Main menu

Background

Monday, 25 Sep 2017

       မလေးရှားစားအုန်းဆီဈေးများသည်  ခြောက်လတာ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း စတားအွန် လိုင်းသတင်းတွင် ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ခြောက်လ အတွင်း သုံးကြိမ် မြောက်အဖြစ် ဆက်တိုက်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့်  စားအုန်းဆီစံထားဈေးနှုန်း များမှာ ၁ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တ က်ခဲ့ပြီး ၂၈၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၅ ဒသမ ၆၈)ရှိခဲ့သည်။စားအုန်းဆီအရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၇၆၀၀ ရှိခဲ့သည်။ဘာဆာမလေးရှားကုန်စည် ဒိုင်တွင် အစောပိုင်းကာလများက စာချုပ်ချုပ်ဆိုခဲ့သည့် ဈေးနှုန်

Wednesday, 13 Sep 2017

      ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဈေးကျဆင်း ခဲ့သည့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများ သည် ယခုတစ်ပတ် စက်တင်ဘာ ၇ ရက်တွင် ပြန်လည် မြင့်တက်လာခဲ့ကြောင်း စတားအွန်လိုင်း သတင်းတွ င်ေ ဖာ်ပြ ထားသည်။ဥရောပသမဂ္ဂ၏ ဇီဝဒီဇယ်တင်သွင်းမှုအပေါ်တွင် တန် ပြန်စုပုံခွန် ကောက်ခံရန် ဆုံးဖြတ်ချက်ချမှုနှင့် ပတ်သက်၍ မျှော်လင့်ချက်များထားရှိမှုကြောင့် တစ်ရာခိုင်နှုန်းကျော် မြင့် တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင်   နိုဝင်ဘာလ အတွက် စားအုန်းဆီစံထားဈေးနှုန်းမှာ ၁ ဒသမ ၄ ရာခိုင်  နှုန်းမြင့်တက်လာပြီး ၂၇၈၂ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၆၁ ဒသမ ၁၂) ရှိခဲ့သည်။ စားအုန်းဆီေ ရာင်း ဝယ်မှုပမာဏ မှာ ၂၅ တ

Monday, 4 Sep 2017

       မလေးရှား စားအုန်းဆီကြိုရောင်း ကြိုဝယ်ဈေးများသည် သြဂုတ် ၂၈ ရက်က  ရုတ်ခြည်းကျဆင်းခဲ့ကြောင်း  စတားအွန်လိုင်းသတင်းတွင်  ဖော်ပြ ထားသည်။ ရင်းဂစ်ငွေကြေးတန်ဖိုး ခိုင်မာလာမှုနှင့် သြဂုတ်လအတွင်း စား အုန်းဆီထုတ်လုပ်မှု မြင့်တက်လာနိုင် သည်ဟူသော မျှော်လင့်ချက်များကြောင့် ယခုကဲ့သို့ ကြိုရောင်းကြိုဝယ်ဈေးများ ရုတ်ခြည်းကျဆင်းလာခဲ့ခြင်းဖြစ်သည် ဟု အဆိုပါသတင်းတွင် ဖော်ပြထား သည်။

Wednesday, 30 Aug 2017

       စားအုန်းဆီထုတ်လုပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသဖြင့် စားအုန်းဆီကြိုရောင်းကြို ဝယ်ဈေးနှုန်းများသည် ငါးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း၊ အလားတူ စားအုန်းဆီနှင့် ဆက်စပ်နေသ ည့် စားသုံးဆီဈေးများမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း သည်စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် တစ်ရာခို င်နှုန်း မြင့်တက်ခဲ့ပြီး ဈေးပိတ်ချိန်တွင်  အမေရိကန် ဒေါ်လာ ၆၃၉ ဒသမ ၆၄ (၂၇၃၇ ရင်းဂစ်)ရှိခဲ့ရာ လေးပတ် ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Thursday, 24 Aug 2017

      ပို့ကုန်ကျဆင်းမှုကြောင့်  မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁၅ ရက်က တစ်ဟုန်ထိုး ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီနှင့်ဆက်စပ်နေသည့် အခြားသော ဟင်းရွက်ဆီဈေးနှုန်းများလည်း ကျဆင်းခဲ့ေ ကြာင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလ အတွက် စံထားဈေးနှုန်းသည် ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးပိတ်ချိန်တွင် ၂၆၃၃ ရင်းဂစ် (အမေရိကန်ဒေါ် လာ ၆၁၃ ဒသမ ၁၈)ရှိခဲ့သည်။ အလားတူ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်ပဲပုပ်ဆီ ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။

Wednesday, 9 Aug 2017

    လာမည့်လများအတွင်း  ထုတ်လုပ်မှု  မြင့်တက်လိမ့် မည်ဟူသော မျှော်လင့်ချက်များကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁ ရက်က လေးလ မြောက်အဖြစ် ကျဆင်းသွားခဲ့သည်။ဘာဆာမေ လး ရှား ကုန်စည်ဒိုင်တွင် အောက်တိုဘာ လအတွက်စာချုပ် ချုပ်ဆိုခဲ့သည့် စားအုန်းဆီစံထားဈေးနှုန်း သည် ဈေးပိတ်ချိန်တွင် သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၂၆၅၄ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၆၁၉ ဒသမ ၅၁)ရှိခဲ့သ ည်။ သို့သော် ထို့နေ့တစ်နေ့တာအတွင်း စားအုန်းဆီဈေး သည် အနိမ့်ဆုံးဈေးအဖြစ် ၂၆၅၂ ရင်းဂစ်အထိ ကျဆင်းခဲ့ သည်။ ဈေးကွက်ရောင်းဝယ်မှု၏ နေ့တစ်နေ့ ကုန်ဆုံးချိန်တွင် ၂၅တန်ရှိ အတွဲပေါင်း ၃၈၄၂၉ တွဲ ရောင်းချခဲ့ရ သည်။

Monday, 7 Aug 2017

        မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နှစ်လအတွင်း သုံးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဇူလိုင်လအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းထားခဲ့ကြသဖြင့် ယခုကဲ့ သို့ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ဆက်စပ်လျက်ရှိသည့် ပဲပုပ်ဆီဈေးနှုန်းသည် လည်း မြင့်တက်လာသဖြင့် ယခုကဲ့သို့  စားအုန်းဆီဈေးနှုန်း များမြင့်တက်လာရခြင်းဖြစ်သည်ဟု  ချီကာဂိုဘုတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်က  ထုတ်ပြန်ခဲ့သည့် အောက်တိုဘာလအတွက် စာချုပ်ချုပ်ဆိုခဲ့သည့် စားအုန်းဆီ စံထားေ ဈးနှ

Thursday, 6 Jul 2017

   မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးသည် စောစော ပိုင်းက မြင့်တက်နေခဲ့ရာမှ လာမည့်လများတွင် ထုတ်လုပ်မှု မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းကြသည့်အတွက်  ဇွန် ၂၈ ရက်က ပြန်လည်ကျဆင်းခဲ့ကြောင်း စတား အွန်လိုင်း သတင်း တွင် ဖော်ပြသည်။မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်တန်ဖိုး ကျဆင်းမှု နှင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် စားအုန်းဆီဈေး သည် ဇွန်၂၈ရက် စောစောပိုင်းက မြင့်တက်ခဲ့သည်။ စားအုန်း ဆီကို အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသော ငွေကြေး  ဖြစ်သည့် ရင်းဂစ်တန်ဖိုးမှာ ဇွန်၂၈ ရက် နံနက်ပိုင်းက အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင်   တစ်လအတွင်း အနိမ့်ဆုံး နှုန်းသို့ ရောက်ရှိခဲ့သည်။အမေရိကန်ဒေါ် လာနှင့် ရင်းဂစ်

Friday, 23 Jun 2017

       မလေးရှားရင်းဂစ်တန်ဖိုးမြင့်တက်မှုနှင့်ပို့ကုန်ကျဆင်းမှုတို့ကြောင့် စားအုန်းဆီဈေးကွက်အခြေအနေက  အတက်အကျအမျိုးမျိုးဖြစ်လာနိုင်သည့်လက္ခဏာများကို ပြသနေ သော်လည်း စားအုန်းဆီထုတ်လုပ်မှုကျဆင်းမည်ကို စိုးရိမ်မှု မြင့်တက်လျက်ရှိသောကြောင့် ဇွန် ၁၅ ရက်တွင် စားအုန်းဆီ ဈေးနှုန်းများ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ စားအုန်းဆီရောင်းဝယ်မှုတွင် အရေးပါသော ရင်း ဂစ် တန်ဖိုးမြင့်တက်မှုကြောင့်   တခြားငွေကြေးနှင့်ဖလှယ်၍ ဝယ် ယူရမည့်ကုန်သည်များအတွက် စားအုန်းဆီတန်ဖိုး ပိုမိုမြင့်တက် သွားပြီး ဈေးကွက်တွင် ဝယ်လိုအားကျဆင်းကာ စားအုန်းဆီ ဈေးနှုန်းကျဆင်းသွားတတ် သည်။ ဇွန်၁၅

Tuesday, 13 Jun 2017

     စားအုန်းဆီ ထုတ်လုပ်မှုနှင့်ပို့ကုန်ဝယ်လိုအား ကျဆင်းမှုက ဈေးကွက်အပေါ်တွင် ဂယက်ရိုက်ခတ်မှုများရှိနေသော် လည်း ရင်းနှီးမြှုပ်နှံသူတို့က ပြန်လည်ပေးဆပ်ရန် ရှိသည့် စားအုန်းဆီများ၊ ရှယ်ယာများကို ပြန်လည် ဝယ်ယူ လာကြသည့်အတွက် ဇွန် ၈ ရက်တွင် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးကွက်တွင် စားအုန်းဆီဈေးများ ပြန်လည်မြင့်တက်လာသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် သြဂုတ်လအတွက် စာချုပ်ချုပ်ဆိုဝယ်ယူသောစားအုန်း ဆီ၏ အခြေခံစံထား ဈေးနှုန်းမှာ ဇွန် ၈ ရက် နေ့လယ်ဈေးကွဲချိန်က ၁၂ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၂၄၅၈ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၆) နှုန်းရှိခဲ့သည်။ကုန်သွယ်မှု ပမာဏမှာ၂၅တန် ရှိအတွဲပေါင်း ၂၀၃၇၁ တွဲရှိခဲ့

Pages