Main menu

Background

Thursday, 28 Nov 2019

       စင်ကာပူ စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ Yoma Strategic Holdings Ltd  နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ  First  Myanmar  Inve-stment Public Co.Ltd.

Thursday, 28 Nov 2019

     ပြည်ပနည်းပညာကိုအခြေခံ၍ ဒေသတွင်းရှိ ဖားများအား စမ်းသပ်မွေး မြူခြင်းနှင့် နည်းလမ်းများ မျှဝေခြင်းတို့ ကို  လုပ်ဆောင်နေကြောင်း  ဖားသား ပေါက်   စမ်းသပ်မွေးမြူထုတ်လုပ်သူ ဦးမိုးရဲဝင်းက ပြောသည်။ ထိုကဲ့သို့ မွေးမြူခြင်းနှင့် နည်း လမ်းမျှဝေခြင်းတို့ ပြုလုပ်ရခြင်းမှာ ဈေး ကွက်မပျောက်စေရန်၊ ဈေးကွက်ပျက် ခြင်းမှ ကာကွယ်နိုင်စေရန်နှင့် ပြည်ပမှ တင်သွင်းစားသုံးနေသည်ကို ပြည်တွင်း ၌ မွေးမြူ၍ ဈေးကွက်တစ်ခုဖြစ်လာစေ ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Thursday, 28 Nov 2019

         ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမည်ဆိုသည့် သတင်းထွက် ပေါ်လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟူသော သတင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက တာဝန်ပေးချက်အရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယင်းဝန်ကြီး ဌာနနှစ်ခုပူးပေါင်း ဖွဲ့စည်းမည်ကို ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာ ၁၅ ရက်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းတင်ပြခဲ့ သည်။ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ သည် နိုင်ငံပို

Thursday, 28 Nov 2019

       ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း အတက်အကျများဖြစ်ပေါ် ခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပြန် တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၂၀ဝ၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း  ယခုရက် သတ္တပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၅၀ဝ၀ ထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာနည်းနည်းတက်သွားပေမယ့်ကမ္ဘာ့ရွှေကတော့တည်ငြိမ်နေပါတယ်။ ဈေးကွက်ထဲမှာ တော်တော် များများကလည်း ပြောနေကြတာ ရှိတယ်။ ရွှေဈေးက  ထပ်ကျဦးမယ်ဆိုပြီး ပြောနေကြတယ်။ အဲဒါကြောင့်လည်း ဝယ်မယ့်သူတွေက အခြေအနေပေါ်ကြည့်ပြီး တက်လိုက်ကျလိုက်ဖြစ်နေတာပါမယ်။ အဝယ်တအား

Thursday, 28 Nov 2019

      မုံရွာကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့်  ပဲမျိုးစုံဈေးကွက်အခြေအနေမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကုလားပဲ မျိုးစုံ နေ့စဉ်တင်းပေါင်း ၇၀ဝ မှ၈၀ဝအထိ အရောင်း အဝယ် ဖြစ်ပြီး V2 တစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၂၇၅၀ဝ၊ ထိုင်ဝမ် တစ်တင်း ကျပ်၂၈၀ဝ၀၊ ၉၂၉ တစ်တင်း ကျပ်၂၇၀ဝ၀၊ V3 V7  ကျပ် ၂၆၂၀ဝ နှုန်းပေါက်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ပြန်တက်လာသည်ကို တွေ့ ရသည်။

Thursday, 28 Nov 2019

      (၁၁)ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ ကို နိုဝင်ဘာ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပ ခဲ့ရာ  ဗီယက်နမ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ကျော်ဖြတ် ပြီး ပထမဦးဆုံးအကြိမ်အဖြစ်    ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင်  ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ် သော Vietnam’s ST24 ဆန်သည် ထိုင်းနိုင်ငံ၏ Hom Mali  ဆန်ထက် အနံ့မွှေးကြိုင်မှုတွင်  ယှဉ်ပြိုင်နိုင်စွမ်းမရှိသော် လည်း ဆန်လုံးရှည်လျားမှု၊   ဆန်သားနူးညံ့မှုနှင့် အရသာ ကောင်းမွန်မှုစသည့်အချက်များတွင် ထိုင်းဆန်ထက် သာလွန် ကောင်းမွန်ခြင်းကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ   လယ်ယာစိုက်ပျိုးရ

Thursday, 28 Nov 2019

         ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ  ဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်  တက်ရောက်အမှာစကား  ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုတိုးမြှင့်ရေးကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ

Thursday, 28 Nov 2019

      ပြည်တွင်း သကြားဈေးကွက်တွင် ယခု ၂၀၁၉ ခုနှစ်၌ သကြား တစ်ပိဿာ လျှင် ကျပ် ၉၅၀ နှုန်းဖြင့် အနိမ့်ဆုံးပေါက်ဈေး ရောက်ရှိနေပြီး ပြင်ပရှိ အမှန် တကယ် ရောင်းဝယ်နေသည့် ဈေးကွက်၌ တစ်ပိဿာ ကျပ် ၉၃၀ ဝန်းကျင်သာ ရှိသောကြောင့် ၁၀ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေသည်ဟု ဆိုနိုင် ကြောင်း ယင်းဈေးကွက်မှ သိရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပြည်တွင်းသကြားတစ်ပိဿာ ကျပ် ၁၀၅၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ကျပ် ၉၅၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး သကြားကုန်စည်ဒိုင်ပေါက်ဈေးနှင့် ပြင်ပဝယ်ရောင်းပေါက်ဈေးမှာ အနည်း ငယ်ကွာဟမှုရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက

Monday, 25 Nov 2019

           အိမ်ခြံမြေလုပ်ငန်းအုပ်စုဖြစ်သော Asset Work Crop (AWC) နှင့် Marriott International တို့က ပတ္တယားနှင့်ဖူးခက်တို့တွင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုနှင့်တွဲဖက်ပြီး လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း နေးရှင်း သတင်းတွင် ဖော်ပြ သည်။ စီးပွားရေးလုပ်ငန်း၊  ခရီးသွားနှင့် အပျော် ခရီးထွက်သူများနှစ်မျိုးစလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် MICE (Meetings, incentives, conferences and exhibitions)  ခေါ် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့် လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများကျင်းပနိုင်သော ဟိုတယ်များ နှင့် အထောက်အကူပြုလုပ်ငန်းများကို    တည် ဆောက်ပြီး ကမ္ဘာ့အဆင့်မီ  ခရီးသွားလုပ်ငန်းကို ဆောင်ရွက

Monday, 25 Nov 2019

       တရုတ်နိုင်ငံယူနန်ပြည်နယ်သည်ဝဥ၏ မူလဇာတိဖြစ်ပြီး အရှေ့အာရှ တစ်လွှားသို့ပျံ့နှံ့ခဲ့သည်ဟုဆိုပါသည်။ ဂျပန်အမည်ဖြစ် သော  Konjac ဟုလည်း ထင်ရှားကျော်စောပါသည်။  Konjac ကို  Yam Cake ခေါ် ကျောက်ကျောတုံးပုံမုန့်အဖြစ်လည်း ထင်ရှားလူ ကြိုက်များပြီး ဝဥမှ ပြုလုပ်သော  “ Shirataki” ခေါ် ခေါက်ဆွဲမှာ လည်း ဂျပန်တွင်ကျော်ကြားပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပြီး ယခုအခါ ပြည်ပတင်ပို့မှု များပြားလာသဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်လာကြသည်။

လက်ရှိဝဥကမ္ဘာဈေးကွက်

Pages