက်ရှိနေပြီး မော် တော်ကားဈေးနှုန်းများ    စံချိန်တင် မြင့်တက်နေခြင်းကြောင့် မိသာစုတစ်စု  အနေဖြင့် ကားသစ်တစ်စီး ဝယ်စီးရန် များစွာ ခက်ခဲလျက်ရှိနေကြောင်း သိရ သည်။

Tuesday, 10 Oct 2023

အီရတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာဖြင့် ငွေသားထုတ်ယူမှုနှင့် ငွေလွှဲမှုများကို ပိတ်ပင်သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများနှင့် အီရန်နိုင်ငံအပေါ် အမေရိကန်ပြည် ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲရန်နှင့် ၎င်း ၏  ငွေကြေးအရန်ငွေများကို အလွဲသုံးစားလုပ်ခြင်းကို ထိန်းချုပ်ရန်အတွက် နောက်ဆုံးတွန်းအားပေးသည့်အနေ ဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အီရတ်ဗဟိုဘဏ်မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အောက် တိုဘာ ၆ ရက်တွင် ရိုက်တာသတင်းတစ်ရပ်က  ရေးသား ဖော်ပြထားသည်။

Tuesday, 10 Oct 2023

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား လမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို  များစွာ  အထောက်အကူပြုခြင်း ကြောင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို လျင် မြန်စွာ ဖြစ်ပေါ်စေကြောင်း  ခ့ငညေိငေူပ.ခသာ တွင် ရေးသားဖော်ပြထားသည်။

Tuesday, 26 Sep 2023

ရုရှားနိုင်ငံသည် ယခု စက်တင်ဘာလတွင် ပြည်ပနိုင်ငံ များသို့ လောင်စာဆီ တင်ပို့မှု လျှော့ချမည်ဟု ကြေညာထားပြီး တင်ပို့မှုကို တစ်ရက်လျှင် ရေနံစည်ပေါင်း သုံးသိန်း လျှော့ချ မည်ဟု မူလက ထုတ်ဖော်ပြောဆိုထားသော်လည်း ယခု အချိန်တွင် လောင်စာဆီ တင်ပို့မှုကို လုံးဝရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း themoscowtimes.com ၏ စက်တင်ဘာ ၂၂ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။ 

Tuesday, 26 Sep 2023

တရုတ်ယွမ် တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း စံချိန်တင် ကျဆင်း လာကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည့် ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။
စက်တင်ဘာ ၂၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၇ ဒသမ ၃၅၁ ယွမ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ယင်းမှာ တစ်ပတ် အတွင်း ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်ပြီး ယခုနှစ်ထဲ တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသည်။ တရုတ်နိုင်ငံသည် လတ်တလောကာလတွင် စီးပွားရေး ကျဆင်းလျက်ရှိနေပြီး နောက်ထပ်သုံးလအတွင်း ယွမ်တန်ဖိုး သည်လည်း ဆက်လက်ကျဆင်းနေဦးမည်ဟု ပြည်ပငွေကြေးပညာရှင်များ က သုံးသပ်ထားကြသည်။

Tuesday, 26 Sep 2023

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်ကားများ(EV)သည် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး အပြန် အလှန် အကျိုးပြုမှုများရှိလာကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
မီနီ လျှပ်စစ်မော်တော်ကားများမှသည် လူများစွာဆံ့သည့် ဗင်ကားများအထိ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း အစိမ်း ရောင်စွမ်းအင် ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှု၏ သာဓက လည်းဖြစ်သည်ဟုဆိုသည်။  

Pages