Main menu

Background

Monday, 24 Apr 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၂၈၁၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Friday, 31 Mar 2023

၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။မတ်လ ပထမပတ်အတွင်း   ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀၊ ဧည့်မထ ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ၊  ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း)၁၀ပိဿာ တစ်အိတ်ကျပ် ၆၇၀ဝ၀မှ ၆၈၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ် ကျပ် ၄၃၀ဝ၀ မှ ၄၄၀ဝ၀ အတွင်း ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ

Thursday, 30 Mar 2023

ကရင်ပြည်နယ်ထွက် သီဟိုဠ်စေ့ ကုန်ကြမ်းများမှာ ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့် ရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သီဟိုဠ်စေ့ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယမန်နှစ်က အရည်အသွေးကောင်းမွန်သည့် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ဖြင့် ဈေးပိတ်ခဲ့သည်။ ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ဈေးနှုန်းဖွင့်ခဲ့ကာ ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လလယ်တွင် တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ၅၂၀ဝ အထိ ‌ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ သီဟိုဠ်စေ့ အဝယ်ဒိုင်လုပ်ငန်းရှင် ဦးလှရွှေက ပြောသည်။

Thursday, 30 Mar 2023

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့သည်။ ယခုအခါတွင် စိုက်ဧကများအားလုံး  ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ တောင်သူများ၏ ပြောပြချက်အရ တစ်ဧကလျှင်  ပျမ်းမျှ ၁၅ တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်း အနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။

Tuesday, 28 Mar 2023

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ မတ် ၁၅ ရက်မှ မတ် ၂၁ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ

Tuesday, 28 Mar 2023

ဇေယျာစစ်ကိုင်းတောင်ရိုးသမိုင်းတွင် ဝါတွင်းဘုရားစဉ်များအရ မှတ်တမ်းပြုစုရာတွင် ပေါရာဏ လင်္ကာမင်္ဂလာ မှတ်တမ်းအရ -ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ-လေး-ပ-ထူ-ရှင်-အောင်-အမြှောင် ငါးထပ်ကြီး၊ အပြီးကောင်းမှုတော်ဟူ၍ စာဆိုပြုခဲ့ကြသည်။ နှစ်စဉ်  မြန်မာပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့မှစ၍  ပုံ - ပုညရှင်ဘုရား၊ တောင်- တောင်ဖီလာဘုရား၊ ဇေ- ဇေတဝန်ဘုရား၊ ချမ်း- ချမ်းသာကြီးဘုရား၊ ဥ- ဥမင်သုံးဆယ်ဘုရား၊ နန်း- ရှင်ပင်နန်းဦးဘုရား၊ နံ- ရှင်ပင်နံကိုင်းဘုရား၊ လေး- လေးကျွန်းမာန်အောင်ဘုရား၊ ပ-ပတ္တမြား စေတီဘုရား၊ ထူ-ထူပါရုံဘုရား၊ ရှင်- ရှင်ဖြူရှင်လှ ဘုရား၊ အောင်- အောင်မြေလောက ကျောက်စေတီဘုရား၊ “အမြှောင်ငါးထပ်ကြီး”

Tuesday, 28 Mar 2023

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် မတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ထူးပေါက်ကျေးရွာရှိ ကုလားပဲစိုက် တောင်သူများနှင့်တွေ့ဆုံ၍  စိုက်ပျိုးထုတ်လုပ်မှု၊  ရောင်းဝယ်ဖြစ်မှု အခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့သည်။

Tuesday, 28 Mar 2023

ဆိပ်ဖြူမြို့နယ် ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

Tuesday, 28 Mar 2023

ပဲမျိုးစုံဈေးကွက်၌ ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပါ တင်ပို့နိုင်သော ပဲကြီးသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးကောင်းရလျက်ရှိနေခဲ့သည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်ခဲ့သည်ဟု သိရှိရသည်။

Tuesday, 28 Mar 2023

ကသာခရိုင်၌ ပဲပုပ်သီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်စိုက်ဧကပေါင်း ၅၃၅၉ ဧကရှိသည်။ မတ်လပထမပတ်၌ ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းကြပြီး ဒေသတွင်း ပဲပုပ်ခြောက်လုပ်ငန်းများမှ ဝယ်ယူသိုလှောင်မှုများရှိကာ မန္တလေး အဝယ်ဒိုင်များသို့ တင်ပို့ရောင်းချမှုများလည်းရှိကြောင်း သိရသည်။

Pages