Main menu

Background

Tuesday, 28 Dec 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂၄-၁၂-၂ဝ၁ဝ                                         US$/Ton                  ဒီဇင်ဘာဒုတိယပတ်           ဒီဇင်ဘာတတိယပတ်                          နှိုင်းယှဉ်ချက်RBD P.Oil          ၁၁၆၇ .ဝဝ                        ၁၁၉၁ .၅ဝRBD P.Oilen       ၁၁၈၂ .၅ဝ                        ၁၁၉၈ .ဝဝRBD P.Strarin     ၁၁၂၃ .ဝဝ                         ၁၁၇၆ .ဝဝSource: econ.mpob

Tuesday, 28 Dec 2010

ပြည်ဈေးကွက်သို့ ပဲပုပ်အသစ်များ အဝင်ရှိလာ            ပြည်ဈေးကွက်တွင် ယခင်အပတ် များက ပဲပုပ်လက်ကျန် ပြတ်သွား သော်လည်း ပိဿာ ၂ဝ တစ်တင်းလျှင် ၁၈၅ဝဝကျပ်ဖြင့် ဈေးပိတ်ထားခဲ့ ကြောင်းသိရပါတယ်။ ဒါပေမဲ့ ယခု ဒီဇင်ဘာလ စတုတ္ထပတ်မှာတော့ ပဲပုပ်သစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်းသိရပါတယ်။ ပဲပုပ်အသစ်များ ဝင်လာတာကြောင့် ဈေးကွက်တွင် ပိဿာ ၂ဝ တစ်တင်းလျှင် ၁၆၅ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းမှာတော့ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၅၅ဝဝ ကျပ်ဖြင့် လက်လီသမားများသာ အဝယ်ရှိ ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ 

Tuesday, 28 Dec 2010

 တရုတ်နိုင်ငံဝယ်လိုအားကြောင့် ၂ဝ၁၁ကမ္ဘာ့ပဲပုပ်စေ့နှင့် ပြောင်းဈေးနှုန်း မြင့်တက်နိုင်           ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ပြောင်းနှင့် ပဲပုပ်စေ့အများဆုံး တင်ပို့ ရောင်းချသော ဘရာဇီးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့၌ ပူပြင်း ခြောက်သွေ့သော ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်နေရ၍ သီးနံှအထွက်နှုန်းများ အပေါ် စိုးရိမ်ကြောင့်ကျလျက်ရှိနေသည်။ ကမ္ဘာ တတိယအများဆုံး ပဲပုပ်စေ့ ရောင်းချသည့် အာဂျင်တီးနား သည် ၂ဝဝ၉ခုနှစ်တွင် ပဲပုပ်စေ့ စိုက်ပျိုးမှု ၈၅.၇ ရာခိုင်နှုန်း ရှိခဲ့ သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် မိုးနည်း ခဲ့၍ ၇၄.၇ ရာခိုင်နှုန်းသာ စိုက်ပျိုးခဲ့ ရာ စိုက်ပျိုးဟက်တာ ၁၈.၅သန်း၊ ဧက ၄၅.၇သန်းဖြစ်ပြီး ၂ဝဝ၉ခုနှစ် စိုက်ပျိုးမှု သည် ၁၉ သန်း ဟက်တာ ရှိခဲ့သည်။ တောင်ပိုင်း ဘရာဇီး နိုင်ငံ၏ ပဲပုပ် စေ့ အထွက်နှုန်းသည် လာနီညာ ရာသီဥတုကြောင့် လာမည့်နှစ် ၂ဝ၁၁ တွင် ပူပြင်းခြောက်သွေ့မည် ဖြစ်၍ အထွက်နှုန်း ၂ဝရာခိုင်နှုန်း ကျဆင်း မည်ဟု ခန့်မှန်းထားသည်။               အကယ်၍ အာဂျင်တီးနားသည် လာမည့်နှစ်တွင် မိုးနည်းမည်ဆိုပါက တရုတ်နိုင်ငံ၏ဝယ်လိုအား မြင့်မှုကြောင့် ကမ္ဘာ့ပြောင်းနှင့် ပဲပုပ်စေ့ ဈေးနှုန်း များသည် လောင်နေသော မီးအပေါ် ဓါတ်ဆီ လောင်းသကဲ့သို့ ဈေးနှုန်းထိုး တက်လာမည်ဟု ခန့်မှန်းထားသည်။               ၂ဝ၁၁ခုနှစ်၊ မတ်လ သင်္ဘောတင် ပြောင်း ဈေးနှုန်းသည် ချီကာဂို ဈေးကွက် တွင် ၅ ဆင့် ဝ.၈ရာခိုင်နှုန်း မြင့်လာ၍ တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့နောက်ပိုင်း ပြောင်း ဈေးနှုန်းသည် တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄၇၅ ဖြစ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ကြိုပွိုင့် ဈေးနှုန်း ၂.၉ရာခိုင်နှုန်း မြင့်ခဲ့သည်။ ကမ္ဘာ့ ပြောင်းအများဆုံး ထွက်ရှိ သည့် အမေရိကန်နိုင်ငံ၏ ၂ဝဝ၉ ခုနှစ် ပြောင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၄.၆ ဘီလီယံရရှိခဲ့ပြီး ပဲပုပ်စေ့မှ ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၃၁.၈ ဘီလီယံဖြစ်ကြောင်း သိရှိရသည်။                                                                                                                                                   Source:Bloomberg.com SSYှ့

Tuesday, 28 Dec 2010

ပုံမှန်ရောင်းဝယ်နေတဲ့ စစ်ကိုင်းမြေပဲ            မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မြေပဲတစ်ပိဿာ အနိမ့်ဈေးများမှာ မြေပဲဆံနီ ၁၇၇၅ ကျပ်၊ ၁၈ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၆ဝဝ ကျပ်၊ ၁၇၆ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်၊ ၂၁၄၃ ကျပ် ဈေးအသီးသီးနဲ့ အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ ယခင်နှစ် ကာလတူဈေးများမှာ မြေပဲဆံနီ ၁၅ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၃၅ဝ ကျပ်၊ ၁၅ဝဝ ကျပ်၊ မြေပဲလုံးဆံ ၁၈၅၇ ကျပ်၊ ၁၉၂၅ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ် များမှ မြေပဲများ မုံရွာမြို့သို့ ဝင်ရောက်လျက်ရှိပါတယ်။ ယခုလ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ မြေပဲလုံးဆံတင်း ၄ဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၃ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံး ဆံတစ်ရက်လျှင် ပျမ်းမျှ တင်း ၁ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မြေပဲဆီ ပေါက်ဈေး တစ်ပိဿာ လက်ကား ၃၁၅ဝ ကျပ်၊ လက်လီ ၃၃ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                                    သန်းးသန်းးတင်

Tuesday, 28 Dec 2010

ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ           ပြည်ဈေးကွက်သို့ မြေပဲဆံများကို မကွေးတိုင်းဒေသကြီး အောင်လံနဲ့ ပြည်-အောင်လံကြား ရွာများမှ တစ်နေ့ကို အိတ် ၅ဝဝ ခန့်ဝင်ရောက်လျက် ရှိပါတယ်။ ပြည်မြို့တွင် ဆီစက်သမားများမှ ဆီကြိတ်ဆံများကို အဝယ်ရှိသဖြင့် တစ်နေ့ ကို အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဒီဇင်ဘာလဆန်းမှ ခုချိန် ထိ ရန်ကုန်မြို့သို့ အိတ် ၁၂ဝဝ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ မြေပဲဆီဆံဈေးမှာ တစ်ပိဿာကို ၁၅ဝဝ ကျပ်နဲ့ လုံးဆံ တစ်ပိဿာ ကို ၁၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက် တွင် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                                                                                            ဝေဝေမင်း

Tuesday, 28 Dec 2010

 ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ           ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းနေကြာများကို စိုက်ပျိုးလျက် ရှိပါတယ်။ ပြည်တွင်းဆီဖူလုံမှုနဲ့ ပြည်ပဆီတင်သွင်းမှု လျော့နည်းစေရန် နိုင်ငံတော်မှ ဆီထွက်သီးနံှများစိုက်ပျိုးရန် လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ ကြို့ပင် ကောက်မြို့နယ်တွင် ဆောင်းနေကြာသီးညှပ်အဖြစ်စိုက်ပျိုးရန်အတွက် မတ်ပဲစိုက် တောင်သူများကို နေကြာမျိုးတစ်ဧကလျှင် ၂ ပြည်နှုန်းဖြင့် မျိုးနေကြာများ ထုတ်ပေး ပြီး ဖြစ်ပါတယ်။               ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ဆောင်းနေကြာလျာထားဧက ၁ ဒသမ ၆ဝ သိန်းတွင် သီးသန့်ဧက ၁၅ဝဝ ခန့်နဲ့ သီးညှပ်ဧက ၁ ဒသမ ၅၉ သိန်းဧက လျာထားလျက်ရှိပါတယ်။ ခုချိန်တွင် ဆောင်းနေကြာဧက လေးသောင်းနီးပါး စိုက်ပိုျးပြီး လျက်ရှိပါတယ်။ အများဆုံးစိုက်ပျိုးပြီးမြို့နယ်များမှာ မင်းလှ၊ သာယာဝတီနဲ့ ကြို့ပင် ကောက်မြို့နယ်တို့ ဖြစ်ပါတယ်။ နေကြာဈေးမှာ တစ်ပြည်လျှင် ၁၅ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။                                                                 ဝင်းဝင်းခိုင်

Tuesday, 28 Dec 2010

 ယခုအပတ်နယ်စပ်မှ နှမ်းနက် တင်ပို့မှုပို              ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှနမ်းနက် ၅၃၃ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၇၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအရောင်အလိုက် ယခု အပတ်မှာ တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၄၁ဝ တန်ကျော်၊ နှမ်းအခွံ့ချွတ် ၆၉ တန် နဲ့ နှမ်းနက် ၅၃၃ တန် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ ၅ တန်သာလျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးသာမြင့်တက်သော်လည်း တစ်ဘက်နိုင်ငံ ဈေးပြောင်း လဲမှုမရှိတဲ့အတွက် တင်ပို့မှု ပုံမှန်ရှိနေခြင်းဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                            မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်          ပြောင်းလဲမှု      %       ယခု         ယခင်           ပြောင်းလဲမှု           %နှမ်းဖြူ      ၁၂ဝဝ၄၄၆    ၁၁၈၅၂ဝဝ      ၁၅၂၄၆       ၁ .၃      ၁၃၂၄        ၁၃၂၃              ၁                ဝ .ဝ၈နှမ်းနက်    ၁၄၇၅၉၃၇    ၁၄၅၈၃၇၇      ၁၇၅၆ဝ       ၁ .၂       ၁၅၇၉        ၁၅၇၈             ၁                 ဝ .ဝ၆MIRT (DOBT)

Tuesday, 28 Dec 2010

 လာမယ့်သီတင်းပတ်မှာ စားအုန်းဆီများ ထပ်မံမြင့်တက်နိုင်            မလေးရှား စားအုန်းဆီကြမ်းဈေးဟာ ယခုနှစ်အမြင့်ဈေးဖြစ်တဲ့ တစ်တန် ကို ရူပီး ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ထက်ပိုပြီး လာမယ့်သီတင်းပတ်မှာ မြင့်တက် လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နှစ်ကုန်ပိုင်းမှာ တစ်တန်ကို ရင်းဂစ် ၃၇ဝဝ- ၃၈ဝဝ (ကန်ဒေါ်လာ ၁၁၉၅-၁၂၂၇) ရှိလာနိုင်တယ်လို့ စားအုန်းဆီလုပ်ငန်း အကြံပေး M. R Chandran က ပြောကြားပါတယ်။ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ ဲJohor, Sabah  ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် ၂ဝ၁ဝ အတွင်း စားအုန်းဆီကြမ်း ပျမ်းမျှဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆ဝဝ နဲ့ ၂၆၅ဝ (ကန်ဒေါ်လာ ၈၃၉-၈၅၆) တွင်းမှာ ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၄ လ အတွင်းမှာတော့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကွာလာလမ်ပူမှာ ယခုနှစ် လက်ရှိအချိန်ထိစားအုန်းဆီကြမ်းဈေးဟာ ရင်းဂစ် ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ကို ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မတ်လပို့ရမယ့် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ဟာလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၆၅၈ (ကန်ဒေါ်လာ ၁၁၇၅) ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိကတော့ လာမယ့်နှစ် စားအုန်းဆီကြမ်း ထုတ်လုပ်ရောင်းချမှု ငြိမ်နေပေမဲ့ ဝယ်လိုအား ကောင်းမယ့်အလားအလာ တွေကြောင့် မြင့်တက်လာနိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။           လာမယ့်နှစ်မှာ စားအုန်းဆီကြမ်းထုတ်လုပ်မှု တန်ချိန် ၂ သန်း၊ ၃ သန်းပိုလာနိုင်ပေမဲ့ တရုတ်နဲ့ အိန္ဒိယအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများက ဝယ်လိုအား ပိုမိုကောင်းမွန်ခြင်းကို ဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုန်ညှင်းစေ့နဲ့ နေကြာစေ့လို အခြားဆီထွက်သီးနံှထုတ်လုပ်မှု ကျဆင်းနိုင်ခြင်းက လည်း စားအုန်းဆီဈေးကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: palmoilhq.com   

Tuesday, 28 Dec 2010

 နှမ်းတန် ၁ဝဝဝ ကျော်ဆက်လက်အပို့ရှိ             ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုအနေနဲ့ ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၁၁ဝဝ ကျော်ရှိပြီး၊ ဒုတိယပတ်မှာ တန် ၂ဝဝဝ နီးပါးတင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို နှမ်းအသစ် တော်တော်များများ ဝင်ရောက်လာနေပြီဖြစ်ပြီး ပြည်တွင်းအဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူဖြစ်ပြီး အများဆုံး ပမာဏ ကိုတော့ ဂျပန်ကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                  MIRT - MAPT

Pages