Background
မိုးမြေပဲဆီဆံဈေးခပ်အေးအေး မန်းဈေးကွက်အတွင်းသို့ မြေပဲဆီဆံအသစ်များ တဖြည်းဖြည်းနဲ့ လှိုင်လှိုင်ဝင်ရောက်လာပါတယ်။ အသစ်ဝင်ရောက်မှုရှိလာပေမဲ့ လည်း မြေပဲဆီဆံ ဈေးကွက်ဟာ ဆီစက်လုပ်ငန်းရှင်များမှ လိုဝယ်အဆင့်သာ ရှိနေတဲ့အတွက် ဈေး တဖြည်းဖြည်းအေးလာခဲ့ပါတယ်။ အသစ်ဝင်လာတဲ့ မကွေးဆီဆံက တစ်ပိဿာ ၁၃ဝဝ ကျပ်-၁၄၅ဝ ကျပ်၊ ကျောက်ပန်းတောင်း S1ဆီဆံက ၁၄၃၅ ကျပ်၊ ပြည်ဆီ ဆံက ၁၄ဝဝ ကျပ်၊ ကောလင်း၊ ဝန်းသို၊ ဇီးကုန်းဒေသထွက်ရှိတဲ့ သံလမ်းဆီဆံ (အဟောင်း)က ၁၅ဝဝ ကျပ်၊ ထီးခိုျင့်၊ ကသာ၊ ဗန်းမော်ဒေသ ကထွက်တဲ့ အညာ ဆီဆံက ၁၇၅ဝ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်း ပစ္စည်းအသစ်ရော၊ အဟောင်းပါရှိနေသော်လည်း ဆီစက်လုပ်ငန်းရှင်များ ဝယ်လို အားနည်းနေတဲ့အတွက် တဖြည်းဖြည်း ဈေးအေး လာနိုင်တယ်လို့ ရောင်းဝယ် ကြတဲ့ ကုန်သည် တခိုျ့မှ ပြောကြားပါတယ်။ ပဲဆီဈေးကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်-၃၄ဝဝ ကျပ်၊ ပဲဖတ်က ၇၅ဝ ကျပ်-၈၈ဝ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
ပဲပုပ်စေ့ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဆင့် ပဲပုပ်စေ့ ၁ဝ၈တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၈ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါ တယ်။နယ်စပ်စခန်းမှ ဇွန်လက နောက် ဆုံး ၃၆ တန် တင်ပို့ခဲ့ပြီး ရပ်တန့် နေ ရာမှ ယခုပြန်လည် တင်ပို့နိုင်ခြင်း ဖြစ် ပါတယ်။ ဧပြီလမှသြဂုတ်လကုန်ထိ နယ်စပ်စခန်းများမှ ပဲပုပ်စေ့၃၆ တန် သာ တင်ပို့ထားတာ ဖြစ်ပါတယ်။ MIRT (DOBT)
မိုးနှမ်းသစ်လှိုင်လှိုင်ပေါ်လို့ နှမ်းဈေးအနည်းငယ်အေး ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ နှမ်း ဈေးမှာ အရင်အပတ်ထက် ဈေးကျ သွားတာတွေ့ရပါတယ်။ သြဂုတ်လ နောက်ဆုံး ပတ်တွင် မိုးနှမ်းနီအသစ် ၄၅ပိဿာတစ်အိတ်လျှင် ၈၆ဝဝဝ ကျပ်ဖြစ်နေသော်လည်း၊ စက်တင်ဘာလဆန်းမှစ၍ ခုချိန်ထိ ၈ဝဝဝဝ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ မိုးနှမ်းနီအသစ် ၄၅ ပိဿာတစ်အိတ်လျှင် ၆၅၅ဝဝ ကျပ်ဖြင့် သြဂုတ်လ နောက်ဆုံးပတ်ထိဖြစ်နေသော်လည်း စက်တင်ဘာ လဆန်းမှ ခုချိန်ထိ ၆၅ဝဝဝ ကျပ်ဖြင့် ၅ဝဝ ကျပ်ဈေးကျလာတာတွေ့ရပါတယ်။ မိုးနှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိနေသဖြင့် ဈေးသိပ်မကျဘဲ ဈေးတန်းနေခြင်းဖြစ်ပါတယ်။ ပြည်ဈေး ကွက်သို့ မင်းတုန်း၊ ကံမ၊ မြန်အောင်၊ ကြံခင်းနဲ့ ဥသျှစ်ပင်၊ ပေါက်ခေါင်း၊ နတ်တလင်း မြို့နယ်ဘက်မှ မိုးနှမ်းနီအသစ်များ တစ်နေ့လျှင်အိတ် ၁ဝဝဝ-၁၅ဝဝ ခန့် ဝင်ရောက် လာတာတွေ့ရပါတယ်။ ဝင်ရောက်လာသလောက် အရောင်းအဝယ် ဖြစ်တာတွေ့ရ ပါတယ်။ နှမ်းဆီတစ်ပိဿာလျှင် ၂၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း
ဒီအပတ် မူဆယ်က နှမ်းတန် ၁ဝဝဝ ကျော်ပို့ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်း ရောင်စုံ ၁၁၃၂ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၉၄သန်း ဖိုးစက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ သြဂုတ် လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ ၄၉၇ ဒသမ ၈၅ တန်တင်ပို့ခဲ့တဲ့ အတွက်ယခုအပတ်မှာ ၆၃၅ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။နှမ်းဖြူ ၅၃၇တန်၊ နှမ်းဖြူူအခွံချွတ် ၉၈ ဒသမ ၂၅ တန်နဲ့ နှမ်းနက် ၄၉၇ ဒသမ ဝ၇ တန် အသီးသီး တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မိမိဘက်နှမ်းပေါက်ဈေးကျဆင်းနေသော်လည်းတစ်ဘက်နိုင်ငံပေါက်ဈေးမှာမြင့်တက်လျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၃၃၄၇၇ ၁၁၆၆၁ဝ၉ ၃၂၆၃၂ ၃ ၁၃၄ဝ ၁၁၇၅ ၁၆၅ ၁၂နှမ်းနက် ၁၃ဝ၁၁၄ဝ ၁၄၅၄၉ဝ၅ ၁၅၃၇၆၅ ၁၂ ၁၃၉၉ ၁၃၇၆ ၂၃ ၂ MIRT (DOBT)
သြဂုတ်လ နှမ်းအတင် ဇူလိုင်လထက်ပို ပင်လယ်ရေကြောင်းက တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ကို နှမ်းတင်ပို့ရာမှာ သြဂုတ်လအတွင်း တန်ချိန် ၁၇ဝဝ ခန့် ရှိခဲ့လို့ ဇူလိုင်လတင်ပို့မှု တန်ချိန် ၁၂ဝဝ ခန့်ထက် ပိုမိုတာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် သြဂုတ်လမှာ တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂ဝဝ ခန့်ပိုတင်ပို့လာပါတယ်။ ယခုတစ်ပတ် (သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်တင်ပို့မှုရှိလို့ ယခင်တစ်ပတ်ထက် ထက်ဝက်ကျော် တိုးတက် တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲပုပ်ဆီဈေးပြန်ကောင်းလာလို့ စားအုန်းဆီဈေး ၃ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိလာ ပဲပုပ်ဆီစားသုံးမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို အမေရိကန် ပဲပုပ် ရောင်းချမှု များတာကြောင့် ပဲပုပ်ဆီဈေး ပြန်လည်မြင့်တက် လာခြင်းနဲ့အတူ စားအုန်းဆီဈေးဟာလည်း သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးကို တက်ခဲ့ပါတယ်။ မလေးရှားမှာ နိုဝင်ဘာလ ပို့ရမယ့် စားအုန်းဆီစာခုျပ်ဈေးဟာ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၅၂ ဖြစ်လာလို့ သြဂုတ်လ ၁၇ ရက်နောက် ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ စက်တင်ဘာလ ၇ ရက်နေ့ က ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၄၁ ဒသမ ၇၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၉၂၁) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၃ ရက်နောက်ပိုင်း မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အရန်သိုလှောင်မှုအတွက် အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းပို့ရမယ့် အမေရိကန် ပဲပုပ်ဆီတန်ချိန် ၈ဝဝဝဝ ကို လွန်ခဲ့တဲ့သီတင်းပတ်မှာ ဝယ်ယူခဲ့ပါတယ်။ အာရှမှာ ပွဲတော်အတွက် ဝယ်လိုအားကောင်းနေတာအပြင် မလေးရှား ငွေကြေးတန်ဘိုး ခိုင်မာနေခြင်း ကြောင့် စားအုန်းဆီဈေးဟာ ဇူလိုင်လ ၇ ရက်မှာ ၈ လ အတွင်း အနိမ့်ဆုံးရှိရာမှ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင် နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝ၄ ဖြစ်ခဲ့ပြီး မေလပို့ရမယ့် ပဲပုပ်ဆီ ဈေးဟာလည်း ဝ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး ယွမ် ၈၃၂၈ (ကန် ဒေါ်လာ ၁၂၂၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊ှSources bloonberg. net
တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ်မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက် လျော့ကျနေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ်မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလမှသြဂုတ်လကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) ပြောင်းလဲမှု ရာခိုင်နှုန်း တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ပြောင်းလဲမှု ရာခိုင်နှုန်းယခုအပတ် ၇၂၄၈၇၆ ၁၂၅၅ယခင်အပတ် ၉၅၇၉ဝ၂ ၂၃၃ဝ၂၆ ၃၂ ၁၃၃၁ ၇၆ ၇၆ MIRT (DOBT)
