Main menu

Background

Thursday, 16 Feb 2017

          ပြီးခဲ့သည့်ရက်သတ္တပတ်များက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ပတ်အတွင်း ၁၁ ကျပ်မြင့်တက် ခဲ့သဖြင့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ မြန် မာနိုင်ငံတော် ဗဟိုဘဏ်၏ ရက်သတ္တပတ်တစ်ပတ် အဖွင့်ဈေးမှာ ကျပ် ၁၃၅၀ ဖြစ်သော်လည်း ဖေဖော်ဝါရီ  ၈ ရက်တွင် ကျပ် ၁၃၆၀ သို့ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် များ နှင့် ပုဂ္ဂလိကငွေလဲစင်တာများ၏ ငွေလဲနှုန်းများလည်းမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ တကာတွင်လည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းများ မြင့်တက်လျက်ရှိသဖြင့် ပြည်တွင်း၌ ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်ကြောင်း ငွေ လဲ

Thursday, 16 Feb 2017

        ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ ဆီကြိတ်မြေပဲဆန်ဈေးနှင့် လုံးဆန်အဖြူ ဈေးအနည်းငယ်မြင့်လာပြီး လုံးဆန်အနီဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုရက် ပိုင်းကံမဘက်မှ မြေပဲဆန်အိတ် ၁၅၀၀ လောက်ဝင်ရောက်ခဲ့ပါ တယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက လုံးဆန်အဖြူကို အဝယ်ရှိနေသဖြင့် ဈေးအနည်းငယ်တက်လာတာတွေ့ရပါတယ်။ ဆီဆန်ဈေးမြင့်လာခြင်းမှာ ထမနဲရာသီဖြစ်တဲ့အတွက် ဆီစက်များက အဝယ်ပြန်လိုက်လာသဖြင့် ဈေးြ မင့် လာတာဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၁၀၀ နှင့် လုံးဆန်အဖြူတစ်ပိဿာလျှင် ၂၃၇၅ကျပ်ဖြင့် ယခင်တစ်ပတ် ထက် ဈေးအ နည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်ထက်

Thursday, 16 Feb 2017

      မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးရဲ့ကြက်သွန်နီဈေးနှုန်းမှာ ဖေဖော်ဝါရီလဆန်းက ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းသို့ နေ့စဉ် ပိဿာ ၂၀၀၀၀ ခန့် ဝင်ရောက်လာခဲ့ သဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှသိရှိရပါတယ်။ ယခုတစ်ပတ် မုံရွာပွဲရုံများ၏ ကြက်သွန်နီဈေးနှုန်းမှာလက်ကား တစ်ပိဿာလျှင်(ကြီး)ကျပ်၁၄၀၀၊ (လတ်)ကျပ် ၁၃၀၀၊ (သေး)ကျပ် ၁၂၀၀ နှုန်းရှိပြီး၊ လက် လီဈေးနှုန်းမှာတစ်ပိဿာ လျှင် (ကြီး) ကျပ် ၁၆၀၀၊ (လတ်) ကျပ်၁၅၀၀၊ (သေး) ကျပ် ၁၄၀၀နှုန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ပွဲရုံဈေးနှုန်းမှာ  တစ်ပိဿာလျှင် (ကြီး) ကျပ် ၁၇၀၀၊ (လတ်) ကျပ်၁၆၀၀၊(သေး)ကျပ်၁၅၀၀၊ လက်လီဈေး

Thursday, 16 Feb 2017

         ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲစင်းငုံသီးနံှအနေဖြင့် တစ်ရက်အိတ် ၁၀၀၀ ကျော် အထိ ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ပန်းတောင်း၊ ပေါက်ခေါင်း၊ ေ ပါင်းတလည်နှင့်ပြည်အနီးတစ်ဝိုက်နယ်စုံမှဝင်ရောက်လျက်ရှိသလို ကံမဖက် မှလည်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဝယ်လက်ကတော့ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းသလို လှောင်သမားများလည်းဝယ်ယူနေတာကြောင့် ပဲဈေးကွက်အတွင်း အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတဲ့ ပဲဖြစ်ပါတယ်။ ပဲဈေးမှာတစ်တင်းကျပ် ၂၃၈၀၀ မှကျပ် ၂၄၀၀၀အတွင်း ရရှိခဲ့ကြလို့ လဆန်း ရက်က ဈေးထက်လည်း အနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါတယ်။

 

Thursday, 16 Feb 2017

          ယခုတစ်ပတ် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချောအသစ်ဈေးငြိမ်ပြီး ဆန်ကြမ်းအသစ်နဲ့ အိတ်စ်ပို့ ၂၅ မှတ်ဆန်ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။  ဆန်ချောအသစ် များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၀၀၀၀နဲ့ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ပုသိမ်/မောင်းမြ ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၂၀၀၀၊ လတ်စ တစ် အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိ တ် ကျပ်၂၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၂၇၀၀၀၊ရွှေဘိုပေါ် ဆန်း  ဆန်တစ်အိတ်ကျပ် ၃၄၀၀၀  မှ ကျပ်၃၆၅၀၀ နဲ့ ယခင် တစ်ပတ်အတိုင်း  ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လိုအားလည်း ပုံမှန်ရှိတာကြောင့်ဈေးလ ည်း ငြိမ်နေတာဖြစ်ပါတယ်။

Wednesday, 15 Feb 2017

         ပဲခူးတိုင်းဒေသကြီးး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ဆောင်း ပဲသစ်မျိုးစုံ  အဝင်များလာခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများအပြင် ကုလားပဲ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲကြီးသီးနှံများပါ ဝင်ရောက်လာခဲ့ကြပြီဖြစ်ပါ တယ်။ ပဲတီစိမ်း သီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနှင့်ယှဉ်လျှင်  ဝင်ရောက်မှု နည်းသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက် ဒေသများ မှဝင်ရောက်ခြင်းဖြစ်ကာ မန္တလေး ဝယ်လက်က အဝင်ရှိသမျှ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှစ၍ ပဲတီစိမ်းသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ခဲ့ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်း ပဲအထွက်လှိုင်ခဲ့

Friday, 10 Feb 2017

       ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ ကော်ပိုရေးရှင်း ၁၀၀ နှင့် ထိပ်တန်း လက်လီစီးပွားရေး ကုမ္ပဏီကြီး ၂၅ခု တို့၏ တီထွင်ဆန်းသစ်သော မိတ်ဖက် ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်နေသည့် Diebold Nixdorf သည် မြန် မာ နိုင်ငံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ၎င်း၏ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝန်ဆောင်မှု  ပေးသွားမည်ဖြစ် သည်။ Diebold Nixdorf  သည် ယခင်က  ပြည်တွင်း မိတ် ဖက် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး ပြည်တွင်းဘဏ်များ၏ self-serviceအခြေပြုနည်းပညာ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။

Friday, 10 Feb 2017

        ၂၀၁၆ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၏ အဓိကထိပ်တန်းပို့ကုန်နှစ်မျိုး ဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်း တို့၏ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် အစိုးရ စာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိ ရသည်။ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပို့ကုန် တင်ပို့မှုတန်ဖိုးသည်  အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၈၇ သန်းလျော့နည်းခဲ့ ကြောင်း အဆိုပါဌာန၏စာရင်းများ တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ဒုတိယအကြိမ်မြောက် ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Thursday, 9 Feb 2017

        အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ရက်မှ ၂၇ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ်က ၆၁၈တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၄ တန်ပိုမို တင်ပို့နိုင်တယ်လို့သိရပါတယ်။ ပိုမိုရခြင်းမှာ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းပါ ကွမ်း သီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက်ေ ကြာင့်ဖြစ်တယ်လို့  သိရ ပါတယ်။

Thursday, 9 Feb 2017

        မောင်းသူမဲ့မော်တော်ကား ရှေ့ ပြေးပုံစံများကို ကယ်လီဖိုးနီးယားလမ်း များနှင့် အဝေးပြေးလမ်းမများပေါ်တွင် လူ့ အကူအညီမပါဘဲ စမ်းသပ်မောင်း နှင်ရာတွင်   အခြေအနေ  တိုးတက် ကောင်းမွန်သည်ဟု  ကယ်လီဖိုးနီး ယားသယ်ယူပို့ဆောင်ရေး ကြီးကြပ် ရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ချက်အရ သိရကြောင်း အေပီသတင်းတွင် ဖော်ပြသည်။ ယခုထုတ်ပြန်ချက်သည် အများ ပြည်သူလမ်းမများပေါ်တွင် မော်တော် ကား ၁၀၀ ကျော်ကို  စမ်းသပ်မောင်းနှင်ပြီး ကုမ္ပဏီ ၁၁ ခုကထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာများနှင့်လည်း ကိုက်ညီမှုရှိသည် ကိုတွေ့ရသည်။ ကုမ္ပဏီ ၁၁ ခု၏ စမ်း သပ်မောင်းနှင်မှုမှာ နည်းပညာဖွံ့ဖြိုး တိုးတက်ရာနေရာဖြစ်သော စီလီကွန်ဗ

Pages