Background
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မှာ ပဲဟောင်းအချို့ ဈေးအနည်းငယ်မြောက်ခဲ့ပြီး ပဲသစ်ပေါ်စ၊ ပဲတီစိမ်း၊ မတ်ပဲနဲ့ပဲလွန်းပြာတွေ ဈေးတက်ခဲ့ကာ ပဲဟောင်း ဈေးကွက်မှာတော့ ပဲလက်လီအဝယ်သာရှိခဲ့ တယ်လို့ ဒိုင် ရပ် ကွက်က သိရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံ ဈေးကွက်အနေနဲ့ ဒေသတွင်းလုပ်ငန်းသုံးနဲ့ မျိုးအတွက် အဝယ်ရှိခဲ့လို့ ဆက်လက်ဈေးမာခဲ့ရာ V2 တစ်တင်း ကျပ် ၄၆၅၀ဝ၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၅၅၀ဝ နဲ့ 929 တစ်တင်းကျပ် ၄၄၀ဝ၀ အသီးသီး အမြင့်ဈေးရခဲ့ကာ တစ်ရက်အိတ် ၂၀ဝခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည် ဒိုင်ရဲ့ ဆန်ဈေးကွက်မှာ ဆန်ဟောင်းဈေးငြိမ်ပြီး ဆန်ကြမ်းသစ် (ရှယ်) ဈေးတက်လာတာတွေ့ရပါ တယ်။ ဆန်ချောပေါ်ဆန်းဆန်ဖျာပုံ ထိပ်စ တစ် အိတ်ကျပ် ၃၆၀ဝ၀ နဲ့ လတ်စ တစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်/ မြောင်းမြ ထိပ်စတစ်အိတ် ကျပ်၃၆၅၀ဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ်ထိပ်စ တစ်အိတ် ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ နဲ့ ဆန်ချောဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေကြောင်းသိရှိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင် များအား ဈေးနှု န်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများ က တင်ပြလာသည့် Invoice နှင့် Sale Contract ပါ ဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာအမှတ်(၇၄/၂၀၁၆)တွင် ဖော်ပြထားသည်။
သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၁၅၉၂၂၆၂၂ တန်ဖိုးရှိ ဒီဇယ်၂၂၈၆၅ ဒသမ ၂၃၂တန် နဲ့ ကန်ဒေါ်လာ ၁၈၇၆၃၃၀၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၅၁၂ ဒသမ ၇၈၇ တန် ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (95) က ၂ ဒသမ ၆၄ တန်သာ ဝင်ခဲ့ပြီး (92) က ၁၉၅၁၀ ဒသမ ၁၄၇ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင်မရှိပဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ တတိယပတ် ပဲဈေးကွက် မှာ မနှစ်က ဆောင်းပဲတွေ ဒိုင်မှာ လက်ကျန်နည်းလာသလို ဝယ်လိုအားကောင်းတဲ့ဒေသသုံး ပဲတွေဖြစ်ကြတဲ့ ပဲနီလုံး ကြား၊ ပဲပုပ်စေ့နဲ့ ကုလားပဲမျိုးစုံတို့ ဈေးတက် ခဲ့တာ တွေ့ရပါ တယ်။ ကုလားပဲဈေးကွက်မှာ ဒေသတွင်းလုပ်ငန်းသမားတွေ ဖြစ်ကြတဲ့ အမှုန့်ကြိတ်စက်၊ ပဲခွဲစက်နဲ့ ကြာဆန်စက်သမားတို့ ပုံမှန်ဝယ်လို အားရှိတာကြောင့် V2 တစ်တင်း ကျပ် ၄၇၀၀၀၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၆၀၀၀ နဲ့ 929 တစ်တင်း ကျပ်၄၅၃၀၀ အသီးသီး အမြင့်ဈေးပေါက်ခဲ့ပြီး လက်ကျန်ရှိတဲ့ V2 နဲ့ 929 တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒေသတွင်း လက်လီအသုံးများပြီး ပဲလက်ကျန် နည်း လာတဲ့ ပဲနီလု
မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (CESD) တို့ ပူးပေါင်းကျင်းပသည့် ရော်ဘာ ကဏ္ဍ ပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်နှင့် မလေးရှားနိုင်ငံမှ ဒေါက်တာလယ်ရီဝန်၊ ထိုင်း နိုင်ငံမှ ဒေါက်တာဗီရို နာရောင်တို့ ပါဝင်သည့် ပညာရှင်များက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံ တကာ အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ရော်ဘာဥပဒေမူကြမ်းနှင့် ပတ
နယူးဇီလန်နိုင်ငံတွင် နိုဝင်ဘာလ ၁၄ ရက် က အင်အားရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့် ရှိအင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း weather.com တွင် ေ ဖာ်ပြထားသည်။ အဆိုပါအင်အားပြင်းငလျင်သည် Christchurch ၏အနီးတွင် လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုပေါင်း ရှစ်သောင်းမှ တစ်သိန်းေ ကျာ်အထိ ဖြစ်ပွားခဲ့ကြောင်း နယူးဇီလန်နိုင်ငံမြေပြင်တိုင်းတာရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းကမ်းခြေ ဒေသများတွင် အဆိုးရွားဆုံး သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ရ ပြီး ပျောက်ဆုံးသူ ခြောက်ဦးရှိ ကြောင်း ဗီယက်နမ် သတင်းဌာန က ရေးသား ဖော်ပြ ခဲ့သည်။ ရေလွှမ်းမိုးမှုများကြောင့် အမေရိကန် ဒေါ်လာ ၄၄ သန်းကျော် ဆုံးရှုံးခဲ့ရပြီး လူသား ချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများပေး ကြရန် အစိုးရက နှိုးဆော်ထားကြောင်း ဗီယ က်နမ် သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မြောက် ပိုင်းနှင့် အလယ်ပိုင်းကမ်းခြေဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့ရာ နေအိမ်ပေါင
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ချုပ်ပြီးအဝတ်အထည်များ တင်ပို့ရောင်းချရမှုမြင့်တက်လာသဖြင့် လက်ရှိ ဘဏ္ဍာနှစ် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၁၇ ခုနှစ်ဇွန်လအထိ)၏ ပထ မလေးလအတွင်း စုစုပေါင်း အထည်ပို့ကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးဖြစ်၍ နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ ယခုနှစ် အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁ ဘီလီယံ တင်ပို့နိုင်ခဲ့၍ ယခင်နှစ် အောက်တိုဘာလက တင်ပို့မှုထ က် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပို့ ကုန် မြှင့်တင်ရေးဌာန (The Export Promotion Bureau, EPB) က ပြောကြားခဲ့သည်။
ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ ပါ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ် အတွင်းကတည်းက မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က တစ်ေ အာင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။