Background
မန်းပဲပုပ် ၉ဝ ရာခိုင်နှုန်း နီးပါး စိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီးမှာ ပဲပုပ်ကို မိုးသီးနံှအဖြစ် ၂ ရာခိုင်နှုန်းသာ စိုက်ပျိုးပြီး ဆောင်းစိုက်အဖြစ် ၉၈ ရာခိုင် နှုန်းစိုက်ပျိုးကြောင်းသိရပါတယ်။ သုံးနှစ် တာကာလရဲ့ ပဲပုပ်စိုက်ပျိုးမှုများကတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ ၃၂၃၂၁ ဧက၊ ၂ဝဝ၉-၂ဝ၁ဝ မှာ ၃၂၂၂၅ ဧကဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ၃၃၆၃၆ ဧကလျာထားပြီး မိုးသီးနံှ ၇ဝ၃ ဧက စိုက် ပျိုးခဲ့ပြီးဖြစ်ကာ ယခု ဆောင်းသီးနံှမှာ တော့ ၂၈၃၂၇ ဧက၊ ၈၈ဒသမ ၇၁ ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းစိုက်ပျိုးမှု အများဆုံးမှာ မတ္တရာ မြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၃၇ ရာခိုင်နှုန်း၊ ဒုတိယအများဆုံး မြင်းခြံ မြို့နယ်က ၂၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ မန္တလေး ဈေးကွက်ကို တိုင်းတွင်း စိုက်ပျိုးရာဒေသများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနဲ့ ရှမ်း ပြည်နယ် တောင်ကြီးတို့မှ အများဆုံး ဝင်ရောက်ပြီး မြင်းမူ၊ ပခုက္ကူ၊ မုံရွာဒေသတို့မှ လည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက် ဝင်ရောက်သည့် သီးနံှအများစု ကို တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ဘဏ္ဍာနှစ်အတွင်း ၂၄၂၇ တန်၊ ၂ဝဝ၉-၂ဝ၁ဝ မှာ ၂၄၁၂ တန်နဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဒီဇင်ဘာ တတိယပတ် ထိတန် ၅ဝဝခန့်တင်ပို့နိုင်ကြောင်း သိရ ပါတယ်။ ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ နှစ်အလိုက် ဒီဇင်ဘာ တတိယပတ် ပဲပုပ် တစ်ပိဿာပေါက်ဈေးများမှာ ၂ဝဝ၈ ဒီဇင်ဘာတတိယပတ်ပဲပုပ် (ဗမာ)၁၆၃၅ ကျပ်၊ ၁၆၉ဝကျပ်၊(ရှမ်း)၇၅ဝကျပ်၊ ၉၆ဝ ကျပ်၊ ၂ဝဝ၉ ဒီဇင်ဘာ တတိယပတ်မှာ (ဗမာ) ၈၃၂ ကျပ်- ၇၅ဝ ကျပ်၊ (ရှမ်း) ၆၂ဝ ကျပ်-၆၇၆ကျပ်၊ ၂ဝ၁ဝဒီဇင်ဘာ တတိယပတ်(ဗမာ) ၇၃ဝကျပ်၊ ၇၇ဝကျပ်၊ (ရှမ်း) ၈၂၅ ကျပ်၊ ၉၄ဝ ကျပ် အသီးသီး ဖြစ်ကြောင်း သိရပါတယ်။ သက်သက်နိုင်
မန်းအဆွဲရှိလို့ နှမ်းဈေးမာနေ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယပတ်နှမ်းဈေးကွက်မှာ နှမ်းမိုျးစုံဈေးမာ လာပါတယ်။ နယ်စုံက နှမ်းဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးအနေနဲ့ နှမ်းညိုတစ်တင်း ၁၉၅ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၁၈ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးမာလျက်ရှိပါတယ်။ ဂန့်ဂေါနယ်နဲ့ မြောင်နယ်တွေဘက်က အထွက်တိုး နှမ်းနက်အချို့ ဈေးကွက်ထဲဝင်လာခဲ့ပြီး ၊ တရုတ်ဝယ်လက်ရှိတဲ့အတွက် တစ်တင်း ၂၈ဝဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ဆီစက်သမားများနဲ့ လက်လီအဝယ်အပြင် မန်းအဆွဲအနည်းငယ်ရှိလို့ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပတ်မှာ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို နှမ်းတင်း ၁၅ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ရှမ်းပန်းနှမ်း ဈေးကွက်ဝင်ပြီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တိုင်းမှာ စိုက်ပိုျးဖြစ်ထွန်းသီးနံှဖြစ်တဲ့ ပန်းနှမ်းများစပေါ်ပြီဖြစ်ပါတယ်။ မိုးနဲ၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်များမှ ပန်းနှမ်းများ ဈေးကွက်တွင်းစတင်ဝင်ရောက်လာပါတယ်။ အထွက်နှုန်းကတော့ ယခင်အထွက် နှုန်းနဲ့ သိပ်မကွာကြောင်း သိရပါတယ်။ ဒီနှစ်ပန်းနှမ်းပေါ်စ အဖွင့်ဈေးမှာ ပန်းနှမ်း တစ်ပိဿာ ၁၂၅ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းမှာတော့ ပန်းနှမ်းလှိုင်လှိုင်ပေါ်တော့မှာဖြစ်ပါတယ်။ ပန်းနှမ်းဆီကတော့ တစ်ပိဿာ ၂၈၅ဝ ကျပ်၊ ၂၉ဝဝ ကျပ်ရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များမှ သိရပါတယ်။ စောယုထွေး
စစ်ကိုင်းတိုင်းဒေသကြီး မိုးနှမ်းများဈေးကွက်ဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် မိုးနှမ်းစိုက် ဧက ၄ ဒသမ ၄၇ သိန်းကျော်၊ ဆောင်းနှမ်းစိုက်ဧက ၄ ဒသမ ၅၂ သိန်းကျော် စိုက်ပိုျးပါတယ်။ မိုးနှောင်းပိုင်း သြဂုတ်လလယ်၊ စက်တင်ဘာ လဆန်းပိုင်း စိုက်နှမ်း များ နိုဝင်ဘာလဆန်းမှ ယခုအချိန်ထိထွက်ပေါ်နေပါတယ်။ စစ်ကိုင်းမြို့နယ် ကျောက်ဆည် တစ်ရွာလုံး နှမ်းစိုက် တောင်သူ ၁ဝဝ ရှိပြီး နှမ်းစိုက်ဧကပေါင်း ၄ဝဝ ခန့် ရှိပါတယ်။ တောင်သူတစ်ဦးကို နှမ်းဖြူ ၃ ဧကမှ ၇ ဧကထိ စိုက်ပိုျးကြ ပါတယ်။ တစ်ဧကကုန်ကျစရိတ် ၇ဝ၂ဝဝ ကျပ်၊ ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၅ တင်းကျော်ထွက်ကြောင်း သိရပါတယ်။ နှမ်းဖြူ တစ်တင်းဈေး နိုဝင်ဘာလမှ ယခုချိန်ထိ အနိမ့်၊ အမြင့်ဈေး ၂၂၅ဝဝ ကျပ်-၂၆ဝဝဝ ကျပ်၊ ပျမ်းမျှ တစ်တင်းဈေး ၂၄၂၅ဝ ကျပ်ဈေးပေါက်လို့ တစ်ဧကအမြတ် ၅ဝဝဝဝ ကျပ်ကျော် ရှိကြောင်း သိရပါတယ်။ ကျေးရွာများမှ ထွက်ရှိတဲ့ နှမ်းကို စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း သိရပါတယ်။ သန်းသန်းတင်
နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့ကျ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ နှမ်းရောင်စုံ တင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်ထက်ဝက်လျော့ကျသွားပါတယ်။ ယခင် အပတ်ကထက် တန် ၇ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နှမ်းဖြူ ၄၇၈ တန်၊ နှမ်းနက် ၄၅၅ တန်၊ နှမ်းအခွံချွတ် ၅၉ တန်နဲ့ ချင်း ရွှေဟော်မှ နှမ်းဖြူ ၂၇ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းနှမ်းရောင်စုံ တန် ၁ဝဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်း နှမ်းတင်ပို့မှုမှ ရရှိခဲ့ပါတယ်။ တရုတ်ဘက် အဆွဲနည်းတဲ့အတွက် တင်ပို့မှုလျော့ကျတာလို့ သိရပါတယ်။နှမ်းဖြူ ဈေး မိမိဘက်မြေပြင်ဈေးကျနေသော်လည်း နှမ်းနက်ဈေးမှာမူ မြင့်တက်လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၈၅၂ဝဝ ၁၁၉၈ဝ၇၇ ၁၂၈၇၇ ၁ .၁ ၁၃၂၃ ၁၃ဝ၉ ၁၄ ၁ .၁နှမ်းနက် ၁၄၇၁၉၈၈ ၁၄ဝ၄၆၁၁ ၆၇၃၇၇ ၅ ၁၅၇၈ ၁၅၈ဝ ၂ ဝ .၁MIRT (DOBT)
နှမ်းတန် ၂ဝဝဝ နီးပါးကို တင်ပို့ ဒီဇင်ဘာလ ဒုတိယပတ်မှာ နှမ်းတင်ပို့မှု တန် ၂ဝဝဝ နီးပါးကို တိုးတက် လာတာတွေ့ရပါတယ်။ ဒေသအသီးသီးက ဈေးကွက်တွေကို နှမ်းအသစ်တွေ အဝင် ရှိနေပြီး ဝယ်လက်အဝယ်အေးလို့ ပြည်တွင်း ဈေးအေးနေခဲ့ပါတယ်။ ပြည် တွင်းဈေး အေးတာကြောင့် ပင်လယ်ရေကြောင်းတင်ပို့သူတွေတင်ပို့မှု တက်လာခြင်း ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ ကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်တင်ပြလိုက်ပါတယ် ် သိပ္ပံနှမ်းနက် နှမ်းနက် နှမ်းဖြူ၁၇-၁၂-၁ဝ ၁၈ဝဝ-၁၈၅ဝ ၁၄၅ဝ-၁၅ဝဝ ၁၃ဝဝ-၁၃၅ဝ၉-၁၂-၁ဝ ၁၉၂ဝ-၁၉၇ဝ ၁၆၂ဝ-၁၆၇ဝ ၁၄၂ဝ-၁၄၇ဝMIRT(MAPT)
စားအုန်းဆီဈေးနှုန်းများ(၆-၁၂-၂ဝ၁ဝ မှ ၁ဝ-၁၂-၂ဝ၁ဝ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၆-၁၂-၂ဝ၁ဝ ၁၂၁ဝ(၂) ၈-၁၂-၂ဝ၁ဝ ၁၂၁၅(၃) ၉-၁၂-၂ဝ၁ဝ ၁၂၂ဝ(၄) ၁ဝ-၁၂-၂ဝ၁ဝ ၁၂၂ဝှSource: ဆီကုန်သည်များ အသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB )ဈေးနှုန်း၁၇-၁၂-၂ဝ၁ဝ US$/Ton ဒီဇင်ဘာပထမပတ် ဒီဇင်ဘာဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၄၇ .ဝဝ ၁၁၆၇ .ဝဝRBD P.Oilen ၁၁၄၆ .ဝဝ ၁၁၈၂ .၅ဝRBD P.Strarin ၁ဝ၈၈ .ဝဝ ၁၁၂၃ .ဝဝSource: econ.mpob
လ ၃ဝ အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးကို ရောက်လာ မလေးရှားနိုင်ငံရဲ့ သိုလှောင်ထားရှိမှု ပမာဏနဲ့ လာနီညာ ရာသီဥတု အခြေအနေများအရ ဒီဇင်ဘာလ ၁၄ ရက်စားအုန်းဆီဈေးဟာ လ ၃ဝ အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီ ကြမ်း ဈေးနှုန်းဟာတစ်တန်ကို ရင်းဂစ် ၈၉ (ကန်ဒေါ်လာ ၂၈) မြင့်တက်ပြီး ရင်းဂစ် ၃၇၂၂ (ကန်ဒေါ်လာ ၁၁၈၅) ကို မြင့်တက်ခဲ့ပါတယ်။ မလေးရှားစားအုန်းဆီ ထုတ်လုပ်မှုဟာ အောက်တိုဘာလမှာ အများဆုံးထွက်ရှိပြီး တဲ့နောက် ကျန်တဲ့ ကာလတွေမှာ ထုတ်လုပ်မှုကျဆင်းလာတော့မှာဖြစ်ပေမဲ့လည်း လာမယ့်တရုတ်နှစ်ကူး ပိတ်ရက်များနဲ့ နှစ်ကုန်ပိုင်းပွဲတော်များကြောင့် ဝယ်လိုအားက ဆက်ရှိနေဦးမှာ ဖြစ်လို့ နောက်လ အနည်းငယ်မှာလည်း စားအုန်းဆီဈေး ခိုင်မာဦးမယ်လို့ လေ့လာ ဆန်းစစ်သူတွေက မျှော်လင့်နေကြပါတယ်။ နိုဝင်ဘာလ စားအုန်းဆီ သိုလှောင်မှုဟာ ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၁ ဒသမ ၆၃ သန်းသာရှိတယ်လို့ သိရပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရာသီမှာ ထိခိုက်စေနိုင်ပြီး ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်းမှာ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ မလေးရှားနိုင်ငံ ရင်းနှီးမြူပ်နံှမှု ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားပါတယ်။ လာမယ့်နှစ်လယ်မှာ စားအုန်းဆီကြမ်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ မှ ၃၅ဝဝ (ကန်ဒေါ်လာ ၉၅၅ မှ ၁၁၁၄) ဝန်းကျင်မှာ ရှိနိုင်တယ်လို့လည်း ၎င်းကခန့်မှန်းထားပါတယ်။ မလေးရှားစားအုန်းဆီအဖွဲ့က ပြောကြားရာမှာ နိုဝင်ဘာလအတွင်း စားအုန်းဆီ ထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၄၅ သန်းရှိလို့ အောက်တိုဘာလ ထုတ်လုပ်မှုထက် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသလို ယခင်နှစ်ကာလတူ ထက်လည်း ၈ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။ တင်ပို့မှုမှာလည်း ယခင်နှစ်ထက် ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇုဇန၊ှသSources: palmoilhq.com