Background
ထိုင်းနိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်နှင့် တိုင်းပြည်ဝင် ငွေကို အလယ်အလတ်အဆင့်မှထပ်မံတိုးတက်အောင်ဆောင် ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများမှ လွတ်မြောက်စေ ရန်အတွက် ထိုင်းနိုင်ငံသည် လုပ်သား ၁၃ သန်း ကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပေးရန်လိုကြောင်း ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ထိုင်းနိုင်ငံက စက်မှုလုပ်ငန်းတိုးတက်မှု စတုအဆင့် သို့ရောက်ရှိရန် တက်လှမ်းနေချိန်တွင် လုပ်သားအင်အားကိုအဆင့်မြှင့်တင်ရေးမှာအဓိကကျသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ''ထိုင်းနိုင်ငံကို ဒီဇိုင်းပြန်လည်ရေးဆွဲခြင်း'' (Re-Design Thailand) ခေါင်းစဉ်ဖြင့် သမ္မာဆက်တက္ကသိုလ်ဘောဂဗေဒ ဌာနကပြု လုပ်
၂၀၁၇ ခုနှစ်တွင် နော်ဝေနိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်တင်ပို့မှု သည် တန်ချိန် ၂ ဒသမ ၆ သိန်း၊ တန်ဖိုး အားဖြင့် နော်ဝေနိုင်ငံသုံး ငွေကြေး ၉၄ ဒသမ ၅ သန်း(အမေရိကန် ဒေါ်လာ သန်း ၁၁ ဒသမ ၇) ထိရှိခဲ့ပြီး တင်ပို့မှု ပမာဏ တန်ချိန်ရော တန်ဖိုးပါ စံချိန် တင် မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ကထက် တန်ဖိုးသုံးရာခိုင်နှုန်းနှင့်တန်ချိန်ခုနစ်ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့ ကြောင်း နော်ဝေနိုင်ငံ ပင်လယ်စာ စားသောက်ကုန်ကောင်စီမှ ပြောကြားခဲ့ သည်။ နော်ဝေနိုင်ငံ၏ ၂၀၁၇ ခုနှစ် ပင်လယ်စာ စားသောက်ကုန် တင်ပို့မှုသည် အင်မတန် အံ့သြစရာကောင်း လောက်အောင် မှတ်တမ်းတင်နိုင်ခဲ့ သည်ဟု နော်ေ၀ နိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်ကောင်စီ
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိသည့်အချိန်အတွင်း တရုတ် နှင့်အမေရိကန်တို့မှ ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ် များအား လက်မှတ်ရေးထိုးချုပ် ဆိုခဲ့ရာ ချုပ်ဆိုခဲ့သည့် စာချုပ်စုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ရှိကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြခဲ့သည်။