Background
၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ ဆန်တင်ပို့မှု အနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝခန့်တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်
ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအားဝယ်လိုအား လိုက်နေ ကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်ရောင်းဝယ်သူထံမှသိရသည်။ ယခုနှစ်သစ်သီးဝလံဈေးကွက်တွင် သရက်သီးမှည့်များ ဝင်ရောက်မှုပေါများပြီးဈေးနှုန်းမှာလည်းယခင်နှစ်နဲ့မတူဘဲဈေးသက်သာလာသည်ကို တွေ့ရသည်။ မိုးလည်းရွာသွန်း နေပြီမို့ သရက်သီးမှည့်များသည် ချိုလည်းချို အရောင်အသွေးမှာလည်း ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော/နယ် တင်ပို့မှုပါ အရောင်းအဝယ်သွက်လျက်ရှိနေသည်။ပဲခူးတိုင်းဒေသမှ မြကျောက်၊ စိန်တစ်လုံးသရက်များမှာ ဥယျာဉ်၊ ခြံများမှထွက်ရှိ၍ မချစ်စုနှင့် မန္တလေးသရက်များမှာ အိမ်ခြံ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင်ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေကြပြီဖြစ်သည်။ရုံးပတီစိုက်ပျိုးခြင်းသည်ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာသည်။ မျိုးစေ့ချ၍ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ရက်၃၀တွင် ခူးဆွတ်ရောင်းချနိုင်သည်။ စိုက်ခင်းကို ထွန်ယက်၍ မျိုးစေ့ချရန် ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ သုံးစေ့ လေးစေ့ခန့်ထည့်၍ စိုက်ပျိုးကြသည်။ အပင်ကောင်း၍ ကြီးထွားပါက တစ်ပင်လျှင် ၁၀-၁၅ ခန့် ခူးဆွတ်ရရှိနိုင်သည်။ မြေကွက် တစ်ကျိုး စိုက်ပျိုးရာတွင် ၃၅၀ဝ ပင်အထိ စိုက်ပျိုးနိုင်ပြီး ရုံးပတီသီးတစ် ထောင့်လျှင် ဒေသပေါက်ဈေးအရ ၁၅ ကျပ်ခန့်ရှိပြီး ကုန်သည်ဝယ်ဈေးမ
ကမ္ဘာတစ်ဝန်းတွင် လာမည့်မေလမှစတင်ပြီး ကုန်ဈေးနှုန်းများမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ် အကြီးအကဲဒေးဗစ်မယ်လ်ပက်စ်က ပြော ဆိုလိုက်သည်။လတ်တလော ဖြစ်ပွားနေသည့် ရုရှားနှင့် ယူကရိန်းစစ်ရေးပြဿနာ ကြောင့် ယင်းနှစ်နိုင်ငံ၏ စီးပွားရေးကို သာထိခိုက်နေသည်သာမကဘဲ ဥရောပနိုင်ငံများ၊ ရုရှားနိုင်ငံနှင့်စီးပွားရေး မိတ်ဖက်နိုင်ငံများအနေဖြင့်စစ်ပွဲစတင်ချိန်မှပင် စီးပွားရေးထိခိုက်မှုများရှိနေခဲ့သည်။အဆိုပါစစ်ပွဲကြောင့် ကာယကံရှင်နှစ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများကို စီးပွားရေးစတင်ထိခိုက်ခဲ့ရာမှ ဧပြီလအရောက်တွင် ကမ္ဘာ့နိုင်ငံအများအပြားလည်းယင်းအကျိုးဆက်ကို ခံစ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့် အထူးတန်းဝင် ကုန်းမြင့်ကော်ဖီ ပြည်ပတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာကြောင်း ယင်းမြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာ ပြန့်ပွား ရေးဗဟိုဌာနမှ သိရသည်။ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ပြီးခဲ့သည့်၂၀၂၁ခုနှစ်က ပြည်ပသို့ ကော်ဖီတင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်တင်ပို့နေရသည့်အခြေအနေကို ပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံ ရှစ်နိုင်ငံ သို့ တန် ၅၀ဝနီးပါး တင်ပို့လျက်ရှိကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။“ကော်ဖီတင်ပို့မှုက ခါတိုင်းထက်တော့ ဒီနှစ် နည်းနည်းစော တယ်။ အရင်နှစ်တွေက ကော
အညာဒေသရှိ ထန်းတက်ရာသီ၌ ထန်းလျက်ဈေးကောင်း ရရှိနေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဒေသခံများထံက သိရသည်။ ထန်းရည်ချိုကို ပြာသိုလနှင့် တပို့တွဲလတို့တွင် ရာသီစာ အဖြစ် နေ့စဉ် ထန်းလုပ်ငန်း များ လုပ်ငန်းခွင်ဝင်နေသောကြောင့် ထန်းတက် တောင်သူများ ထန်းလျက်ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိနေသည်။ ယခုနှစ် ထန်းလျက်အဟောင်း တစ်ပိဿာ ကျပ် ၂၀ဝ၀ မှ ၂၇၀ဝ အတွင်း ရောင်းခဲ့ရသဖြင့် ယခုနှစ်ထန်းလျက်ဈေးမှာ တစ်ပိသာ ကျပ် ၂၂၀ဝ ကနေ ကျပ်၂၇၀ဝ ရောင်းရကြောင်း ထန်းတက်တောင်သူများထံက သိရသည်။ထန်းလျက်ကို ပုဂ္ဂလိကမုန့်လုပ်ငန်းများနှင့် ရာသီစာအဖြစ် စားသုံးကြကာ ပုံမှန်အရောင်းအဝယ် ပိုသွက်ကြောင်း သိရ သည်။ ရေနံချောင်းမြို့နယ်၌
ကွမ်းသီးနှင့် သီဟိုဠ်များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်း ဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့ တွင် အခွံမချွတ်ရသေးသောအပင်မှဆွတ်ခူးသောအသီး အကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင် ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်း သီး ဈေးမှာ ဧပြီ ၁၉ ရက်တွင် ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ် ပိဿာလျှင် ကျပ် ၅၅၀ဝ ပေါက်ဈေးရှိကြောင်း သိရှိရသည်။ သီဟ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်သည် စပါးအဓိက စိုက်ပျိုးသည့် ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက ခြောက် သိန်းကျော်နှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါ က နွေစပါး ဧကနှစ်သိန်းကျော် စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် မိုးရွာသွန်းမှု နည်းပါး၍ သဖန်းဆိပ်ဆည်သို့ ရေဝင်ရောက်မှု နည်းပါးသဖြင့် ဆည်မှ ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသောကြောင့် နွေ စပါး စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ အခြားသီးနှံများဖြစ်သည့် နှမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုသာ စိုက်ပျိုးခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားခဲ့သဖြင့် သဖန်းဆိပ်ဆည် နှင့် အခြားဆည်မျာ
၂၀၂၂ ခုနှစ်မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၉၀၇သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၆၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၃၅၄၀ ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၆၅၄၆၀ ခန့်၊ အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် ၂၇၅၇၀ ခန့်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံသို့ ဆန် သုံးတန်နီးပါး တင်ပို့ခဲ့သည်။မြန်မာနိုင်ငံ မှ ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ ကင်မရွန်း နိုင်ငံသို့ တန်ချိန် ၂၅၀ဝ၀ ခန့်၊ နယူးဂီနီနိုင်ငံသို့ တန်ချိန် ၂၅၇၀ ကျော်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန် ချိန် ၁၀၃၈၀ ကျော်၊ ဖိလစ်