Main menu

Background

Tuesday, 3 Jun 2025

အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ   ဖြစ်လာ ကြောင်းThe Time of India သတင်း ဌာနကThe New York Times သတင်း ၏ ဖော်ပြချက်ကို ကိုးကားပြီး မေ ၂၉ ရက်တွင် ရေးသားဖော်ပြထားသည်။

Tuesday, 3 Jun 2025

အာဆီယံ၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီGCC))နှင့် တရုတ်ခေါင်းဆောင်များသည် မေ ၂၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပခဲ့သည့် ASEAN-China-GCCအစည်းအဝေးတွင် အမေ ရိကန်ပြည်ထောင်စု၏  ကုန်သွယ်ခွန် များအပေါ်   တုံ့ပြန်သည့်အနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

Monday, 5 May 2025

အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့်United Parcel Service,  Inc (UPS)သည် ဝန်ထမ်းပမာဏ အများအပြား လျှော့ချ လိုက်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဧပြီ ၃၀ ရက် သတင်း ဖော်ပြချက်အရ သိရသည်။
United Parcel Service,  Inc (UPS) သည် ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြား လျှော့ချခြင်းနှင့် လုပ်ငန်းများ လည်ပတ်နေသည့် ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချကာ အမြတ်အစွန်း ရနိုင်စွမ်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ဧပြီ ၂၉ ရက်တွင် ကြေညာချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းတစ်ရပ်က ဖော်ပြထားခြင်းဖြစ်သည်။

Monday, 5 May 2025

ကမ္ဘောဒီးယားနိုင်ငံထွက် ဇီဝဇိုးငှက်သိုက်များကို တရုတ်နိုင်ငံ ဈေး ကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ဧပြီ ၁၇ ရက်က ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများက လက်မှတ်ရေး ထိုးနိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်ကို ဧပြီ ၁၇ ရက်‌မှ ၁၈ ရက်‌အထိ နှစ်ရက် တာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း လက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ 

Monday, 5 May 2025

တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးမားဆုံး မော် တော်ကားတင်သင်္ဘော BYD Shenzhen သည်BYD  လျှပ်စစ်မော်တော်ကား အစီးရေ ၇၀ဝ၀ ကျော် တင်ဆောင်ကာ ပွဲဦးထွက်ရေ‌ကြောင်းခရီး စဉ်အဖြစ်  ဧပြီ ၂၇ ရက် ညနေပိုင်းက တရုတ် ဆိပ်ကမ်းမှ  စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ဆန်းကျန့်မြို့အခြေစိုက်BYD မော်တော်ကား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ BYD Shenzhen သင်္ဘောသည် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိTaicang ဆိပ် ကမ်းမှထွက်ခွာလာခဲ့ပြီး ပင်လယ်ပြင်၌ တစ်လ ကြာ ခုတ်မောင်းပြီးနောက် ဘရာဇီးနိုင်ငံItajaiဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

Wednesday, 9 Apr 2025

၂၀၂၅ ခုနှစ်တွင် နေထိုင်ရန် နှင့် အလုပ်လုပ်ကိုင်ရန် အကောင်း ဆုံး နိုင်ငံများကိုHenley Oppo- rtunity Index က စစ်တမ်းကောက် ယူခဲ့ရာတွင်  ဆွစ်ဇာလန်နိုင်ငံက နံပါတ်(၁)နေရာတွင် ဦးဆောင်နေ ကြောင်း သိရသည်။
Henley Opportunity Index  သည် အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများကို လုံခြုံစွာနေထိုင်ရန် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ကို ကူညီပေးသည့် ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုအဆင့် များကို ဦးစားပေး သတ်မှတ်ထားခြင်းဖြစ်သည်။

Wednesday, 9 Apr 2025

ကမ္ဘာကျော်  မော်တော်ကား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တိုယိုတာ သည်  ဆိုလာခေါင်မိုးပါသည့် သေး ငယ်သော လျှပ်စစ်(EV)ကားကို ထုတ် လုပ်မိတ်ဆက်လိုက်ကြောင်း   သိရ သည်။
လျှပ်စစ် မော်တော်ကားများကို နေရောင်ခြည်ဖြင့် အားသွင်းနိုင်အောင် မော်တော်ကားကုမ္ပဏီ   အများစုက ကြိုးပမ်းနေသည်မှာ  အချိန်ကာလ တစ်ခုပင် ရှိခဲ့ပြီဖြစ်ရာ ယခုအချိန်တွင် တိုယိုတာက အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ 

Wednesday, 9 Apr 2025

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို စည်း လုံးညီညွတ်စွာ ကိုင်တွယ်ရန် ဖြေရှင်းနိုင်ရန် ရည် ရွယ်ချက်ဖြင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ကို မတ် ၂၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်  အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်  နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ် ၂၇ ရက်က  တရုတ် နိုင်ငံ  ဟိုင်နန်ပြည်နယ်ရှိ ဘိုးအောက်မြို့တွင် ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ နိုင်ငံ့ခေါင်း ဆောင်များနှင့် စီးပွားရေးကဏ္ဍများကို ဦးဆောင် နေသူများ တက်ရောက်ခဲ့ကြသည်။ 
အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို

Wednesday, 5 Mar 2025

ထရန့်အစိုးရ တက်လာပြီးချိန် တွင် နိုင်ငံခြားဖွံ့ဖြိုးရေးနှင့် အကူအညီ ပေးသည့် အစီအစဉ်များမှ ဘဏ္ဍာငွေ များကို ၉၂ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံ)အထိ လျှော့ချ လိုက်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်သည်ဟု ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

Wednesday, 5 Mar 2025

ကမ္ဘာတစ်ဝန်း အောင်မြင်မှု ရရှိနေသည့် ွှငွှုသု ကဲ့သို့ ဗီဒီယိုအတို များ တင်နိုင်မည့် ဗစစ အသစ်တစ်ခုကို ထုတ်လုပ်ရန် အင်စတာဂရမ်က စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ွှငွှုသု၏ အနာဂတ် မှာ မရေမရာဖြစ်နေပြီး သမ္မတသစ် ဒေါ်နယ်ထရန့် တက်လာချိန် အမေရိ ကန်တွင်  ွှငွှုသု အသုံးပြုမှုကို ရပ်တန့်ရန် ကြိုးပမ်းခဲ့ပြီး လောလောဆယ် တွင် ယင်းကို ၇၅ ရက် ဆိုင်းငံ့အဖြစ် ပြုလုပ်ထားသည်။ ထိုကဲ့သို့ အခြေ အနေမျိုးတွင် အင်စတာဂရမ်က  ွှငွှုသု ကဲ့သို့ ဗီဒီယိုအတိုများ တင်၍ရနိုင် မည့် သီးသန့် ဗစစ တစ်ခုကို ဖန်တီးရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။

Pages