Background
ကမ္ဘာ့ ကော်ဖီဇာတ်ခုံ ပေါ်တွင် နံပါတ်(၁)နေရာကို ရယူထားသည့် Starbucks သည် သံလွင်ဆီ ပါဝင်သည့် ကော်ဖီများကို နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး ရောင်း ချတော့မည်ဖြစ်ကြောင်း CNN သတင်းတစ်ရပ်က အောက်တိုဘာ ၃၀ ရက် တွင် ရေးသားဖော်ပြထားသည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးစွာ ပါဝင်ဖွဲ့စည်းထားသည့် ပွင့်လင်း၍ အစိုးရပိုင်းက အလုံးစုံ လွှမ်းခြုံပါဝင် သော ယန္တရားတစ်ရပ်ဖြစ်သည့်BRICS အဖွဲ့တွင် ပါဝင်ရန် မိတ်ဖက် နိုင်ငံများကို ဖိတ်ခေါ်ထားကြောင်း geopoliticaleconomy.com သတင်း ဌာန၏ အောက်တိုဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အရှေ့တောင်အာရှမှ အင်ဒိုနီး ရှားနိုင်ငံ အပါအဝင် အခြားသော စိတ်တူကိုယ်တူရှိမည့် မိတ်ဖက်နိုင်ငံ များကို လှိုက်လှဲစွာကြိုဆိုကြောင်းBRICS အဖွဲ့ဝင်နိုင်ငံများကိုယ်စား တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိတ် ခေါ်ထားခြင်း ဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ စီးပွားရေးမှာ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း CNBC သတင်းဌာန၏ မေးမြန်းချက်ကို အိန္ဒိယဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၁ ရက်တွင် ဖြေကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ ဒီနှစ်အတွက် လက်ရှိ အကဲဖြတ်မှုမှာ မူလက ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်းပဲ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုအတွက် ယုံကြည်ချက် ရှိနေပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်က အလွန် အားကောင်းနေပါတယ်" ဟု Shaktikanta Das က CNBC အတွက် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ကား ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့်BYD သည် ဝန်ထမ်းအင်အား စုစုပေါင်း ကိုးသိန်းကျော်အထိ ရှိနေခြင်း ကြောင့် ကမ္ဘာပေါ်တွင် ဝန်ထမ်းအများဆုံး မော်တော်ကားကုမ္ပဏီအဖြစ် ရပ်တည်နေကြောင်း CnEVPost ၏ အောက်တိုဘာ ၃ ရက် သတင်းဖော်ပြ ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင် အိမ်ခြံမြေနှင့် ပတ်သက်ပြီး ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ခြင်းကြောင့် အိမ်ခြံ မြေ ရှယ်ယာများ သိသိသာသာ မြင့် တက်လာခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်က အောက်တိုဘာ ၁ ရက်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံထုတ် အီးဗွီ မော်တော်ကားများအပေါ် အခွန်စည်းကြပ်ပြီးနောက် အီးယူ ထုတ်ကုန်များအပေါ်ကို လည်း တရုတ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂၉ ရက်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂမှ တင်သွင်းလာသော နို့ထွက်ပစ္စည်းများအတွက် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပြီး ဘရပ်ဆဲလ်မှ ပြန်လည်ပြင်ဆင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် တရုတ်နှင့် အီးယူ တို့၏ တင်းမာမှုများက မြင့်တက်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲ ရားအခြေစိုက် ဉာဏ်ရည်တု (AI) ချစ်ပ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nvidia သည် ရောင်းအားကောင်းလာသော်လည်း ရှယ်ယာများ ကျဆင်းသွားခဲ့ ကြောင်း ဘီဘီစီသတင်းဌာန၏ သြဂုတ် ၂၉ ရက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။ Nvidia သည် ၂၀၂၄ ခုနှစ် သုံးလတာကာလအတွင်း စံချိန်တင် ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ (ပေါင် ၂၄ ဒသမ ၇ ဘီလီယံ) ရရှိခဲ့ ကြောင်း ကြေညာခဲ့သော်လည်း တစ်ဖက်တွင် ရှယ်ယာများ ကျဆင်းခဲ့သည်ဟု ဆိုသည်။
နယ်သာလန်နိုင်ငံမှ Elysian ကုမ္ပဏီက ခရီးသည် ၉၀ တင်ဆောင် နိုင်ပြီး မိုင် ၅၀ဝ အထိ ပျံသန်းနိုင်သည့် E9X လျှပ်စစ်လေယာဉ်ကို တီထွင် ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း Airport Technology သတင်းဌာနက သြဂုတ် ၂၉ ရက်တွင် ရေးသားဖော်ပြ ထားသည်။
ယနေ့ခေတ်တွင် ကမ္ဘာပေါ်၌ လျှပ်စစ်မော်တော်ကားများစွာ ထုတ် လုပ်လာနိုင်ခဲ့ပြီဖြစ်သော်လည်း လျှပ်စစ် လေယာဉ်များကိုမူ များများစားစား တီထွင်ထုတ်လုပ်နိုင်မှု မရှိသေးပေ။ လျှပ်စစ်မော်တော်ကားများ ထုတ်လုပ် ရာတွင် လွယ်ကူမှုရှိမည် ဖြစ်သော် လည်း လျှပ်စစ်လေယာဉ်များကို တည် ဆောက်ရာတွင်မူ အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။
အမေရိကန် ချစ်ပ်ထုတ်လုပ်သည့်Intel ၏ စတော့ဈေးကွက်များ လျော့နည်း ကျဆင်းလာသဖြင့် ဝန်ထမ်းပေါင်း ၁၅၀ဝ၀ ကို အလုပ်မှ ရပ်နားရန် စီစဉ်ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က သြဂုတ် ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
Intel ကုမ္ပဏီသည် ဝန်ထမ်းပေါင်း ၁၅၀ဝ၀ ကို လျှော့ချရန် သြဂုတ် ၂ ရက်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ှုညအနူ ကုမ္ပဏီက ထိုကဲ့သို့ ကြေညာပြီးနောက် ကုမ္ပဏီတွင် ရှယ်ယာများ ၂၀ ရာခိုင် နှုန်းအထိ ထိုးဆင်းသွားကာ အရောင်းလည်း ကျဆင်းသွားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းတိုးတက်ရန် လွတ် လပ်သော ကုန်သွယ်မှု နယ်မြေများကွန်ရက် (Free Trade Areas-FTAsက မျှော်မှန်းထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ သြဂုတ် ၂ ရက်တွင် ရေးသားဖော်ပြ ထားချက်အရ သိရသည်။
တရုတ်နိုင်ငံသည် ၎င်းတို့၏ လွတ်လပ်သော ကုန် သွယ်မှုနယ်မြေများကွန်ရက် (FTAs) သည် ၂၀၃၀ ပြည့် နှစ်တွင် စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၄၀ ရာခိုင် နှုန်းတိုးတက်လာရန် သေချာစေရေးအတွက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
