Main menu

Background

Monday, 11 Sep 2023

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက စီးပွား ရေးကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့်  အင်ဒို နီးရှား-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် အင်ဒိုနီးရှား ကုန်သည်/စက်မှု အသင်း (KADIN) ဥက္ကဋ္ဌM.Arsjad Rasjid မှ ပြောကြားခဲ့သည်ဟု gnlm.com.mm က စက်တင်ဘာ ၇ ရက်တွင် ရေးသားဖော်ပြထားသည်။

Monday, 11 Sep 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် ရေကာ တာတွင် သင်္ဘောဖြတ်သန်းသွားလာရန်  အဆင့်ငါးဆင့်ရှိ ရေပြင်ညှိဆည်မှတစ်ဆင့်   လစဉ်   ကုန်စည်ဖြတ်သန်းမှုမှာ ပြီးခဲ့သည့် သြဂုတ်လက တန်ချိန် ၁၅ ဒသမ ၇၁ သန်းကျော်ဖြင့် စံချိန်တင်မြင့်မားခဲ့ကြောင်း China Three Gorges ကော် ပိုရေး ရှင်းအရ သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသား ဖော်ပြထားသည်။ 

Monday, 11 Sep 2023

ဗြိတိန်အခြေစိုက် ချစ်ပ်ပြားထုတ်လုပ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်  Arm သည် ၂၀၂၆ ခုနှစ်မှစ၍ ၎င်း၏ ပထမဆုံးသော ရှယ်ယာများကို အများသူငှာ ရောင်းချခြင်းတွင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀(ပေါင် ဘီလီယံ ၄၀)ကျော်ရရှိရန် မျှော်မှန်းထားကြောင်း စက်တင် ဘာ ၈ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ရေး သားဖော်ပြထားသည်။

Thursday, 31 Aug 2023

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက် စာမျက်နှာfacebook ကို ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း Bangkok Post  သတင်း ဌာနက ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် လူပေါင်းနှစ်သိန်းကျော်ကို လိမ်လည် လှည့်ဖြားခဲ့သည်ဟု တိုင်ကြားခံထားရသော ပေ့ချ်အတုများ၊ လိမ်လည်သော ပေ့ချ်များမှ ကြော်ငြာခများကို  facebook ကုမ္ပဏီက လက်ခံယူနေသည်ဟုဆိုကာ ထိုင်းနိုင်ငံမှ အစိုးရ တာဝန်ရှိသူများသည် နိုင်ငံတွင်းfacebook  ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုကို  ပိတ်သိမ်းရန် တရားရုံးချုပ်ထံမှ အမိန့်ကို တောင်းခံထားကြောင်း သိရသည်။

Thursday, 31 Aug 2023

ဂျပန်နိုင်ငံ၏ သင်္ဘောလိုင်းတစ်ခုဖြစ်သည့် Nippon Yusen Kaisha (NYK))သည် အင်ဒိုနီးရှားနိုင်ငံရှိ Patimban  ဆိပ်ကမ်းတွင် မော်တော်ကား ဆိပ်ခံအတွက် ရှယ်ယာများ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

Thursday, 31 Aug 2023

တရုတ်နိုင်ငံ၏ စက်ရုပ်လုပ်ငန်းမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုတွင်ကျယ်လာပြီး ကမ္ဘာ့စီးပွား ရေးလောကတွင်    ရှေ့တန်းသို့    ရောက်ရှိလာ ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် သြဂုတ် ၁၆ ရက်မှစတင်၍  ခုနစ်ရက်ကြာ  ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ညီလာခံ (ျွှျွဃ)၌ ကမ္ဘာတစ်ဝန်းမှ စက်ရုပ်ကုမ္ပဏီပေါင်း  ၁၆၀ ခန့် ပါဝင်ပြသခဲ့ကြ သည်။ အဆိုပါကုမ္ပဏီများက စက်ရုပ်ပေါင်း ၆၀ဝ နီးပါးကို ပြသခဲ့ကြခြင်းလည်းဖြစ်သည်။ 

Monday, 14 Aug 2023

ကမ္ဘာ့စီးပွားရေးတွင် ဒုတိယအင်အားအကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ် နိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး ပြန်လည်ဦးမော့လာမည့် အလားအလာ များကို ခြိမ်းခြောက်ခံနေရကြောင်းနှင့် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များသည် ယခင်လက မျှော်လင့်ထားသည်ထက် သိသိသာသာကျဆင်းသွားခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် သြဂုတ် ၉ရက်က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် တရားဝင်ကိန်းဂဏန်းများအရ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့ သည့် ဇူလိုင်လတွင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း  ကျဆင်းခဲ့ပြီး သွင်းကုန်မှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Monday, 14 Aug 2023

နစ်ဆန်းသည်  Full size  ပစ်ကပ် ထရပ်ကားဈေးကွက်၌  ၂၁ နှစ်ကြာ ခက်ခဲစွာ    ကျင်လည်ခဲ့ပြီးနောက်  Nissan Titan  မျိုးဆက်ကို လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း gearpatrol.com  က သြဂုတ် ၉ ရက်တွင် ရေးသား ဖော်ပြထားသည်။

Monday, 14 Aug 2023

ထိုင်းနိုင်ငံက နိုင်ငံတကာနှင့် ကုန်သွယ်မှု များ ပြုလုပ်ရာတွင် တရုတ်ယွမ်ငွေနှင့် အခြား အာရှငွေကြေးများကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ် ကြောင်း သြဂုတ် ၉ ရက်တွင် ထိုင်းဗဟိုဘဏ်က အသိပေး ပြောဆိုလိုက်သည်။
လက်ရှိကာလတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုးမှာ ကွာဟ ချက်ကြီးမားလာနေသကဲ့သို့ အတက်အကျအပြောင်း အလဲ ကြမ်းလွန်းသည့်အတွက်လည်း ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများတွင် လက်ရှိ အသုံး များနေသည့် အမေရိကန်ဒေါ်လာအစား တရုတ် ယွမ်ငွေနှင့်  အခြားအာရှငွေကြေးများကို တိုးမြှင့် သုံးစွဲရန်   စီစဉ်နေကြောင်း  ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Monday, 31 Jul 2023

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကော် ယွမ်ဆိပ်ကမ်းသည်  နိုင်ငံတကာ ကုန်းလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်း တင်ပို့နိုင်မှုကြောင့် တရုတ် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် များစွာအထောက် အကူပြုလျက်ရှိကြောင်း သိရသည်။

Pages