Background
သြဂုတ်လဒုတိယပတ် ကုလားပဲဈေးကွက်မှာ မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည် တွေရဲ့လက်ထဲ ပဲလက်ကျန် လျော့လာတာနဲ့အမျှ ပြည်ပဝယ်လက်နဲ့ ဒေသတွင်း ကုန်ကြမ်းလိုအပ်ချက်ရှိတဲ့ လုပ်ငန်းသမားတွေရဲ့ ဝယ်လိုအားမြင့် မားလာတာကြောင့် နေ့စဉ်တက်ဈေးဖြစ်နေတာ တွေ့ရပါတယ်။ ယခုနှစ်အစ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကုလားပဲပေါ်ချိန်က ဈေးထက် နှစ်ဆ နီးပါး ဈေးမြောက်လာခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၃၀၀၀၀ ကျပ်၊ ၉၂၉ ကုလားပဲ တစ်တင်း ၃၀၅၀၀ ကျပ်အထိ အသီးသီး အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက်က ကျင်းပပြု လုပ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေး ညှိနှိုင်း အစည်းအဝေးမှာ ကရင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျပ်ငွေဖြင့် တင်သွင်းတဲ့ ဒေသသုံး စက်သုံးဆီများကို ယခင်က ဒေသေ ကျာ်လွန် သယ်ဆောင်ခွင့်မပြုခဲ့သော်လည်း ယခုအခါ ရုံးချုပ်မှ ညွှန်ကြားချက်အရ ဒေသကန့်သတ်ချက်မရှိတော့ဘဲ လွတ်လပ်စွာပြည်တွင်းသို့ သယ်ဆောင်ခွင့်ပြုကြောင်း၊ စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်အားလုံးသိရှိအောင် အသိပေးအကြောင်းကြားရန် မြဝတီကုန်သွယ်ရေးဇုန် စခန်းတာဝန်ခံ ညွှန် ကြားရေးမှူး ဦးစိုးလွင်က ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယဉ်ယဉ်အေး
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အထည်ချုပ်လုပ်ငန်း ငါးခုအပါအဝင် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ၁၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင် ခွင့်ပြုရန် တင်ပြလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြလာသည့် လုပ်ငန်းနှင့်ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာန များမှ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်အပေါ် အခြေခံ၍လုပ်ငန်းလုပ် ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက
ဂရိနိုင်ငံမှာ ကျင်းပတဲ့ဆန္ဒခံယူပွဲ မှာ ဂရိနိုင်ငံသားတွေက အပြည်ပြည် ဆိုင်ရာမြီရှင်တွေရဲ့ ခြိုးခြံချွေတာရေး အစီအမံတွေကို ဆန့်ကျင်ပယ်ချခဲ့ပါ တယ်။ ဒီလိုပယ်ချလိုက်တဲ့အတွက် ဘဏ္ဍာရေးဈေးကွက်တွေမှာ မငြိမ် မသက်မှုတွေကြီးထွားလာမယ့် လက္ခဏာ တွေ့ရတဲ့အတွက် တောင်ကိုရီးယား နိုင်ငံက အရေးပေါ် အစီအမံတွေကို ချမှတ်ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၆ ရက်နေ့က အဆင့်မြင့်အရာရှိတစ်ဦး ရဲ့ပြောကြားချက်ကို ကိုးကားပြီးယွန် ဟပ်သတင်းမှာဖော်ပြပါတယ်။ တင်း ကျပ်လှတဲ့ ကယ်တင်မှုချေးငွေ စည်း ကမ်းချက်တွေကို ဂရိမဲဆန္ဒရှင် ၆၀ ကျော်က ဇူလိုင် ၅ ရက်နေ့မှာ မဲပေး ဆန့်ကျင်ခဲ့တဲ့အတွက် ယူရိုဇုန်မှ ဂရိ နိုင်ငံနုတ်ထွက် ခဲ့မှု နဲ့ပတ်သက်
ဂျပန်နိုင်ငံအခြေစိုက် LINE Corporation သည် မြန်မာနိုင်ငံတွင်LINE Messenger App ကို ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ တရားဝင် ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။LINEကို မြန်မာနိုင်ငံ တွင် ယခုနှစ် မတ်လအတွင်းက စမ်းသပ်လုပ်ဆောင် ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး အသုံးပြုသူအရေအတွက်မှာ ၃၀၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် ယခုကဲ့သို့ တရားဝင်မိတ်ဆက်ကာ ဖြန့်ချိရခြင်းဖြစ်ကြောင်းLINE Myanmar ၏ အထွေထွေမန်နေဂျာ မစ္စတာဒါရင်ဟွမ်က ပြောကြားခဲ့သည်။LINE သည် အခြေခံဝန်ဆောင်မှုများဖြစ်သည့် Message များ ပေးပို့ခြင်း၊ Voice Call , Video Calls နှင့်Group Chatting များသာမက ခံစားချက်များ ကို ပိုမိုပေါ်လွင်စေသည့် Stick
ဇွန်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်)၁၀၇ တန်ခွဲနဲ့ ကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ နှမ်းလှော် ၃ တန်တင်ပို့ခဲ့ပါတယ်။
Minh Vi Exhibition & Advertising Service Co., Ltd. နှင့် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း & Medical Equipment Entrepreneurs' Association(MPMEEA) တို့ ပူး ပေါင်းကျင်းပပြီး မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၏ ပံ့ပိုးမှုဖြင့် တတိယအကြိမ်မြောက် မြန်မာ့နိုင်ငံ တကာဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းများ ပြပွဲနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၉ရက်မှ ၁၁ ရက်အထိ ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ တွင် ကန်ဒေါ်လာ ၁၂၈၈၆၅ တန်ဖိုးရှိ ကော်ဖီစေ့ ၁၁၉ တန်တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး မေလက ၂၇၉ တန် တင်ပို့ ခဲ့တာကြောင့် မူဆယ်နယ်စပ်မှ တရုတ် ပြည်သို့ ကော်ဖီစေ့ပုံမှန်တင်ပို့နေတယ် လို့ ဆိုရပါမယ်။ရှမ်းပြည်နယ်နဲ့ အခြားဒေသ တွေကထွက်ရှိတဲ့ ကော်ဖီစေ့တွေဟာ အရည်အသွေး ပိုကောင်းတာကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည် များက အဓိကဝယ်ယူနေကြကြောင်း ၊ နိုင်ငံတစ်ဝန်းလုံးတွင် ကော်ဖီစိုက်ပျိုး လျက်ရှိနေကြပြီး၊ ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့ ကိုရီးယားမှ ကော်ဖီအဝယ်တော်တွေ ပြင်ဦးလွင်အထိ လာဝယ်ကြတယ်လို့ မြန်မာကော်ဖီစိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်တဲ့ ကုမ္ပ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ကန် ဒေါ်လာ သုည ဒသမ ၅၆၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၀၈၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြက်ဆူစေ့၊ ကြောင်ပန်းစေ့၊ ဆီးသီးခြောက်၊ ဝဥခြောက် ၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ ချဉ်ပေါင်ဖာလာ၊ တောချင်းနဲ့တောင်လုံးကျော်တို့ဖြစ် ပါတယ်။တရုတ်နယ်စပ်မှ ပရဆေး တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ ၉၃၀၂ တန်ဖိုးရှိ ဆီးဖြူသီးခြောက် ၁၅ တန်ခွဲကို တင်ပို့ခဲ့တာတွေ့ရပါတယ်။
ယောချောင်း၊ ကျောချောင်း ဧရာဝတီမြစ်ကမ်းနံဘေး တစ်လျှောက် ချောင်းရေမြစ်ရေကျ ချိန်မှာ ပေါ်ပေါက်လာတဲ့ သဲနုန်းမြေတွေပေါ်မှာ စိုက်တဲ့ကြက်သွန်နီကို တောင်သူတွေက ဆောင်းစိုက် ချောင်းစိုက် ကြက် သွန်နီလို့ ခေါ်ကြပါတယ်။ ချောင်းစိုက် ကြက်သွန်နီဟာ ဧပြီလမှာ စတင် ပေါ်ပေါက်ပါတယ်။ ဒေသအခေါ် လှောင်လို့ရတဲ့ ကြက်သွန်နီလို့ခေါ် ပါတယ်။ မိုးတွင်းကာလမှာ စိုက်တဲ့ '' ဥ '' စိုက်ကြက်သွန်နီများ ဒေသအခေါ် မိုးတွင်းကာလမှာ မျိုးကြက်သွန်ဥကို စိုက်တဲ့ကြက်သွန်နီတွေဟာ ဆောင်း စိုက်ချောင်းစိုက်ကြက်သွန်နီတွေ ကုန်ခါနီးမှာ ကြားဖြတ်ပေါ်လာပေမယ့် အလှောင်မခံ၊ အထားမခံတဲ့ ကြက်သွန်နီပါ၊