Background
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးချဲ့ သွားရေးအတွက် သဘောတူညီမှုတစ် ရပ်ရရှိကာ နှစ်နိုင်ငံမှ တာဝန်ရှိသူများ က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် သာတူညီမျှ ရေရှည်တည်တံ့ သည့် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးချဲ့ ရေးအတွက် အပြုသဘောဆောင်ရွက် မှုများကိုပြုလုပ်ရန် ဒီဇင်ဘာ ၁၃ ရက် က သဘောတူခဲ့ကြခြင်းဖြစ်သည်။
စင်ကာပူတွင် ကုန်ဈေးနှုန်းများ လွန်ခဲ့သည့် တစ်နှစ်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ယင်းကုန်ဈေးနှုန်း မြင့် တက်လာမှုအား ကုန်ပစ္စည်းအမယ်ပေါင်း ၂၀ဝ ကျော်၏ ဈေးနှုန်းများ အပေါ် ထည့်သွင်းတွက်ချက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စင်ကာပူသည် လွန်ခဲ့သည့် ၁၁ နှစ်အတွင်း ကိုးကြိမ်မြောက်အဖြစ် ကမ္ဘာ့ဈေးအကြီးဆုံးမြို့တွင် ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် အချမ်းသာ ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ဘီလျံနာသူဌေးကြီး ဖန်နက်ဗွန်း (Pham Nhat Vuong))သည် လျှပ်စစ်မော်တော် ကား(EV)ကို လူတိုင်းစီးနိုင်ရေး မျှော် မှန်းချက်ဖြင့် လျှပ်စစ်မော်တော်ကား အများအပြား တိုးတက်ထုတ်လုပ်နိုင် ရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံလိုက် ကြောင်းforbes.com ၏ ဖော်ပြချက် အရ သိရသည်။
အီဂျစ်နိုင်ငံသည် တရုတ်ခရီး သွားလုပ်ငန်းဈေးကွက်၌ ပါဝင်မှု တိုးမြှင့်ရေး ရည်မှန်းချက်ဗျူဟာ၏ တစ် စိတ်တစ်ပိုင်းအဖြစ် ၂၀၂၈ ခုနှစ် မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့် သည် သုံးသန်းခန့် ဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း အီဂျစ်နိုင်ငံ ခရီး သွားလာရေးနှင့် ရှေးဟောင်းပစ္စည်း ဆိုင်ရာဝန်ကြီး အာမက်အစ်ဆာက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်က ဒီဇင်ဘာ ၁ ရက်တွင် ရေး သား ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် မရွှေ့ပြောင်း နိုင်သည့်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း ယွမ် ၄၁ ဒသမ ၉၄ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၅ ထရီလီယံခန့်) ရှိခဲ့ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ဆင်ဟွာသတင်းတစ်ရပ် ၏ ရေးသားဖော်ပြထားချက်အရ သိရ သည်။ အဆိုပါ ပမာဏမှာ ယမန်နှစ် ၂၀၂၂ ခုနှစ် ကာလတူထက် ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း တရုတ်နိုင်ငံ အမျိုးသား စာရင်းအင်းဗျူရိုမှ နိုဝင်ဘာ ၁၅ ရက် က ထုတ်ပြန်ထားသည်ဟု ဆိုသည်။ သို့သော် တရုတ်နိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍမှ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၂၁ ဒသမ ၅၉ ထရီလီယံခန့်ရှိကာ ယ
ဂျပန်နိုင်ငံတွင် မကြာမီကာလအတွင်း၌ အလတ်စား လျှပ်စစ်ဘတ်စ် ကားများကို ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကား ထုတ်လုပ်သည့်BYD က ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဦးတည်သည့်အနေဖြင့် အများပြည်သူ သုံး သယ်ယူပို့ဆောင်ရေးတွင် တိုးပွားလာသည့် ဝယ်လိုအားကို ဖြည့် ဆည်းရန် ဂျပန်နိုင်ငံ၌ အလတ်စား လျှပ်စစ်ဘတ်စ်ကား မော်ဒယ်အသစ်ကို စတင်ရောင်းချသွားတော့မည်ဖြစ်ကြောင်း ဆင်ဟွာသတင်း၏ နိုဝင်ဘာ ၁၇ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
အီသီယိုးပီးယားနိုင်ငံ လေကြောင်းလိုင်း သည် ကြီးမားကျယ်ဝန်းသော A 350 အမျိုးအစားAirbus လေယာဉ် ၁၁ စင်းကို ဝယ်ယူရန် နားလည် မှု စာချွန်လွှာတစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် လူဦးရေ အများဆုံးဖြစ်သည့် ဒူဘိုင်းမြို့တွင် နိုဝင် ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ဒူဘိုင်းလေကြောင်းပြပွဲတွင် အီသီယိုးပီးယားနိုင်ငံ က A 350 အမျိုးအစား Airbus လေယာဉ် ၁၁ စင်း ကို ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သည့် iPhone ရောင်းအားမှာ မြင့် တက်လာမှုများ ရှိနေသော်လည်းApple ၏ရောင်အားမှာ အနည်းငယ် ပြန် လည်ကျဆင်းလာကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၃၀ ရက်မှစ၍ သုံးလအတွင်း ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅ ဘီလီယံ(ပေါင် ၇၃ ဒသမ ၃ဘီလီယံ)သို့ ကျဆင်းသွားကြောင်း၊ ယင်းမှာ ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း Apple နည်း ပညာကုမ္ပဏီကြီးမှ ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်ဗဟိုဘဏ်သည် မကြာသေးမီက စံချိန် တင်အဆင့်သို့ ရောက်ရှိလာခဲ့သည့် ကုန်ဈေးနှုန်း မြင့်တက် မှုကို တည်ငြိမ်စေရန် ကြိုးပမ်းနေစဉ် ၎င်းတို့၏ အဓိကအတိုး နှုန်းကို ၂၂နှစ်အတွင်း အမြင့်မားဆုံး အနေအထားတွင် ထိန်း ထားနိုင်ခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်က နိုဝင်ဘာ ၃ ရက်တွင် ရေးသားဖော်ပြထားသည်။
အမေရိကန်ဗဟိုဘဏ်သည် စီးပွားရေး တည်ငြိမ်တိုး တက်စေရန်နှင့် ငွေကြေးဖောင်းပွမှု နှေးကွေးစေမည့် မျှော် လင့်ချက်ဖြင့် ချေးငွေကုန်ကျစရိတ်ကို မြှင့်တင်ပေးခဲ့ခြင်း ကြောင့် နိုင်ငံအတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရ ခြင်းဖြစ်သည်။
အကြိမ်(၄၀)မြောက် တရုတ်နိုင်ငံ၏ အန္တာ တိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေး အဖွဲ့သည် နိုဝင်ဘာ ၁ ရက်က စတင်ထွက်ခွာသွား ခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
ယခုစတင်လိုက်သည့် အကြိမ်(၄၀)မြောက် တရုတ်နိုင်ငံ အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့၏ မစ်ရှင်မှာ အချိန်ငါးလ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်း လေ့လာရေးအဖွဲ့သည် ယခုအကြိမ် မစ်ရှင်ကို သင်္ဘောသုံးစင်းဖြင့် ဆောင်ရွက်သည့် ပထမဆုံး မစ်ရှင်လည်းဖြစ်ကြောင်း သိရသည်။
