Main menu

Background

Monday, 31 Jul 2023

ဖင်လန်နိုင်ငံအခြေစိုက် 18Wheels Inc ကုမ္ပဏီက မည်သည့် မြေပြင်နေရာ တွင်မဆို မောင်းနှင်နိုင်သည့် ၁၈ ဘီးကား (all-terrain vehicle -ATVကို တီထွင် လိုက်ကြောင်း motortrend.comတွင် ဇူလိုင် ၂၈ ရက်က ရေးသားဖော်ပြထားသည်။ 
အဆိုပါ ၁၈ဘီးကားသည် ဘီးလုံးငယ်တစ်လုံးစီကို သီးခြားအောက်ပိုင်းစနစ် တစ်ခုစီဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မညီမညာ ကြမ်းတမ်းသည့် လမ်းများ ၌ပင် သက်သောင့်သက်သာ မောင်းနိုင်၊ စီးနိုင်စေမည်ဟု   18Wheels Incကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

Monday, 31 Jul 2023

အမေရိကန်ပြည်ထောင်စု၏  စီးပွားရေး သည် ယခုနှစ်တွင်  မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာခဲ့ကြောင်း အစိုးရထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်အရ သိရသည်ဟု ဘီဘီစီသတင်း ဌာနက ဇူလိုင် ၂၈ ရက်တွင် ရေးသားဖော်ပြထား သည်။
အမေရိကန်ပြည်ထောင်စုတွင်   စားသုံးသူ အသုံးစရိတ်  နှေးကွေးနေသော်လည်း  နိုင်ငံ၏ စီးပွားရေးမှာမူ  တိုးတက်မှု  ရှိလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

Tuesday, 18 Jul 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရပ်ဝန်းနှင့်   ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများအကြားမှ ကုန်သွယ်မှုသည် ယခု ၂၀၂၃ ခုနှစ်    ပထမခြောက်လ အတွင်း   ကုန်သွယ်မှုမှာ   ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့လာခဲ့ ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်  ပထမခြောက်လ အတွင်း စုစုပေါင်း  အလုံးစုံ ကုန်သွယ် ရေးတိုးတက်မှုထက်  ပွိုင့် ၇ ဒသမ ၇ ရာခိုင်နှုန်း  ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ် ကြောင်း ဇူလိုင် ၁၃ ရက်တွင်  တရုတ် နိုင်ငံအစိုးရ၏  ထုတ်ပြန်ချက်များအရ  သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

Tuesday, 18 Jul 2023

ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ်သော ခြံထွက်သစ်သီးဝလံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချခြင်းများ တွင်ကျယ်လျက်ရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် ထိုကဲ့သို့ သစ်သီးများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းမှာ  အရှိန်အဟုန်ဖြင့်  တိုးတက်လာလျက်ရှိကြောင်း၊  E commerce ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ အား တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်ရန် တိုက်တွန်းလျက် ရှိကြောင်း Vietnam  News ၏ ဖော်ပြချက်အရ သိရသည်။

Tuesday, 18 Jul 2023

တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေနံမြေဖြစ်သည့် တာချင့် ရေနံလုပ်ကွက်မှ  ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရေနံစိမ်းတန်ချိန် ၁၅ ဒသမ ဝ၉  သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း China National Petroleum Corporation ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သော ရေနံမြေ၏ထုတ်ပြန်ချက်အရ သိရသည်ဟု ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

Tuesday, 18 Jul 2023

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာတင်သင်္ဘောကြီးဖြစ်သည့် OOCL PIRAEUS  သည် ဇူလိုင် ၁၀ ရက်တွင် ဂရိနိုင်ငံ Piraeus ဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခဲ့ကြောင်းnews.cnသတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 
OOCL PIRAEUS အမည်ရ  သင်္ဘောကြီးကို Orient Overseas Container Line Europe (OOCL) ကုမ္ပဏီက အသစ်  တည်ဆောက်ထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း အကြီးဆုံး ကွန်တိန်နာ တင်သင်္ဘောများအနက် တစ်စင်းဖြစ်သည်။

Monday, 3 Jul 2023

တရုတ်နိုင်ငံ လျှပ်စစ်ကားကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှဒေသအတွက် မော် တော်ကားထုတ်လုပ်မှု  အခြေစိုက်ရာ နေရာအဖြစ် ပိုမိုရင်းနှီးမြှုပ်နှံရန်   မျက်စိကျ  စိတ်ဝင်စားနေကြ ကြောင်း သိရသည်။

Monday, 3 Jul 2023

ဗီယက်နမ်နိုင်ငံထွက် ဒူးရင်းသီး များမှာ အရည်အသွေး  ကောင်းမွန်မှု နှင့်အတူ လူကြိုက်များလာခြင်းကြောင့် ပြည်တွင်းရောင်းအားသာမကဘဲ ပြည်ပ သို့ တင်ပို့မှုပါ လိုက်ပါမြင့်တက်လာခဲ့ သည်။
ဗီယက်နမ်နိုင်ငံသည်   ယခုနှစ် ပထမငါးလအတွင်း  ပြည်ပနိုင်ငံများသို့ ဒူးရင်းသီး   တင်ပို့မှုမှ  အမေရိကန် ဒေါ်လာ သန်း ၅၀ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ ယမန်နှစ် ကာလ တူနှင့်နှိုင်းယှဉ်ပါက ၁၈ ဆအထိ မြင့် တက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားဖော်ပြထားသည်။

Monday, 3 Jul 2023

ထိုင်းနိုင်ငံနှင့်   ကမ္ဘောဒီးယားနိုင်ငံတို့သည်MOUရွှေ့ပြောင်း  အလုပ်သမားများ  တင်သွင်းမှု အတွက်  အွန်လိုင်းစနစ်ဖြင့်  စတင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း postsen.com သတင်းတစ် ရပ်တွင် ရေးသားဖော်ပြထားသည်။

Wednesday, 21 Jun 2023

အမေရိကန် ဗဟိုဘဏ်၏ ဇွန်လ ဒုတိယပတ် အစည်း အဝေး မတိုင်မီ ကမ္ဘာ့ရေနံဈေးသည် ၂ ဒေါ်လာ ကျဆင်းသွား ခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဗဟိုဘဏ်၏ လောင်စာ ဆီဝယ်လိုအား  တိုးမြင့်လာမှုနှင့်  ရုရှားနိုင်ငံ၏ ရေနံစိမ်း ရောင်းလိုအား  မြင့်တက်လာမှုအပေါ်   စိုးရိမ်မှုများ ရှိနေ ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထား သည်။
ရေနံစိမ်း တစ်စည်လျှင်  အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၈ ဒေါ်လာမှ ၆၈ ဒသမ ၁၅ ဒေါ်လာအထိ ကျဆင်း သွားခဲ့ရခြင်းကြောင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

Pages