Main menu

Background

Monday, 5 Feb 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက် ဆုံးပတ် စစ်တမ်းများအရ လျှပ်စစ်ကား လောကတွင် တရုတ်နိုင်ငံထုတ်BYD  လျှပ်စစ်ကားများက  EV ကားဈေး ကွက်ကို ဆက်လက်လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ကြောင်း carnewschina၏ ထုတ် ပြန်ချက်ကို ကိုးကားပြီး ဃြ သတင်း ဌာနက   ဖေဖော်ဝါရီ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
carnewschina က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ရက်မှ ၂၈ရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် EV  ကားဈေးကွက်၏ အခြေအနေကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။Tesla ကမူ BYD၏ နောက်မှ ဒုတိယ နေရာတွင်သာ ရပ်တည်လျက်  ရှိနေ ကြောင်း သိရသည်။

Monday, 15 Jan 2024

ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်ဖက်ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဒေသ တွင်း ကိစ္စရပ်များကိုလည်း ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ရေးသားဖော်ပြထားချက်အရ သိရသည်။

Monday, 15 Jan 2024

ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်ဖက်ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဒေသ တွင်း ကိစ္စရပ်များကိုလည်း ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ရေးသားဖော်ပြထားချက်အရ သိရသည်။

Monday, 15 Jan 2024

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များအကြားတွင်     စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု  ဆက်လက်အား ကောင်းနေကြောင်း တရုတ်နိုင်ငံအစိုးရ ၏   ထုတ်ပြန်ချက်ကို  ကိုးကားပြီး ဆင်ဟွာသတင်းဌာနက    ရေးသား ဖော်ပြထားသည်။

Monday, 15 Jan 2024

ယခု ၂၀၂၄ ခုနှစ်တွင်   ကမ္ဘာ့ စီးပွားရေးမှာ ယမန်နှစ်ကအတိုင်းပင် တိုးတက်မှု   နှေးကွေးနေဦးမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်ရပ်က ဖော်ပြထားသည်ဟု ဘီဘီစီ သတင်းတစ်ရပ်က ဇန်နဝါရီ ၁၁ ရက် တွင် ရေးသားဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်အရောက် ပြန်လည် နာလန်ထူ လာခဲ့သည်။ သို့သော် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အရှိန် အဟုန်ဖြင့် လျင်မြန်စွာ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာခြင်းမရှိသေးဘဲ နှေးကွေး နေခဲ့ရသည်။ 

Monday, 1 Jan 2024

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး အမှတ်တံဆိပ်များတွင် Amazon က   တန်ဖိုး  အမေရိကန် ဒေါ်လာ ၂၉၉ ဒသမ ၃ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်းvis- ualcapitalist.com  ၏ ဖော်ပြချက်အရ သိရသည်။
အင်္ဂလန်နိုင်ငံ   လန်ဒန်မြို့ရှိ အရောင်းမြှင့်တင်ရေး အကြံပေးဌာန တစ်ခုဖြစ်သည့်Brand Finance သည် နိုင်ငံပေါင်း ၃၈ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၅၀ဝ၀ကို   စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် ၁၀ဝ ကို ထုတ်ဖော်မှတ် တမ်းတင်ခဲ့ခြင်းဖြစ်သည်။

Monday, 1 Jan 2024

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရောဂါ လျော့ပါးလာပြီး နိုင်ငံတိုင်းက စီးပွား ရေး ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းကြရာတွင် ကုန်သွယ်မှုကဏ္ဍအပြင် ခရီးသွားကဏ္ဍကိုလည်း ဦးစားပေး အကောင်းအထည်ဖော်လျက်  ရှိကြ သည်။
နိုင်ငံတိုင်းက ခရီးကဏ္ဍကို ဦးစားပေး ဖော်ဆောင်နေရာတွင် ၂၀၂၃ ခုနှစ်၌ ထိုင်းနိုင်ငံက ခရီးသွားဝင်ရောက်မှု အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ကျော်လွန်ပြီး ခရီးသွား ဝင်ရောက်မှု အများဆုံးမြို့ အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Monday, 1 Jan 2024

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ် ကားဈေးကွက်ကို  ရှစ်နှစ်ဆက်တိုက် ဦးဆောင် နိုင်သူ ဖြစ်လာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် က ဒီဇင်ဘာ ၂၉ ရက်တွင် ရေးသားဖော်ပြထား သည်။
ယခုနှစ် အစောပိုင်းကပင် တရုတ်နိုင်ငံ၏ လမ်းများထက်တွင် လျှပ်စစ်ကား အရေအတွက် သိသိသာသာ တိုးပွားလာနေပြီး လျှပ်စစ်စွမ်းအင် သစ် သုံးစွဲသည့် မော်တော်ကားဈေးကွက်မှာလည်း ကမ္ဘာ့အကြီးဆုံးအဖြစ် ရှစ်နှစ်ဆက်တိုက် ဦးဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ 

Wednesday, 20 Dec 2023

ဂျပန်နိုင်ငံမှ နာမည်ကြီး တိုယိုတာနှင့် တရုတ်နိုင်ငံမှ ထိပ်သီး လျှပ်စစ်ကား (EV) ကုမ္ပဏီကြီးဖြစ်သည့်BYD  တို့ ဖက်စပ်ထုတ်လုပ်နေသည့်Sport Crossover လျှပ်စစ်ကားမှာ လာမည့် ၂၀၂၅ ခုနှစ်တွင် မော်တော်ကားဈေးကွက်သို့ ရောက် ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ 
တိုယိုတာကBYD င့် ဖက်စပ်ထုတ်လုပ်မည့် Sport Crossover  လျှပ်စစ်ကား ဒီဇိုင်းပိုင်းကို ဒီဇင်ဘာ ၁၁ ရက်က ဥရောပတွင် ပထမဆုံးအကြိမ် ချပြခဲ့သည်ဟု သိရသည်။

Wednesday, 20 Dec 2023

ထိုင်းနိုင်ငံအစိုးရသည်  Soft Power    မှ အလုပ်အကိုင်ပေါင်း များစွာကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဗန်ကောက်ပို့စ် သတင်းတွင် ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံအနေဖြင့် တိုင်းပြည်၏  Soft Powerမြှင့်တင်ရေး မူဝါဒနှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင်အသစ်ပေါင်း သန်း ၂၀ ခန့် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ အလုပ်အကိုင်များမှသည် ဝင်ငွေ ထိုင်းဘတ် ၄ ထရီလီယံအထိ ရရှိရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြော ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Pages