Background
တရုတ်ကုန်သင်္ဘောများ ကမ်းကပ်ခွင့်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းအထိ တိုး မြှင့်ကောက်ခံရန် အမေရိကန်ပြည်ထောင်စုက ပြင်ဆင်နေကြောင်းThe Straits Times သတင်း ဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် ရေးသားဖော်ပြချက် အရ သိရသည်။
တရုတ်နိုင်ငံက တည်ဆောက်သည့် ကုန် တင်သင်္ဘောများသည် အမေရိကန် ဆိပ်ကမ်း များသို့ ဝင်ရောက်ဆိုက်ကပ်ခြင်းအတွက် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ကောက်ခံရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR)က အဆိုပြုထားခြင်းဖြစ်သည်ဟု သတင်း တွင် ဖော်ပြထားခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် Apple iPhone များတွင်SpaceX၏Starlinkဂြိုဟ်တု အင်တာနက်ကို ချိတ်ဆက်၍ စတင်စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယင်းစီမံကိန်းတွင် ပါဝင်သည့်T-Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု ရိုက်တာသတင်းဌာန က ရေးသားဖော်ပြထားသည်။
ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံတွင်းသို့ လာရောက် မည့် ကမ္ဘာလှည့်ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် ပတ် သက်ပြီး တိုးမြှင့်ဆောင်ရွက်သွားရန် ထိုင်းအာဏာပိုင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗန်ကောက်ပို့စ်သတင်း ဌာန၏ ဇန်နဝါရီ ၃၀ ရက် ရေးသားဖော်ပြချက်အရ သိရ သည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ထိုင်းနိုင်ငံသို့ မကြာမီ လာရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံကာ မိမိတို့နိုင်ငံတွင်း ၌ ကမ္ဘာလှည့်ခရီးသွားများ၊ အထူးသဖြင့် တရုတ်ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် စိုးရိမ်မှုများကို ဖြေရှင်းရန် ပြင်ဆင် ထားကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်က ပြောသည်။
DeepSeek Chatbot အပလီကေးရှင်း အသစ် ပေါ်ထွက်လာမှုကြောင့် နိုင်ငံတကာ အေ အိုင် နည်းပညာကုမ္ပဏီများ၏ အစုရှယ်ယာဈေး နှုန်းများ ကျဆင်းခဲ့ရကြောင်း CN သတင်းဌာန ၏ ရေးသားဖော်ပြချက်အရ သိရသည်။
လူငယ်ပညာရှင်များ ဦးဆောင်သည့် တရုတ်နိုင်ငံအခြေစိုက် စွန့်ဦးနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့်DeepSeek Chatbot အမည်ရှိ ကုမ္ပဏီ၏ လူ့ဉာဏ်ရည်တု(အေအိုင်) နည်းပညာသုံး ဃ့အေဘသအ ဆော့ဖ်ဝဲ အပလီကေးရှင်းသစ်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံထုတ် BYD လျှပ်စစ် ကားများက ကမ္ဘာ့ဈေးကွက်သို့ အောင် မြင်စွာ ထိုးဖောက်ပြီး လူကြိုက်များ လျက်ရှိခြင်းကြောင့် Teslaကားများ၏ ရောင်းအားမှာ ကျဆင်းလာကြောင်း ဘီဘီစီသတင်းဌာန၏ ဇန်နဝါရီ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံထုတ် BYD လျှပ်စစ် ကားများကို လူကြိုက်များနေခြင်း ကြောင့်Telsa ကားများ၏ အရောင်း သည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်းTesla မှ တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောဆိုထားသည်။
တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြသခဲ့သည့် စီးပွားရေး ကုန်စည်ပြပွဲတွင် ခေတ်မီနည်းပညာ ဆန်းသစ်တီထွင်မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည့် ကျောက် မျက်ခန်းမမှာ ပင်တဂွန်စစ်ဌာနချုပ်၏ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံ စံချိန်ကို လွှဲပြောင်းရယူနိုင်ခဲ့ကြောင်းThe B1M.comသတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက်က ရေး သားဖော်ပြချက်အရ သိရသည်။
အမေရိကန် ပြည်ထောင်စု၏ အကောက်ခွန် ခြိမ်းခြောက်မှု မြင့်တက် လာခြင်းကြောင့် တရုတ်ယွမ်ငွေ တန်ဖိုး မှာ စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းလာ ဖွယ် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ် များက ခန့်မှန်းထားသည်ဟု CNBC သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ရေးသား ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စု၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ၏ အခွန်စည်းကြပ်ရေး ခြိမ်းခြောက်မှုနှင့် အတူ တရုတ်ယ.အဓိက ရင်းနှီးမြှုပ်နှံမှု ဘဏ်များနှင့် သုတေသနကုမ္ပဏီအဖွဲ့အစည်း ၁၃ ခုက ခန့်မှန်း တွက်ချက်ထားခြင်းဖြစ် သည်။ ထို့ပြင် ယင်းအနေအထားမှာ ၂၀ဝ၄ ခုနှစ်နောက်ပိုင်း အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ်တို့ ကွာဟမှု အမြင့်ဆုံးအဆင့်သ
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား(EV) များအပေါ် ထပ် တိုး စည်းကြပ်ခွန်များ သတ်မှတ်လိုက်သည့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအနေဖြင့် သဘောတူလက်ခံခြင်း မရှိကြောင်း အောက်တိုဘာ ၃၀ ရက်တွင် တရုတ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား(EV) များအပေါ် ထပ် တိုး စည်းကြပ်ခွန်များ သတ်မှတ်လိုက်သည့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအနေဖြင့် သဘောတူလက်ခံခြင်း မရှိကြောင်း အောက်တိုဘာ ၃၀ ရက်တွင် တရုတ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။
