Background
တရုတ်နိုင်ငံတွင် စက်ရုပ်များက ရောင်းချပေးသည့် စတိုးဆိုင် ဖွင့်လှစ်လိုက်ကြောင်း အောက်တိုဘာ ၂ ရက်တွင် ဆင်ဟွာသတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ဖွင့်လှစ်လိုက်သည့် ယင်းစတိုးဆိုင်၌ လူသားဝန်ထမ်း လုံးဝမပါဘဲ စက်ရုပ်များဖြင့်သာ စီမံခန့်ခွဲ ရောင်းချပေးသည့် စတိုးဆိုင်တစ်ဆိုင်ကို စတင်ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် လျှပ်စစ်ခရီးသည်တင်ယာဉ် အစီး ၁၅၀ဝကျော်ဖြင့် ခရီးသည်များအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းThethaigerသတင်းဌာန၏ အောက်တို ဘာ ၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ BMTA)သည် အဲလ်ကွန်းမပါသည့် ခရီး သည်တင်ယာဉ်နေရာတွင် လျှပ်စစ် (EV) ခရီးသည်တင်ယာဉ်များဖြင့် အစားထိုးရန် စီစဉ်ထားကြောင်း ကြေ ညာခဲ့ခြင်းဖြစ်သည်။
ဂျာမနီအခြေစိုက် မော်တော် ကားကုမ္ပဏီများသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကြောင့် ပို့ကုန် လုပ်ငန်းများ ထိခိုက်လာမှုနှင့်အတူ အလုပ်အကိုင်ပေါင်း ငါးသောင်းကျော် ကို လျှော့ချလိုက်ရကြောင်း သိရသည်။
ဂျာမနီနိုင်ငံမှ မော်တော်ကား လုပ်ငန်းများမှာ ယမန်နှစ်ကပင် ထုတ် လုပ်မှု အားနည်းခြင်း၊ အမေရိကန်၏ ကြီးမားသော အခွန်စည်းကြပ်ခြင်းနှင့် ကားလုပ်ငန်းကဏ္ဍ၌ လျှပ်စစ်ကားများ ပြောင်းလဲရန် ကုန်ကျစရိတ် ကြီးမား ခြင်းတို့ကြောင့် အလုပ်အကိုင်ပေါင်း ၅၁၀ဝ၀ ကျော်အထိ လျှော့ချခဲ့ရ ကြောင်းConsultancy EY၏ ထုတ် ပြန်ချက်အရ သိရသည်ဟု ဘီဘီစီ သတင်းဌာနက ရေးသားဖော်ပြထား သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန်မှ ဘိုးရင်းလေယာဉ် ၂၅စင်း ဝယ်ယူ ရန် အမှာစာများ ပေးပို့ထားပြီးဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ရိုက်တာသတင်း ဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကြီးလေးသောကုန်သွယ်ခွန်ကို ပြေ လည်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းကုမ္ပဏီထုတ် လေယာဉ် ၂၅ စင်း မှာယူထားခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိုမိုလုပ်ဆောင်နေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြော သည်။
ထိုင်းနိုင်ငံတွင် တတိယမြောက် သဘာဝဓာတ်ငွေ့ ရည် သိုလှောင်ဆိပ်ကမ်းတစ်ခု ဖြစ်လာမည့် ဆိပ်ကမ်း တစ်ခုကို စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ထိုင်း သတင်းများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု သဘာဝ ဓာတ်ငွေ့ လျော့နည်းလာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဗန်ကောက်မြို့၏ အရှေ့တောင်ဘက်ရှိ မပ်တာဖုဆိပ်ကမ်း တွင် ၎င်းတို့၏ တတိယမြောက် သဘာဝဓာတ်ငွေ့ရည် (LNG) သိုလှောင်ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေ ခြင်းဖြစ်ပြီး ၂၀၂၉ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထား သည်။
ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု နည်းပညာ(AI) ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့အစည်းတစ်ခု တည်ထောင် ရန် တရုတ်နိုင်ငံအစိုးရက ဇူလိုင် ၂၈ ရက်တွင် အဆိုပြုခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဉာဏ် ရည်တုနည်းပညာ(AI) ပူးပေါင်း ဆောင်ရွက်ရေး ဌာနချုပ်ကို ရှန်ဟိုင်း မြို့တွင် ထားရှိရန် စီစဉ်ထားကြောင်း သတင်းတွင်ဆက်လက်ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း၌ အအောင်မြင် ဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်သည့် ဂီတ ပွဲတော်ကြီးတစ်ခုဖြစ်သောTomorrow- land ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ ချွန်ဘူရီ၌ ကျင်းပမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့Tourism Authority of Thailand-TAT)က တရားဝင် အတည်ပြု ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ်သတင်းဌာနက ဇူလိုင် ၃ ရက်တွင် ရေးသားဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရဖြစ်သည့် အန်ကောရှေးဟောင်း သုတေသနဥယျာဉ်သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သိသိသာသာ မြင့် တက်လာပြီး ယမန်နှစ် ကာလတူထက် ၂၅ ရာခိုင်နှုန်းအထိပင် တိုးတက်လာ ခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံ စာတစ်စောင်က ဖော်ပြထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
သမ္မတ ဒေါ်နယ်ထရန့် အစိုးရက အမေ ရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကို အပြီး တိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၃ ရက် တွင် တရားဝင်ထုတ်ပြန်လိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၆၄ နှစ်နီးပါးကြာ လုပ်ငန်းလည်ပတ်မှုရှိခဲ့ သည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အနေဖြင့် ဇူလိုင် ၁ ရက်မှစ၍ လုပ်ငန်း လည်ပတ်မှုများကို တရားဝင် ပိတ်သိမ်းလိုက် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာကာသမှ လျှပ်စစ်ထုတ်လုပ်ပြီး ကမ္ဘာမြေသို့ ပြန် လည်ပို့ဆောင်ပေးနိုင်မည့် ပထမဆုံးနိုင်ငံ ဖြစ်လာရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသည် အာကာသထဲတွင် လျှပ်စစ်ထုတ် လုပ်နိုင်ရေးအတွက် ဂြိုဟ်တုတစ်ခုကို လွှတ်တင်ထားရန် ပြင်ဆင်လျက်ရှိနေ ပြီး အဆိုပါဂြိုဟ်တုသည် အလေးချိန် ပေါင် ၄၀ဝ နီးပါးရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
