Main menu

Background

Tuesday, 2 Feb 2021

ထိုင်းနိုင်ငံက  ဗီယက်နမ်တွင် မှတ်ပုံတင်အသစ်တင်သော စီမံကိန်း ၄၀၊ မတည်ရင်းနှီးငွေ ပြန်လည်ညှိနှိုင်း ရန်တင်ပြသော  စီမံကိန်း ၂၃ ခုနှင့် မတည်ရင်းနှီးငွေထည့်ဝင်ရန်နှင့် ရှယ် ယာဝယ်ယူရန် ဆောင်ရွက်နေသော စီမံကိန်း ၁၀ဝ ရှိသဖြင့် ယခင်နှစ်မှတ်ပုံ တင်ထားပြီးသော မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိကြောင်း   ဗီယက်နမ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကိန်းဂဏန်းများကို ကိုးကား၍ ဗီယက်နမ်နယူးစ် အေဂျင်စီသတင်း တွင် ဖော်ပြသည်။

Thursday, 28 Jan 2021

ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့်  နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ "ကိုဗစ်ဖြစ်တဲ့အခါကျ တော့  မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။  ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ် နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Tuesday, 26 Jan 2021

ဗီယက်နမ်လက်မှုပစ္စည်းများသည် ပိုမိုအလားအလာကောင်း သော ထုတ်ကုန်အုပ်စုဖြစ်ပြီး အမြတ်နှုန်းများသော ကုန်ပစ္စည်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်ပို့ကုန်မြှင့်တင်ရန် မဟာဗျူဟာ လိုအပ်နေသော ထုတ်ကုန်အမျိုးအစား ဖြစ်နေကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီသတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့လက်မှုပစ္စည်း ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ဈေး ကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိနေသော် လည်း စီးပွားရေးလုပ်ငန်း တိုးတက်ရေးနှင့် ပိုကုန်မြှင့်တင်ရေး အတွက် ဗီယက်နမ်က ဤအခွင့်အရေးကို အသုံးမချနိုင်သေးကြောင်း ဗီယက်နမ် လက်မှုပစ္စည်း တင်ပို့သူများအသင်း (VHEA) က ပြောသည်။

Monday, 25 Jan 2021

၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ်  ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျ လာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာ လမ်း ကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Monday, 25 Jan 2021

ထားဝယ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး ၂၂၃၈၂၉ ဧကစိုက်ပျိုးပြီး ရိတ်ဧက ၂၁၇၄၇၇ ဧက ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ ဒသမ ဝ၁ တင်းဖြင့်  စုစုပေါင်း ၁၅၂၂၅၆၉၀ တင်း ထွက်ရှိ သည်။  ထားဝယ်ခရိုင်အတွင်း စပါးဈေးနှုန်းမှာ ဒီဇင် ဘာလ ပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၅၅၀ဝ၀ဝ ရှိပြီး ဒီဇင်ဘာလနောက် ဆုံးပတ်တွင် ၄၆ ပေါင်တင်း ၁၀ဝ လျှင် ကျပ် ၆၀ဝ၀ဝ၀ ဈေးနှုန်းပေါက်လျက်ရှိရာ တင်း ၁၀ဝ လျှင် ကျပ် ၅၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်လျက်ရှိကြောင်း သိရှိရသည်။

 

အောင်ကိုထွေး(ထားဝယ်)

Pages