Main menu

Background

Thursday, 30 Jul 2020

ပြည်မြေပဲဆန်ဈေးမှာ ယခုတစ်ပတ်တွင် ဈေးပြန်လည်မြင့်တက်လာ သည်။ ရန်ကုန်ဝယ်လက်များက လုံးဆန်များကို ပြန်လည်အဝယ်ရှိပြီး ဒေသ တွင်း ဆီစက်များကလည်း ဆီဆန်ကိုအဝယ်ရှိသည့်အတွက် ယခင်တစ်ပတ် ထက် စာ လျှင် ယခုတစ်ပတ်မှာ ဈေးမြင့်လာသည်။ယခင်နှစ်ဇူလိုင်လတွင် မြေပဲဆန်ဈေးမှာ   ဆီဆန် (အဖြူ) တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၊ (အနီ)တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင်  ကျပ်  ၃၇၀ဝ နှင့် (အနီ) တစ်ပိဿာလျှင် ကျပ်  ၄၀ဝ၀ အထိ ဈေးမြင့်လာခဲ့သည်။ယခုအပတ် မြေပဲဆန်ဈေးများမှာ   ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အဖြူ)တစ် ပိဿာလျှင် ကျပ် ၂၉၅၀၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့်   ပြည်

Thursday, 23 Jul 2020

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ နှမ်းဈေးများ ဆက်လက်ကျဆင်းနေသည်။ နှမ်းအဝင်မရှိဘဲ  အရောင်းအဝယ်ပါးသည့်အတွက်ကြောင့် ပြည်ပွဲရုံများတွင် ဈေး တန်းလျက်ရှိနေသည်။

Friday, 17 Jul 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ  ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။

Friday, 17 Jul 2020

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန်  အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။

Thursday, 9 Jul 2020

မွန်ပြည်နယ်ဈေးကွက်အတွင်း ပေါပေါများများ တွေ့ရှိ ရပြီး ဈေးကောင်းရသည့် ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းမှာ စိုက်ပျိုးရန်လွယ်ကူသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရ သည်။ ခြောက်လက်မခန့် ရိုးတံများ၊ မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင်အပွင့်များ ရရှိနိုင်ကြောင်း၊ သားတက်များမှ တစ်ဆင့် မိုးရာသီတစ်လျှောက်လုံးအပွင်ထွက်ပြီး ပထမနှစ် တွင် အပွင့်သေးလေ့ရှိသော်လည်း နောက်နှစ်တွင် အပွင့်ကောင်း (လှ)ကြောင်း၊ စိုက်စံနစ်ပုံသေမရှိဘဲ စိုက်ပေါင်များ၊ အိုးများ၊ အထပ်ထပ် စင်များပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်း၊ အိုးများဖြင့် စိုက်ပျိုးထားပါက နောင်နှစ်မိုးရာသီတွင် သားတက်များ ပြန်ထွက်ကြောင်း သိရှိရသည်။

Friday, 3 Jul 2020

မတ် ၁၂ ရက်မှစ၍ သုံးလတာကာလအတွင်း အလုပ်ရှင်ပေါင်း ၄၈၀ဝ ကျော်က ကုန်ကျစရိတ် သက်သာရေး အစီအမံများကို လူအင်အားဝန်ကြီး ဌာနသို့တင်ပြခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ၏ လစာ များကိုလည်း ထိခိုက်မှုရှိခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြသည်။ ယခုအချိန်ထိ  တင်ပြခဲ့သော အစီရင်ခံစာ အားလုံးကိုကြည့်ပါက  လစာအလျှော့ခံရသော အလုပ်သမားစုစုပေါင်း ၁၈၇၀ဝ ရှိပြီး အများစုမှာ ကိုဗစ်-၁၉ ၏ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခံရ သောလုပ်ငန်းကဏ္ဍမှ ဖြစ်သည်ကိုတွေ့ရကြောင်း ဇွန် ၂၄ ရက်က  ထုတ်ပြန်သော ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။  အိမ်ဖော်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ထိခိုက်ခံရသော  အလုပ်သမားအရေ အတွက်မှာ စုစုပေါင်းလု

Pages