Main menu

Background

Wednesday, 10 May 2023

အမေရိကန်ပြည်ထောင်စုရှိ ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဈေးကွက်ကို ချုပ်ကိုင်ထားသည့် ဘဏ်အကျပ်အတည်းကို စိုးရိမ်သောကြောင့် ဒေသတွင်းရှိ ဘဏ်အများအပြားတွင် ရှယ်ယာများထည့်ဝင်မှု သိသိသာသာ ကျဆင်း သွားခဲ့ကြောင်း  ဘီဘီစီသတင်းတစ်ရပ်က  ရေးသားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် First Republic ဘဏ် ပြိုကွဲပြီးနောက် ဖောက်သည်များက အမေရိကန်ဒေါ်လာဘီလီယံ ၁၀ဝ ကျော် ပြန်လည်ထုတ်ယူခဲ့သည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုသမိုင်း၌ ဒုတိယအကြီးဆုံး ဘဏ်ကျရှုံး မှုဖြစ်ပြီး ၂၀၂၃ ခုနှစ်  မတ်လနောက်ပိုင်းတွင် တတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

Monday, 24 Apr 2023

ထိုင်းနိုင်ငံတွင် ယခု ၂၀၂၃ ခုနှစ်၌ ခရီး သွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ အလုပ်သမားလိုအပ်ချက်လည်း လိုက်ပါမြင့်တက် လာကြောင်း သိရသည်။
လက်ရှိကာလတွင် ထိုင်းနိုင်ငံ၌ အလုပ် သမား သုံးသိန်းကျော် လိုအပ်နေကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က ပြောကြားကြောင်း  ဗန်ကောက်ပို့စ်သတင်းတွင်  ရေးသား ဖော်ပြထားသည်။

Monday, 24 Apr 2023

ဂျပန်အခြေစိုက် Sega Sammy Holdings သည် ဖင်လန်အခြေစိုက် Rovio Entertainment ထံမှ နာမည်ကြီး Angry Birds ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ Sega Sammy Holdings  သည် Angry Birds အား ဝယ်ယူမှုအတွက် ဖင်လန်အခြေစိုက် ဗီဒီယိုဂိမ်းထုတ်လုပ်သူ Rovio Entertainment ကို ယူရို ၇၀၆ သန်း (ပေါင် ၆၂၅ သန်း)  ပေးချေထားပြီး ဖြစ်ကြောင်း သိရသည်။ Sega သည် နာမည်ကြီး Sonic the Hedgehog ဇာတ်ကောင် ဖြင့် ဗီဒီယိုဂိမ်းများကို ထုတ်လုပ်နေသည့် ဂျပန်ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

Thursday, 30 Mar 2023

ကြီးမားသည့် ရွှေသိုက်ကြီးတစ်ခုကို မကြာမီ ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ၌  တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့သည့် အဆိုပါ ရွှေသိုက်ကြီးမှာ တန်ချိန် ၅၀ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းရွှေသိုက်ကြီးမှာ လက်ရှိကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနှင့်ညီမျှကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်ဟု ဆိုသည်။

Thursday, 30 Mar 2023

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံ၌ စားအုန်းဆီ ပြည်တွင်းစားသုံးမှု မြင့်တက်လျက်ရှိနေသော်လည်း ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တန်ချိန် ၁၉ ဒသမ ဝ၁ သန်း ရှိခဲ့သည်။ သို့သော် ယခု ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တန်ချိန် ၁၉ ဒသမ ၈၅ သန်း အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ 

Thursday, 16 Mar 2023

အမေရိကန်နိုင်ငံတွင် အခြေစိုက် ထုတ်လုပ်နေသည့် လျှပ်စစ်မော်တော်ကားများကို ကမ္ဘာတစ်ဝန်းသို့ လျှော့ဈေး ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ 

အမေရိကန်ကုမ္ပဏီထုတ် လျှပ်စစ်မော်တော်ကားများကို လက်ရှိပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည်ဖြစ်ပြီး ကားမော်ဒယ်အလိုက်၊ ဝယ်ယူမည့်နိုင်ငံ အလိုက် ၂၀ ရာခိုင်နှုန်းထက် ပိုမိုသည့် လျှော့ဈေးများလည်း ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာထားသည်။

Thursday, 16 Mar 2023

ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေခြင်းကို ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လျက်ရှိကြောင်း CNBC သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရိုမီပိုဝဲလ်က အမေရိကန်ဒေါ်လာကို သုံးလအတွင်း အမြင့်ဆုံးသို့ တွန်းပို့သွားမည်ဖြစ်ကြောင်း မတ်လ ပထမပတ်တွင် ပြောဆိုထားသည်။

Tuesday, 28 Feb 2023

စမတ်ဖုန်းများ အပါအဝင် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ် သည့် ဆမ်ဆောင်းကုမ္ပဏီသည် မောင်းသူမဲ့ကားများအတွက်ဉာဏ် ရည်တု (AI)  အသုံးပြုထားသည့် ချစ်ပ်ပြားများကို ထုတ်လုပ်သွားရန် ဆုံးဖြတ်လိုက်ခြင်းနှင့်အတူ မောင်းသူမဲ့ကားဈေးကွက်သို့ ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။
ဆမ်ဆောင်းနှင့်ပြိုင်ဘက် Xiaomi ကုမ္ပဏီက မောင်းသူမဲ့ကားများ နှင့် လျှပ်စစ်ကားများ ထုတ်လုပ်သွားရန် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ဆမ်ဆောင်းကလည်း မောင်းသူမဲ့ကားများအတွက် ချစ်ပ်ပြားများ ထုတ် လုပ်သွားရန် လမ်းကြောင်းကို ရွေးချယ်လာခဲ့ခြင်းဖြစ်သည်။

Tuesday, 28 Feb 2023

သြစတြေးလျ  လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Qantas သည် ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်မှစတင်ပြီး အမြတ် ငွေများ  ပြန်လည်ရရှိခဲ့ကြောင်း ယင်း ကုမ္ပဏီ၏  ထုတ်ပြန်ချက်အရ သိရှိရ သည်ဟု  ဘီဘီစီသတင်းဌာနက ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်း က Qantas လေကြောင်းလိုင်း၏ အမြတ်ရရှိမှုမှာ သိသိသာသာ တိုးတက် လာခဲ့ပြီး ခြောက်လတာ  ကာလတွင်   သြစတြေးလျဒေါ်လာ  တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ  ၆၈၃  သန်း/ ဗြိတိန် ပေါင် ၅၆၆ သန်း)   အထိပင် အမြတ်အစွန်း  ရရှိခဲ့ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။

Monday, 13 Feb 2023

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုမှာ ဂျာမနီနိုင်ငံကိုကျော်လွန်ပြီး  ကမ္ဘာပေါ်တွင်  ဒုတိယ တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာကြောင်း scmp.com  တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုမှာ ၂၀၂၂ခုနှစ် စာရင်းများအရ သုံးသန်းကျော်ရှိခဲ့သည်။ ဂျာမနီနိုင်ငံ၏  တင်ပို့မှုမှာ ၂ ဒသမ ၆၁ သန်းသာ ရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံက ကျော်တက်ပြီး ကမ္ဘာပေါ်တွင် မော်တော်ယာဉ်တင်ပို့မှု ဒုတိယအများဆုံးနေရာကို  ရောက်ရှိလာခြင်းဖြစ် သည်။

Pages