Main menu

Background

Wednesday, 21 Jun 2023

ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁ ဒသမ ၃ သန်းခန့် စေလွှတ်ထားပြီး အဆိုပါ ပြည်ပရောက်လုပ်သားများအနေဖြင့် မိခင်  ကမ္ဘောဒီးယားနိုင်ငံသို့ ဘတ်သန်း ၉၀ဝ၀ ကျော် ငွေပြန်လွှဲနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယား အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Monday, 5 Jun 2023

ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေ ကြသည့် လုပ်သားများအနေဖြင့် မိမိတို့၏ လူသားများနေရာတွင် နည်းပညာများအား အစားထိုးပြုလုပ်လာကြမည်ကို အလုပ်သမား ၁၀ ဦးတွင် ခုနစ်ဦးက စိုးရိမ်လျက်ရှိနေကြကြောင်း စစ်တမ်းများ အရ သိရသည်။ 
ထိုကဲ့သို့ လုပ်သားများက စိုးရိမ်နေချိန်တွင် နာမည်ကြီး ကုမ္ပဏီအများစုက ၎င်းတို့၏လုပ်ငန်းကို အနာဂတ်၌ သက်သေ ပြနိုင်ရေးအတွက် နည်းပညာကိုအသုံးချရန်လိုအပ်ကြောင်း ပြော ဆိုထားသည်။

Monday, 5 Jun 2023

တရုတ်နိုင်ငံ၏       ထိပ်တန်း လျှပ်စစ် မော်တော်ကားထုတ်လုပ်သူ  BYD ကုမ္ပဏီသည် အရှေ့တောင်အာရှ ၏ နဠ  မော်တော်ကား ဈေးကွက်ကို တစ်နေ့တခြား   စိုးမိုးဦးဆောင်လျက် ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံ    မော်တော်ကား ထုတ်လုပ်သူ ြီ့ အနေဖြင့် ဂျပန်ပြိုင် ဘက်များကို   နောက်ကောက်ချပြီး အရှေ့တောင်အာရှ    ဈေးကွက်ကို ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင်BYD ကုမ္ပဏီသည်   ထိုင်းနိုင်ငံတွင် လည်း ၎င်း၏  ပထမဦးဆုံးသော EV ထုတ်လုပ်မှုစက်ရုံကို တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း  မကြာသေးမီက ကြေညာခဲ့သည်။ 

Monday, 5 Jun 2023

စင်ကာပူနိုင်ငံ၏ ပိုကုန်ကဏ္ဍမှာ ယခု ၂၀၂၃ ခုနှစ် ပထမ လေးလ ပတ်၌  ကျဆင်းခဲ့ကြောင်းasianbusinessreview.com တွင်  ရေးသား ဖော်ပြထားသည်။  စင်ကာပူနိုင်ငံ၏ ပို့ကုန်ကဏ္ဍမှာ ၂၀၂၃ ခုနှစ် ပထမ လေးလပတ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက် လက်ပြီး ကုန်ပစ္စည်းစုစုပေါင်းကုန်သွယ်မှုသည် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းအထိ ထပ်မံကျဆင်းနိုင်ကြောင်း EnterpriseSingapore (Enterprise SG) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

Monday, 5 Jun 2023

 ထိုင်ဝမ်အခြေစိုက်Media Tek  ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Nvidia ကုမ္ပဏီတို့သည် စမတ်ကား ဉာဏ်ရည်တုနည်းပညာ(AI)အတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း corp.mediatek.comတွင် ဖော်ပြထား သည်။
အဆိုပါ အီလက်ထရွန်နစ်ကုမ္ပဏီကြီးနှစ်ခုသည် စမတ်ကားများအတွင်း ဉာဏ်ရည်တု(AI) နည်းပညာများကို ထည့်သွင်းဖြေရှင်းရေးအတွက် ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဉာဏ်ရည်တု (AI) နည်းပညာနှင့် မောင်းနှင် သည့် မောင်းသူမဲ့ကားများတွင် နည်းပညာအခက် အခဲများကို ဖြေရှင်းနိုင်ရေးအတွက် အီလက်ထရွန် နစ်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

Tuesday, 23 May 2023

အာရှတွင်းနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ကော်ဖီသောက် သုံးမှု မြင့်တက်နေသကဲ့သို့ ကော်ဖီထုတ်လုပ်မှု တွင်ကျယ်လျက်ရှိသည်။ ထို့ပြင် စင်ကာပူနိုင်ငံထွက် ကော်ဖီများကိုလည်း ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်ကြကာ တင်ပို့ရောင်းချမှု  မြင့်တက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင်  စင်ကာပူနိုင်ငံ၏ ကော်ဖီရောင်းအားမှာ မြင့်တက်လျက်ရှိခြင်းနှင့်အတူ လာမည့် ငါးနှစ်အတွင်း၌လည်း ကော်ဖီ ရောင်းအား ဆက်လက်မြင့်တက်နေဦးမည်ဟုGl obal Data  က ဖော်ပြ ထားသည်။
၂၀၂၂ ခုနှစ်မှ  ၂၀၂၇ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ ကော်ဖီ ဈေးကွက်ရောင်းချမှုသည် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

Tuesday, 23 May 2023

စက်မှုထွန်းကားပြီး   ဖွံ့ဖြိုးတိုး တက်မှုရှိသည့်  ဂျာမနီနိုင်ငံတွင် ယခု ၂၀၂၃ ခုနှစ်အတွင်း  ကျွမ်းကျင်လုပ် သားလိုအပ်မှု ပြဿနာဖြင့် ရင်ဆိုင်နေ ရကြောင်း economist.com ၏ ရေး သားဖော်ပြထားချက်အရ သိရသည်။ 
စက်မှုလုပ်ငန်း  ကဏ္ဍမျိုးစုံတွင် ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာ ဖြင့်  ရင်ဆိုင်နေရသည့် ဂျာမနီနိုင်ငံ သည်  အထူးသဖြင့်  ဥရောပပြင်ပမှ ကျွမ်းကျင်လုပ်သားများကို အဓိကထား ဦးစားပေး   ခေါ်ယူလျက်ရှိကြောင်း economist.com တွင်  ဆက်လက် ဖော်ပြထားသည်။ 

Tuesday, 23 May 2023

အစ္စရေးနိုင်ငံသည် လျှပ်စစ်မော် တော်ကား သုံးစွဲမှုကို တွင်တွင်ကျယ် ကျယ် အသုံးပြုလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း တရုတ် နိုင်ငံထုတ် လျှပ်စစ်မော်တော်ကားများ က ဈေးကွက်အား လွှမ်းမိုးထားလျက်ရှိ နေကြောင်း အစ္စရေး မော်တော်ကားတင်သွင်းသူများအသင်း ( Israel Vehicle Importers Association ၏ ထုတ်ပြန် ချက်အရ သိရသည်။
အစ္စရေးနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားများကို  လျှပ်စစ်ကားများ ဖြင့် အစားထိုး ပြေးဆွဲနေရာ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ခရီးသည် တင် လျှပ်စစ်ကား တင်သွင်းမှု၏ ၆၆ ရာခိုင်နှုန်းသည်   တရုတ်နိုင်ငံမှ ဖြစ် ကြောင်း  english.news.cn သတင်း တွင် ရေးသားဖော်ပြထားသည်။

Wednesday, 10 May 2023

တောင်ကိုရီးယားနိုင်ငံသည်  ယခု ၂၀၂၃ ခုနှစ်တွင် ပြည်ပပို့ကုန် ကျဆင်းမှုနှင့် ရင်ဆိုင်နေရကြောင်း သနခ.တသမိူ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလက ပြည်ပပို့ကုန် ၁၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

Wednesday, 10 May 2023

အမေရိကန်ပြည်ထောင်စုရှိ ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဈေးကွက်ကို ချုပ်ကိုင်ထားသည့် ဘဏ်အကျပ်အတည်းကို စိုးရိမ်သောကြောင့် ဒေသတွင်းရှိ ဘဏ်အများအပြားတွင် ရှယ်ယာများထည့်ဝင်မှု သိသိသာသာ ကျဆင်း သွားခဲ့ကြောင်း  ဘီဘီစီသတင်းတစ်ရပ်က  ရေးသားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် First Republic ဘဏ် ပြိုကွဲပြီးနောက် ဖောက်သည်များက အမေရိကန်ဒေါ်လာဘီလီယံ ၁၀ဝ ကျော် ပြန်လည်ထုတ်ယူခဲ့သည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုသမိုင်း၌ ဒုတိယအကြီးဆုံး ဘဏ်ကျရှုံး မှုဖြစ်ပြီး ၂၀၂၃ ခုနှစ်  မတ်လနောက်ပိုင်းတွင် တတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

Pages