Main menu

Background

Wednesday, 20 Dec 2017

      စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီဇင်ဘာလအတွင်းတွင် ဝယ်လိုအားများ အနည်း ငယ်မြင့်တက်လာခြင်းကြောင့် ဈေးပြန်လည်မြင့်တက်လာနိုင် ကြောင်း  စားအုန်းဆီထုတ်လုပ်သူ ကုန်သည်တ စ်ဦးက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူနာနှစ်သစ်ကူးပွဲတော်ကြောင့် စား အုန်းဆီလက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ဇန်နဝါရီ လတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာနိုင်သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကုန်သည်က စတားအွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။

Friday, 15 Dec 2017

     ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းများ မြင့်တက်လာမှုကြောင့်  စားအုန်းဆီဈေးနှုန်းများလည်း  ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်ေ ကြာင်း၊ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက စတား အွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။စားအုန်းဆီကို ကုန်သွယ်မှုပြုနေသည့် ရင်းဂစ်ငွေကြေး  တန်ဖိုးသည် ဒီဇင်ဘာလ ၅ ရက်က ဆက်လက်မြင့်တက်ခဲ့သ ည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၆၆၀ ရင်းဂစ်ရှိ ခဲ့သည်။

Wednesday, 6 Dec 2017

          ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းများ ပြန်လည်ကျဆင်းလာသဖြင့် မလေးရှားစားအုန်းဆီဈေးကွက် တွင် စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ငွေလဲနှုန်းသည် တစ် နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက်  နိုဝင် ဘာ ၂၉ ရက်က သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈၇၅ ရင်းဂစ်ရှိခဲ့ သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက် တိုဘာ ၂၃ ရက်ကတည်းကမြင့်တက်ခဲ့ရာ နိုဝင်ဘာ ၃၀ရက် ဈေးကွက်ပိတ်ချိန်တွင် ၁ ဒသမ ၆ ရာ ခိုင်နှုန်းမြင

Friday, 1 Dec 2017

        မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့်   စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ  နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် သုည ဒသမ ၁ ရာခိုင်န

Thursday, 16 Nov 2017

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်တွင် ဝယ်လိုအား ကျဆင်းလာမှုကြောင့် ဈေးနှုန်း များမြင့်တက်နေရာမှ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတား အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၉ ရက်က စားအုန်းဆီ ကြိုရောင်းကြိုဝယ် ပမာဏသည် တစ်ဝက်ခန့်ကျဆင်းခဲ့ရာ နိုဝင်ဘာ ၁၀ ရက် တွင်ထုတ်ပြန်ခဲ့သည့် ကုန်သေတ္တာစာရင်းများအရ ပြည်ပ သို့တင်ပို့သည့် ပမာဏနည်းပါးခဲ့ကြောင်း သိရသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင်တွင်  ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးနှုန်းများသည် သုညဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရင်းဂစ် ၂၈၀၉ (အမေရိကန်ဒေါ်လာ ၆၆၈ ဒသမ ၀၁)ရှိခဲ့သည်။

Tuesday, 31 Oct 2017

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း ကြောင့် ဈေးပြန်လည်မြင့်တက်လာခဲ့ကာ အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းနှင့် ပို့ကုန်ပမာဏပိုမိုတင် ပို့နိုင်မည်ဟူသည့် မျှော်လင့်ချက်ကြောင့် ဈေးမြင့်တက်လာ သကဲ့သို့ ပဲပုပ်ဆီဈေး အားကောင်း လာခြင်းကလည်း စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။

Tuesday, 24 Oct 2017

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလာမှုကြောင့်အောက် တိုဘာ ၁၇ ရက်က ဈေးများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်သည် ဒီပါဝလီနေ့ဖြစ်၍ ဈေးကွက် ပိတ်ရက်ဖြစ်ကြောင်း၊ ဈေးကွက်ပိတ်ရက်မတိုင်ခင်ကတည်း က ဝယ်လိုအားများကျဆင်းခဲ့သဖြင့် ကြိုရောင်းကြိုဝယ်ဈေး များ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း စတားအွန်လိုင်းသတင်း တွင် ဖော်ပြထားသည်။

Friday, 13 Oct 2017

        မလေးရှားစားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေးနှုန်းများ သည် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် စားအုန်းဆီလက် ကျန်များ ပိုမိုမြင့်တက်လာနိုင်သည်ဟူသည့် မျှော်လင့်ချက်ကြောင့် ယခုကဲ့သို့ လေး ရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းလာရခြင်းဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ စားအုန်းဆီကို အများအပြား ဝယ်ယူတင်သွင်းလျက်ရှိ သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အများပြည်သူ အလုပ်ပိတ်ရက်များ ရှိနေသဖြင့် စားအုန်းဆီတင်သွင်းမှုကို ခေတ္တရပ်ဆိုင်းထားသည်ဟု ဆိုသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လအတွက် စ

Tuesday, 3 Oct 2017

        မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအုန်းဆီဈေးသည် စက် တင်ဘာလ အစောပိ

Tuesday, 3 Oct 2017

        မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအုန်းဆီဈေးသည် စက် တင်ဘာလ အစောပိ

Pages