Main menu

Background

Tuesday, 13 Dec 2022

ကိုဗစ်အလွန်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာကာ တစ်ဦးချင်းဝင်ငွေများလည်း တိုးတက်လာခဲ့ကြောင်း indianexpress.com၏ ဖော်ပြချက်အရ သိရသည်။ 
ထိုကဲ့သို့ အခြေအနေမျိုးတွင် အိန္ဒိယနိုင်ငံ ဗဟိုဘဏ်က ဗဟိုဘဏ်ထုတ် ဒစ်ဂျစ်တယ်ရူပီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဒစ်ဂျစ်တယ်ရူပီး အသုံးပြုမှုကို အိန္ဒိယနိုင်ငံ၏  မြို့ကြီး လေး မြို့တွင်  ကနဦး စတင်စမ်းသပ် အသုံးပြုခြင်းဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Friday, 9 Dec 2022

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် အခြေစိုက်ထားသည့် CNN ကမ္ဘာ့သတင်းဌာနကြီးသည် ဒီဇင်ဘာ ၁ ရက်က ရာနှင့်ချီသည့်အလုပ်သမားများကို အလုပ်ထုတ်ပယ်လိုက်ကြောင်း CNBC သတင်းဌာနက ဒီဇင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
ကေဘယ်သတင်းကွန်ရက်ကို ပြောင်းလဲရန်အတွက် CNN စီအီးအိုဖြစ်သူ Chris Licht က ရာနှင့်ချီသော ဝန်ထမ်းများအား  အလုပ်မှရပ်စဲကြောင်း  အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

Friday, 9 Dec 2022

၂၀၂၂ ခုနှစ်အတွင်း တရုတ်-အလယ်အာရှ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ဘီလီယံ ၄၀ ကုဗမီတာ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း PipeChina West Pipeline  ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ 

Tuesday, 22 Nov 2022

ကမ္ဘာအနှံ့တွင်  လျှပ်စစ်ကား (EV)များကို    တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည့်  Ford  မော်တော်ကားကုမ္ပဏီမှ  အမှုဆောင် အရာရှိက တောင်အာဖရိကတွင် များ မကြာမီကာလအတွင်း လျှပ်စစ်ကား (EV)များကို အများအပြား မြင်တွေ့ လာရတော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
တောင်အာဖရိကတွင် လျှပ်စစ် ကား(EV)များ  ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းအသားတင် ထုတ်ကုန်၏ ၅ ရာခိုင်နှုန်းနှင့်  အလုပ်အကိုင်ပေါင်း တစ်သိန်းကျော်ကိုလည်း ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tuesday, 22 Nov 2022

ဗြိတိန်တွင် လတ်တလောကာလ၌ တစ်ဦးချင်းဝင်ငွေ ကျဆင်းမှုများနှင့် ရင်ဆိုင်နေရပြီး လူနေမှုအဆင့်အတန်းများလည်း နိမ့်ကျမှုရှိလာနိုင်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တွင် ကုန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာမှုနှင့်အတူ လူ တစ်ဦးချင်း၏ ဝင်ငွေမှာလည်း လာမည့်နှစ်အနည်းငယ်အတွင်း ၇ ရာခိုင်နှုန်း အထိ ကျဆင်းလာနိုင်ကြောင်း ဗြိတိန်အစိုးရ၏ ခန့်မှန်းချက်အရ သိရသည်။ ထို့ပြင် ဗြိတိန်တွင် အလုပ်လက်မဲ့ဦးရေသည်လည်း တိုးလာဖွယ်ရှိနေသည်ဟု ဆိုသည်။

Tuesday, 22 Nov 2022

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတွင် နိုဝင် ဘာ ၂၀ ရက်က စတင်ကျင်းပနေပြီဖြစ်သည်။ ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားက အပြိုင်အဆိုင် စပွန်ဆာပေးမှုများရှိရာတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်ပြီး ကာတာကမ္ဘာ့ဖလား၏ အကြီး ဆုံး စပွန်ဆာပေးသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Wednesday, 9 Nov 2022

တရုတ်သိပ္ပံပညာရှင်များသည် ဂျယ်လီကဲ့ သို့ အရည်ဖြည့်ရသည့်  လစ်သီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်ခဲ့ရာ လက်ရှိအချိန်၌ အောင်မြင် ခဲ့ပြီဖြစ်ကြောင်း   ဆင်ဟွာသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၄ ရက်က ရေးသားဖော်ပြထားသည်။
ပုံမှန်သုံးနေကြဖြစ်သည့် လစ်သီယမ်အိုင်းယွန်း ဘက်ထရီများသည် ပေါက်ကွဲမှုဖြစ်ပေါ်ကာ မီးလောင်မည့်အန္တရာယ်ရှိနေခြင်းကို ယခုအသစ် တီထွင်လိုက်သည့် လစ်သီယမ်ဘက်ထရီက ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Wednesday, 9 Nov 2022

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ တွင် ပထမဦးဆုံးသော ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုကို  နိုဝင်ဘာ ၂ ရက်က   ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆိပ်ကမ်းအင်ဂျင် နီယာလုပ်ငန်း China Harbor Engi- neering Company Ltd(CHEC) သည် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် လာဂို့စ်မြို့၌ ပင်လယ် ရေကြောင်းစီမံကိန်းကြီး ပြီးမြောက်ခဲ့ ပြီးနောက်  နိုင်ဂျီးရီးယား၏ ပထမဆုံးသော အဆိုပါ  ပင်လယ်ရေနက်ဆိပ်ကမ်းကို အစိုးရအဖွဲ့ထံသို့ နိုဝင်ဘာ ၁ ရက်တွင်  လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Wednesday, 12 Oct 2022

အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဖွံ့ဖြိုး တိုးတက်မှု အားကောင်းသည့် စင်ကာပူနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် သုခဘုံငှက်ဥယျာဉ်အသစ်တစ်ခု ဖွင့်လှစ်သွားရန်   အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ  အသစ်ဖွင့်လှစ်မည့် သုခဘုံငှက် ဥယျာဉ်ကို စင်ကာပူနိုင်ငံ မန်ဒိုင်း၌ ဖွင့်လှစ်သွား မည်ဟု သိရသည်။ အာရှတိုက်တွင် အကြီးဆုံးဖြစ် သည့် စင်ကာပူနိုင်ငံ၏  လူသိများ ထင်ရှားသော ငှက်ဥယျာဉ်တစ်ခုဖြစ်သည့် ဂျူရွန်ငှက်ဥယျာဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပိတ်သိမ်းခဲ့ ပြီးနောက် မန်ဒိုင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရှိ သုခဘုံဟု နာမည်ပေးထားသည့် ငှက်ဥယျာဉ် အသစ်တစ်ခုကို ၂၀၂၃ ခုနှစ်တွင်  ဖွင့်လှစ်ရန် စီစဉ်ထားပြီဖြစ်ကြော

Wednesday, 12 Oct 2022

ကိုဗစ်အလွန်ကာလတွင် စီးပွားရေး သိသိ သာသာ ဖွံ့ဖြိုးတိုးတက်လာသည့် အိန္ဒိယနိုင်ငံ သည်  အမေရိကန်ဒေါ်လာ ဘီလီယံ ၁၂၀ဝ အထိ သုံးစွဲပြီး တရုတ်စက်ရုံများကို ဆွဲဆောင်ရန် ပြင်ဆင်နေကြောင်း Indiatimes  တွင် အောက်တို ဘာ ၇ ရက်က ရေးသားဖော်ပြထားသည်။အိန္ဒိယနိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာ နှင့် အမြန်ထုတ်လုပ်နိုင်ရေးဆိုသည့် အင်အားနှစ် ခုကိုတည်ဆောက်ကာ ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့်စက်ရုံများကို  ဆွဲဆောင်သွားမည်ဖြစ်

Pages