Main menu

Background

Wednesday, 7 Aug 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်  ပြသခဲ့သည့် ရှစ်ကြိမ်မြောက် တရုတ်-တောင်အာရှ  ကုန်စည် ပြပွဲတွင် လာရောက်သူ ၂၀ဝ၀ ကျော်ကို ဆွဲဆောင် နိုင်ခဲ့ကြောင်း သြဂုတ် ၂ ရက်က ဆင်ဟွာသတင်း တစ်ရပ်၏ ရေးသားဖော်ပြချက်အရ သိရသည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြသခဲ့ သည့် အဆိုပါ ရှစ်ကြိမ်မြောက် တရုတ်-တောင် အာရှကုန်စည်ပြပွဲတွင် ဝင်ရောက်ပြသသူ ထက် ဝက်နီးပါးခန့်သည် တောင်အာရှနှင့် အရှေ့တောင် အာရှ ဒေသမှ ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ 

Monday, 1 Jul 2024

ကမ္ဘာကျော် နာမည်ကြီး အားကစားပစ္စည်းများ ထုတ်လုပ်သည့် Nike ၏ အစုရှယ်ယာများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဇွန် ၂၈ ရက်တွင် ရေးသား ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အခြေအနေ အချိန်အခါသို့ ရောက်ရှိနေကြောင်းနှင့် Nike ၏ အဓိကပြိုင် ဘက်များမှာ On  နှင့် Hoka  ကဲ့သို့သော ပြိုင်ဘက်အသစ်များဖြစ်ကြောင်း သတင်းတွင် ဆက် လက် ဖော်ပြထားသည်။

Monday, 1 Jul 2024

လျှပ်စစ်ကား(EV) များကို အချိန် ငါးမိနစ် အတွင်း  အားအပြည့်နီးပါးသွင်းနိုင်မည့် နည်း ပညာသစ် ဘက်ထရီကို ဗြိတိန်က လက်တွေ့စမ်း သပ်နေပြီဖြစ်ကြောင်း Yahoo News  သတင်းတစ် ရပ်က ဇွန် ၂၈ ရက်တွင် ရေးသားဖော်ပြထားသည်။
Nyobolt  ကုမ္ပဏီသည် လျှပ်စစ်ကား (EV)  ဘက်ထရီများနှင့်ပတ်သက်ပြီး သုတေသနပြုကာ ထုတ်လုပ်နေသည့်    ကုမ္ပဏီတစ်ခုဖြစ်သည်။ Nyobolt ကုမ္ပဏီမှ   လက်ရှိ စမ်းသပ်နေသည့် ဘက်ထရီ နည်းပညာသည် ဘက်ထရီအား ၁၀ ရာခိုင်နှုန်းသာ ကျန်နေတော့သည့်  အခြေအနေမှ ကြာချိန် ၄ မိနစ်နှင့် ၃၇ စက္ကန့်အတွင်း၌ ၈၀ ရာခိုင် နှုန်းထိကို အားပြန်ဖြည့်နိုင်မည်ဖြစ်ကြောင်း  သိရ သည်။

Monday, 1 Jul 2024

လာအိုနိုင်ငံ အစိုးရသည် ယခု ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင်  နိုင်ငံ့ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက်   ရည်ရွယ်သည့်အနေဖြင့် တရုတ်ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် မူဝါဒ တစ်ရပ်ကိုချမှတ်ရန်     စီစဉ်လျက်ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏  ဇွန် ၂၈ ရက်က ရေး သားဖော်ပြထားချက်အရ သိရသည်။ 

Tuesday, 4 Jun 2024

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပထမဆုံးသော Apple Store  ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Channel News Asia  ၏ မေ ၃၁ ရက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။
ကွာလာလမ်ပူမြို့တွင် ပထမဆုံးဖွင့်လှစ်မည့် အဆိုပါ Apple Store ကို ယခုနှစ် ဇွန် ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ မလေးရှားနိုင်ငံ၏  ပထမဦးဆုံးသော Apple Store ဖြစ် ကြောင်းနှင့် ၎င်းကို ကွာလာလမ်ပူမြို့ရှိ Exchane TRX ကုန်တိုက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းကို ဗစစူန ကုမ္ပဏီက ၎င်းတို့၏ ဝက်ဘ်ဆိုက် ၌ မေ ၂၉ ရက်တွင် တရားဝင် ကြေညာထားသည်ဟု  Channel News Asia  က ဆက်လက်ရေးသားဖော်ပြထားသည်။

Tuesday, 4 Jun 2024

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပထမဆုံးသော Apple Store  ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Channel News Asia  ၏ မေ ၃၁ ရက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။
ကွာလာလမ်ပူမြို့တွင် ပထမဆုံးဖွင့်လှစ်မည့် အဆိုပါ Apple Store ကို ယခုနှစ် ဇွန် ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ မလေးရှားနိုင်ငံ၏  ပထမဦးဆုံးသော Apple Store ဖြစ် ကြောင်းနှင့် ၎င်းကို ကွာလာလမ်ပူမြို့ရှိ Exchane TRX ကုန်တိုက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းကို ဗစစူန ကုမ္ပဏီက ၎င်းတို့၏ ဝက်ဘ်ဆိုက် ၌ မေ ၂၉ ရက်တွင် တရားဝင် ကြေညာထားသည်ဟု  Channel News Asia  က ဆက်လက်ရေးသားဖော်ပြထားသည်။

Tuesday, 4 Jun 2024

ထိုင်နိုင်ငံတွင် ငါးနှစ် သက်တမ်း တိုးခွင့်ရှိသည့်   ဗီဇာအမျိုးအစားသစ် တစ်ခုကို အစိုးရက ထုတ်ပြန်ကြေညာ လိုက်ကြောင်း ဗန်ကောက်ပို့စ်သတင်း တွင် ရေးသားဖော်ပြထားသည်။
အာရှတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့်   ထိုင်းနိုင်ငံ၌ ခြောက်လမှ ငါးနှစ်အထိ သက်တမ်းတိုး နေထိုင်နိုင်မည့်  Destination Visa (DTV) ကို ဇွန် ၁ ရက်တွင် တရားဝင် စတင်မည် ဖြစ်ကြောင်း  ထိုင်းအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်ဟု သတင်း တွင် ဆက်လက်ဖော်ပြထားသည်။

Tuesday, 4 Jun 2024

ဗီယက်နမ်နိုင်ငံ  အနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် တည် ဆောက်မည့်   အီးဗွီ မော်တော်ကား စက်ရုံကို  အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေ ၃၁ ရက်က ရိုက်တာသတင်းတစ်ရပ်၏  ရေးသား ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံမှ အီးဗွီကုမ္ပဏီ တစ်ခုဖြစ်သည့် VinFast  သည် အမေ ရိကန်မှ သုံးစွဲသူများကို ဆွဲဆောင်ရန် အခက်အခဲများဖြင့်    ကြုံတွေ့နေရ ကြောင်း၊  မော်တော်ကား ထုတ်လုပ်ရာ တွင် ငွေကြေးအမြတ်အစွန်း နည်းပါး နေခြင်းကြောင့် မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်တည်ဆောက်မည့် အမေ ရိကန်ဒေါ်လာ   လေးဘီလီယံတန် စက်ရုံကို   ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း  သတင်းတွင်  ဖော်ပြထား သည်။ 

Friday, 10 May 2024

တရုတ်နိုင်ငံက ၎င်းတို့ကိုယ်ပိုင် တီထွင်ထားသည့် ကမ္ဘာ့ပထမဆုံး လျှပ်စစ် စွမ်းအင်သုံး လူသားစက်ရုပ်ကို မေလဆန်းပိုင်းက ပေကျင်း စီးပွားရေးနှင့် နည်း ပညာ ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာတွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ 
အဆိုပါ လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကိုTiangong ဟု အမည်ပေး ထားပြီး ယင်းသည် လူသားကဲ့သို့ အရွယ်အစား အပြည့်ရှိသည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်လုပ်ဆောင်သည့် စက်ရုပ်ဖြစ်သည်။ လူသားစက်ရုပ် Tiangong သည် တစ်နာရီလျှင် ၆ ကီလိုမီတာ သွားလာနိုင်သည်ဟုဆိုသည်။ 

Friday, 10 May 2024

ထိုင်းနိုင်ငံ၌  လာမည့် ၂၀၂၇ ခုနှစ်တွင် တစ်ရက်လုပ်အားခကို ဘတ် ၆၀ဝ အထိ တိုးမြှင့်ပေးရန် ထိုင်းအလုပ် သမား  ဝန်ကြီးဌာနက အကောင် အထည်ဖော်  ဆောင်ရွက်နေကြောင်း သိရသည်။ 

Pages