Main menu

Background

Sunday, 19 Jun 2011

၂ဝ၂ဝ မှာ အိန္ဒိယက တတိယမြောက်အကြီးဆုံး ကားဈေးကွက်ဖြစ်ဖို့ ဆောင်ရွက်မယ်                    ကမ္ဘာ့ဆဋ္ဌမအဆင့် ကားအကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၂ဝ မှာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကားရောင်းချဖို့ တတိယအကြီးဆုံး ဈေးကွက်ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့JD Power နဲ့ အသင်းဝင်များက ဇွန် ၁၃ ရက်မှာ ပြောကြားပါတယ်။ ၁ဝ စုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကားရောင်းချမှုဟာ ၁၁ သန်းအထိ ရောက်ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီကာလမှာ တရုတ်နိုင်ငံက မော်တော်ယာဉ် ၃၅ သန်းခန့်နဲ အမေရိကန်က ၁၇ ဒသမ ၄ သန်းခန့် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ကားထုတ်လုပ်သူတွေအတွက် အမြတ်ငွေနည်း ပါးတဲ့ ကားသေးဝယ်လိုအား ကြီးမားလာတာကြောင့် အိန္ဒိယရဲ့ ဝင်ငွေက တော့ နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရောင်းချရတဲ့ လူစီးကားအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း နီးပါးဟာ ကားသေးများသာဖြစ်တယ်လို့ JD Power က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံမှာ ပါဝါဂရစ်လိုင်းဖွံ့ဖြိုးမှုမရှိခြင်းနဲ့ ပြည်ပကားအစိတ်အပိုင်းစက်ရုံ မရှိ ခြင်းအပါအဝင် အခြေခံအဆောက်အအုံ နည်းပါးခြင်းက ကားထုတ်လုပ်မှု လုပ်ငန်းအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ပြီး ယာဉ်ရောင်းချမှုကို ထိခိုက်နိုင်တယ်လို့လည်း ၎င်းမှဆက်လက်ပြောကြားပါတယ်။   ယမင်းခင် Source: Business standard

Sunday, 19 Jun 2011

မန္တလေးတောင်ကို ထပ်ဆင့် သျှောင်ထုံးဖို့ ကြိုးစား                မန္တလေးတောင် စိမ်းလန်းစိုပြေစေရေးအတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းပြုလုပ် ခဲ့ရာ ယခုအခါ ပြည်သူလူထု ပါဝင်၍ ထပ်မံစိမ်းလန်းစိုပြေရန် သစ်ပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။                 'ပထမအဆင့်မှာ သီးခြားသစ်ပင် စိုက်ဖွဲ့ငါးဖွဲ့နဲ့ လူအင်အား ၅၅ ဦးဖြင့် ကျောက်သားများတဲ့နေရာမှာ ကျောက် ဖောက်ပြီး မြေသားအစားထိုးထည့် စိုက်ပျိုးသွားမယ်။ ပထမလမှာ အပင် တစ်သောင်းစိုက်မယ်။ အဖွဲ့တစ်ဖွဲ့ကို ကျောက်ခွေ ၁ဝ ခွေ၊ အပင် ၂ဝဝဝနှုန်း စိုက်ပျိုးမယ်။ စိုက်ပျိုးပြီး အပင်တွေကို ရေလောင်းထိန်းသိမ်း နိုင်အောင် ရေ ကန်ငယ် ၄ ကန်စီပြုလုပ်သွားမယ်။ စီမံချက် ဒုတိယပတ်မှာ တစ်နှစ်ပတ်လုံး ရှင်သန်အောင်ပြုစုသွားမယ်'' ဟု ပန်း ဥယျာဉ်နှင့် ကစားကွင်းများဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မန္တလေးတောင်သို့ တောင်တက် သူများ၊ ကုသိုလ်ပြုသစ်ပင်စိုက်ပျိုးလိုပါ က တောင်ခြေရှိ ကနောင်ရေတင်စက် နေရာမှာ သုံးပေအမြင့်ရှိ အရိပ်ရပင် များ စိုက်ပျိုးထားပြီး တောက်တက်လမ်း ကျန်စစ်သားခြေရာ (ရတနာမာန် အောင်မုခ်ဦး)နှင့် အဆင်းလမ်း ပတ္တမြား တောင်မုခ်ဦးမှာ စခန်းများဖွင့်လှစ်၍ သစ်ပင်များ ထုတ်ဝေပေးမှာ ဖြစ်ပါ တယ်။ မန္တလေးတောင်တွင် လက်ရှိ ပေါက်နေတဲ့ အပင်အမိုျးအစား ၃၃ မျိုး ပေါက်ရောက်၍ ဇွန် ၁၃ ရက်မှစပြီး စိန်ပန်း၊ တမာ၊ တရုတ်စကားပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Sunday, 12 Jun 2011

ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် သီးခြားမဆောင်လိုပါက မန္တလေး မြို့တွင်းယာဉ်လိုင်းများတွင် အသင်းဝင်၍ ဆောင်ရွက်နိုင်               ရတနာပုံတက္ကသိုလ် (မန္တလေး)ကိုပြေးဆွဲနေသည့် နံပါတ်အနက် ဖယ်ရီလိုက်ထရပ်ကားများကို ပဋိညာဉ်အရ ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ဃလိုင်စင်) ပြုလုပ်ရန် မေ ၂၅ ရက်က ကားပိုင်ရှင်များအား အသိပေးအကြောင်းကြားထားကြောင်း သိရ ပါတယ်။ ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်) ပြုလုပ်ရန်ထုတ်ပြန်ပြီးနောက် မန္တလေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာ ဇွန် ၆ ရက်ထိ လိုင်စင်ပြုလုပ်ယာဉ် ၃၂ စီး ပြုလုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။             ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်)ကို တစ်ဦးတည်း သီးခြားအခွန်ဆောင်ခြင်းထက် မြို့တွင်းယာဉ်လိုင်းများတွင် လည်း အသင်းဝင်၍ဆောင်ရွက်ပါက မိသားစု ကျန်းမာရေး၊ ပညာရေး၊ သွားလာမှု အဆင်ပြေချောမွေ့စေရေးကို အသင်းမှ ကူညီဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခွန်ပေးဆောင်ရာတွင် အသင်းမှကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခြင်္သေ့လိုင်းမှ ဦးတိုးက ပြောကြားပါတယ်။              ''လုပ်ငန်းလိုင်စင်လုပ်ဖို့ ထုတ်ပြန်ပြီးနောက်မှာ အသင်းဝင်လို့ရမလားဆိုပြီး လာမေးကြတယ်။ ကျွန်တော်တို့အသင်း ဝင်မယ်ဆို အခကြေးငွေမပေးရပါဘူး။ နေ့စဉ်ပြေးဆွဲမယ့် ဂိတ်ကြေးဘဲ ပေးသွင်းရပါတယ်။ အသင်းကခွဲတမ်းရရှိတဲ့ စက်သုံးဆီ ကို ကားစီးရေအလိုက် ပြန်ပေးတယ်။ အသင်းဝင်ထားတော့ တစ်ဦးတစ်ယောက်ထဲ ရပ်တည်စရာမလိုဘဲ အသင်းကဆောင် ရွက် သွားလို့ရတယ်'' လို့ ဦးတိုးက ပြောပါတယ်။              ယာဉ်လိုင်းအသင်းသို့ဝင်ပါက ပြေးဆွဲလိုတဲ့အပေါ်မူတည်၍ လမ်းကြောင်းဆွဲပေးမယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် တက္ကသိုလ်ကျောင်းမျာသို့ ပြေးဆွဲနေသည့် လိုက်ထရပ်ဖယ်ရီကားပေါင်း ၅ဝဝ ကျော်ရှိပြီး ရတနာပုံတက္ကသိုလ်သို့ ပြေးဆွဲပေး သည့် လိုက်ထရပ်ကားပေါင်း ၃ဝဝ ကျော်ရှိကြောင်း သိရပါတယ်။ ဇူးဇူး

Sunday, 12 Jun 2011

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL              အက္ခရာ             ဈေးနှုန်း         မှတ်ချက်၁။ ကိုရိုလာဗင် (90)                ၅က                ၂၆၅ သိန်း           ဒီဇယ်၂။ ကိုရိုလာဗင် (90)                ၅က                ၂၃ဝ သိန်း        ၁ .၅ ဒီဇယ်၃။ ဆူဇူကီး (R-)                      ၇ခ                  ၁၁၅ သိန်း        ဓာတ်ဆီ၄။ ဆူဇူကီး (R-)                       ၄ခ                ၁ဝ၅ သိန်း         ဓာတ်ဆီ၅။ စူပါဆလွန်း (86)             လ/သ/အ            ၁၆ဝ သိန်း၆။ စူပါဆလွန်း (90)                 ၁က               ၂၂ဝ သိန်း၇။ စူပါဆလွန်း (90)                 ၄ဂ                ၃၄ဝ သိန်း၈။ ဆပ်(ဖ်)ဝက်ဂွန် (95)           ၂ ဂ                ၇ဝဝ သိန်း၉။ စူပါကပ်စတန် (97)              ၈ဇ                ၄ဝဝ သိန်း၁ဝ။ တောင်းအေ့(စ်)                 ၈စ                ၂ဝ၅ သိန်း       ပုဇင်းခေါင်း

Sunday, 12 Jun 2011

မန်းမှာ အဆောက်အအုံနဲ့ အိမ်ခြံဝန်းများတွင် မြေယာရူခင်းအလှဆင်မှု ပြုလုပ်မှုများပြား             ယခုနှစ်ပိုင်းတွင် အဆောက်အအုံ နှင့် အိမ်ခြံဝန်းများ၌ အလှပန်းပင်များ အရိပ်ရပင်များဖြင့် မြေယာရှုခင်း အလှ ဆင်ပြုလုပ်မှု များပြားလာကြောင်း သိရပါတယ်။                မြေယာရှုခင်း အလှဆင်ရာတွင် တရုတ်နိုင်ငံကဝင်တဲ့ အလှပန်းပင်များ ဖြင့် အလှဆင်ခြင်း၊ မြက်ခင်းအလှဆင် ခြင်း၊ ရေတံခွန်များပြုလုပ်၍ အလှဆင်ခြင်းတို့ကို ဟိုတယ်များ၊ အဆောက် အအုံများ မျက်နှာစာနဲ့ အတွင်းမှာ အလှဆင်လာမှု ပြုလုပ်လာကြပါတယ်။                 မန္တလေး ပန်းပင်အရောင်းဆိုင် များမှ မန္တလေးမြို့ပေါ်ရှိ အဆောက် အအုံများသာမက နေပြည်တော်၊ ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံမြို့များသို့ သွားရောက် အလှဆင်ရ ကြောင်း သိရပါတယ်။ ၈ မိုင်သစ်ခွခြံမှ ကိုအားပုက '' ဒီ နှစ်ပိုင်းမှာ အိမ်ဆောက်လိုက်တိုင်း အပင်ထည့်လာကြတယ်။ ယိုးဒယား၊ တရုတ်ကဝင်တဲ့ ပန်းကို Land Scape လုပ်ကြတယ်။ ရေတံခွန်မှာဆို အလှပန်းပင်တွေထည့်၊ သဘာဝကျောက်တုံး လေးတွေ၊ အင်ကြင်းကျောက်တွေ ထည့်ကြတယ်။ ပန်းအများကြီးမဝယ်နိုင် တဲ့သူကလည်း ကိုယ့်အိမ်ထဲ ဖုန်မထ အောင် ကလေးတွေရှိတဲ့ သူကလည်း ကစားလို့ရအောင် မြက်ခင်းစိုက်ကြတယ်။ လတ်တလောမှာ Land Scape ကို ယိုးဒယား၊ စင်ကာပူကလာတဲ့ စာအုပ်ပေါ်က ဒီဇိုင်းပေါ်မူတည်ပြီး စိုက်ကြတယ်။ ဟော်လန်က မြေယာ ရှုခင်း ဒီဇိုင်းလှပေမယ့် လက်လှမ်းမမီ ဘူး။ အပင်လှတာလေးတွေကို ဝယ်ပြီး ဒီမှာပြန်ပျိုးထားပြီးမှ အလှဆင်ဖို့ရောင်း ရတယ်။ ဒီနှစ်ထဲမှာဆို ဖောက်စတေး၊ ထပ်တရာပန်း၊ ယိုးဒယားသနပ်ခါးပန်း၊ တရုတ်စကားအပွင့်ရောင်စုံကို ဟိုတယ် တွေမှာတအားစိုက်ကြတယ်။ ကျူးဘား၊ ခရေ၊ ကံ့ကော်၊ စွယ်တော်၊ ပန်းတမာ၊ ပန်းအိ၊ နွယ်သာကီ၊ ရွှေတမာ၊ ကိုရန် ဝါပင်တွေကို ကြိုက်ကြတယ်။ မန္တလေး အနီးက မြို့တွေကလည်း ခုနှစ်ပိုင်းမှာ အရိပ်ရပင်ဖြစ်တဲ့ ခရေ၊ တယ်ပင်တွေ ကိုလာဝယ်ကြတယ်။ မန္တလေးမှာ တယ် ပင်တွေရှားသွားလို့ ပြန်ပျိုးရတယ်''လို့ ပြောပါတယ်။ ဇူးဇူး

Sunday, 12 Jun 2011

ကျောင်းဖွင့်ကာလ ကျော်လွန်၍ ကားအရောင်းအဝယ် အနည်းငယ်ပြန်အေးသွား                    ကျောင်းဖွင့်ရာသီဖြစ်သော ဇွန်လ၏ ဒုတိယရက်သတ္တပတ်အတွင်း အခြေ အနေမှာ ကားအရောင်းအဝယ်များ ကျောင်းမဖွင့်မီကာလ ဧပြီ၊ မေလအတွင်း အခြေအနေလောက် အရောင်းအဝယ် ထင်သလောက်မဖြစ်တော့ဘဲ ဈေးအေး ဈေးတန်းသွားကြောင်း သိရသည်။                    ရန်ကုန်မြို့တွင်းရှိ အပေါ်ဝိုင်း၊ အောက်ဝိုင်းနှင့် အခြားဝိုင်းများတွင် နေ့လယ် နေ့ခင်းပိုင်း လူသူကင်းရှင်းကာ ညနေပိုင်းများတွင်သာ လူအသင့်အတင့် စည်ကားနေကြောင်း သိရသည်။ အပေါ်ဝိုင်းတွင် အထူးသဖြင့် အပေါ်ကားများ စတည်း ချလေ့ရှိသည့် ထုံးစံအတိုင်း အဖွဲ့အစည်းသွင်း သိန်း ၁ဝဝဝ ဝန်းကျင်ကားများ အထိုးများနေပြီး ဈေးတန်းမှာ ယခင်လများကကဲ့သို့ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် အဝယ်မရှိတော့ဘဲ သိန်း ၁ဝဝဝ နှင့် ၎င်းအောက်ထိ ပြန်ဆင်းခေါ်နေကြောင်း သိရသည်။ ကျောင်းဖွင့်ရာသီအမီ ဈေးတန်းမြောက်ခဲ့သော မြန်မာစမော်ဆလွန်း များလည်း အဝယ်ပြန်အေးကာ ဈေးတန်းပြန်ငြိမ်သွားကြောင်း သိရသည်။                 ဈေးကွက်တွင်း အရောင်းအဝယ် ပြန်အေး ပြန်တန်းသွားသော်လည်း ယခု ရက်ပိုင်းအတွင်း ဌာနဆိုင်ရာမှ စက်မှုဇုန်ယာဉ်များ အာတီအေ ကန့်သတ်ချက် တစ်ရပ်ကြောင့် ကားပွဲစားဝိုင်းများရှိ လိုင်စင်ဝင်ဆဲ စက်မှုဇုန်ထုတ်တောင်းအေ့(စ်) များ၊ ပုဇင်းခေါင်းပစ်ကပ်များ အနည်းငယ်အဝယ်ရပ်တန့်သွားသဖြင့် လိုင်စင်ဝင်ပြီး ဝက်ဂွန်များ၊ ပစ်ကပ်များ ပြန်လည်ဈေးမော့လာနိုင်သည်ဟု သုံးသပ်ကြသလို ဈေးတန်းသွားမည်ကို စိုးရိမ်သဖြင့် ယခုကာလ ဈေးတန်းထက်ပင် အနည်းငယ်ဆင်းပေးပြီး ရောင်းချမှုများရှိလာကြောင်း အပေါ်ဝိုင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှပြောသည်။                   ယခုရက်ပိုင်းအတွင်းအောက် ကားလေးများဝယ်ယူပြီး တက္ကစီအငှားယာဉ် ပြောင်းလဲစီးပွားရေးလုပ်ကိုင်မည့် လုပ်ငန်းသမားများလည်း အထက်ပါ အာတီအေ သတင်းနှင့်ဆက်နွှယ်၍ ပေါ်ပေါက်လာသည့် အကြားသတင်းများကြောင့် အောက် ကားဈေးကွက်လည်း အေးသွားကြောင်း သိရသည်။ SN

Sunday, 12 Jun 2011

ဇုန်အကြောင်း မြေဖယောင်းသက်သေ                  မြေဖယောင်း(Bentonite) ဆိုတာ မီးတောင်များပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ချော်မှုန့်တွေ၊ ပြာတွေဟာ ချောင်းများတစ်လျှောက် နှစ်ပေါင်းများစွာ အနည်ထိုင်ပြီး သဘာဝအလျှောက် မြေဖယောင်း (Bentonite ) အဖြစ် ပြောင်းလဲလာတဲ့ မြေသယံဇာတတစ်ခုဖြစ်ပါတယ်။                    မြေဖယောင်း (Bentonite)ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ နယ်အတွင်းမှာ ထုတ်လုပ်နေကြောင်း သိရှိရပါတယ်။ မြေဖယောင်း (Bentonite) ကို စက်မှုကုန်ကြမ်းအဖြစ် ဆည်များ၊တံတားတိုင်ကြီးများ ဆောက်လုပ်ရာမှာ အောက်ခြေမြေထိန်းနံရံ ရေမစိမ့်စေရန် ဘိလပ်မြေနှင့် တွဲဖက်သုံး စွဲခြင်း၊ သံရည်ကြိုပုံလောင်းရာတွင် သံမို (Mould) များပြုလုပ်ရာမှာ အသုံးပြုခြင်း၊ စားသုံးဆီ၊ စက်ဆီ၊ ချောဆီများ အရောင်ချွတ်ရာမှာ အသုံးပြုခြင်း၊ တိရစ္ဆာန်အစာတောင့်နဲ့ သဘာဝမြေသြ ဇာများကို အစိုင်အခဲ ပြုလုပ်ရာမှာ ကော်အဖြစ် အသုံးပြုခြင်း၊ ရေနံတွင်းနဲ့ အဝီစိတွင်းများထူးဖော်ရာမှာ ဘေးသား မြေများ ပြိုမကျဖို့ မြေသားနံရံထိန်း အဖြစ်အသုံးပြုခြင်း၊ ဆေးဝါး၊ အလှကုန် နဲ့ အသားလိမ်းအလှဆီများ ပြုလုပ်ရာ မှာ အသုံးပြုခြင်းနဲ့ အချိုရည်၊ အရက် များ အနည်စစ်သန့်စင်ရာမှာ အသုံးပြုခြင်းလိုမျိုး ဘက်စုံအသုံးပြုကြတာကို တွေ့ရပါတယ်။                        မန္တလေးစက်မှုဇုန်(၂)မှာကမ္ဘာသစ် စက်မှုကုန်ကြမ်းပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ ''မြေဖယောင်း (Bentonite)ဟာ စက်မှုဇုန်တွေရဲ့ မရှိ မဖြစ် စက်မှုကုန်ကြမ်းပါ။ စက်မှုပုံ လောင်းနဲ့ အခြားလုပ်ငန်းတွေ အလုပ်ဖြစ်မဖြစ်ဆိုတာ မြေဖယောင်း ရောင်းရတဲ့ ပမာဏကိုကြည့်ရင် အကြမ်းဖျင်း သိနိုင်ပါတယ်''လို့ ဆိုပါတယ်။ မြေဖယောင်း (Bentonite)ကို ပွနှုန်းပေါ်အခြေခံပြီး Grade(၃) မျိုး ခွဲခြားထားပါတယ်။ ပွနှုန်းအဆင့် ၇ဝ အထက်ကို ွမေိန ဗ သတ်မှတ်ပြီး၊ ပွနှုန်း ၄ဝ မှ ၅ဝအတွင်းကို ွGrade A နဲ့ ပွနှုန်း ၃ဝ နဲ့ အောက်ကိုတော့ Grade B  သတ်မှတ်ပါတယ်။ ပိဿာ ၃ဝ ပါအိတ် တစ်အိတ်ကို ၃ဝဝဝ ကျပ် မှ ၃၈ဝဝ ကျပ်အထိ Grade ပေါ်မူ တည်ပြီး ရောင်းချတယ်လို့ ကမ္ဘာသစ် စက်မှုကုန်ကြမ်း ရောင်းဝယ်ရေးလုပ် ငန်းရှင် ဦးမောင်မောင်ဦးမှ ပြောပါတယ်။ သူရဲ့လုပ်ငန်းမှ တစ်လကို အိတ် ၂ဝဝ ဝန်းကျင်ခန့် တောင်ကြီးအေးသာ ယာ စက်မှုဇုန်၊ မုံရွာစက်မှုဇုန်နဲ့ မန္တလေးစက်မှုဇုန်တို့ကို ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း စက်မှုဇုန်တွေရဲ့ မရှိမဖြစ်တဲ့ မြေဖယောင်း (Bentonite) အကြောင်း ရေးသားတင်ပြလိုက် ပါတယ်။ ဇေယျာဆွေ

Tuesday, 7 Jun 2011

တရုတ်နိုင်ငံသည် နွေရာသီသီးနံှရိတ်သိမ်းမှု များပြားနေသော်လည်း ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ              တရုတ်နိုင်ငံက ၂ဝ၁၁ ခုနှစ်မှာ နွေရာသီသီးနံှထွက်ရှိမှု မြင့်တက်နိုင်သော်လည်း သီးနံှထုတ်လုပ်မှုမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို အဆင့်မြင့်အရာရှိတစ်ဦးမှ ၂ဝ၁၁ ခုနှစ် မေ ၂၅ ရက်မှာ ပြောကြားသွားပါတယ်။ ထုတ်လုပ်သူတွေရဲ့ ကုန်စည်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေမှုကြောင့် လယ်သမားတွေရဲ့ အစွန်း ထွက်အကျိုး အမြတ်ကို လျော့နည်းစေမှာဖြစ်ရာ ၎င်းတို့အနေနဲ့ သီးနံှတွေထုတ်လုပ်ဖို့ စိတ်အားထက်သန်မှုလျော့ နည်းစေနိုင်ကြောင်း လည်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးစီမံကိန်းအဖွဲ့ဖြစ်တဲ့ The Academy of Macroeconomic Research of the National Development and Reform Commission ရဲ့ ဒုတိယအကြီးအကဲဖြစ်သူ Ma Xiaohe  မှ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။        အလုပ်သမားကုန်ကျစရိတ်မှာလည်း မကြာမီကမှ မြင့်တက်သွားခြင်းကြောင့် လယ်သမားတွေက သီးနံှ ထုတ်လုပ်မှု ကို စွန့်လွှတ်လျက် ငွေကြေးပိုမိုရရှိကာ အခြားအလုပ်တွေကိုရှာဖွေဖို့ အလားအလာဖြစ်ပေါ်လျက်ရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားသွားပါတယ်။ မြို့ပြဖြစ်ထွန်းလာမှုနဲ့ ရှေးယခင်ကတည်းက တည်ရှိလာခဲ့တဲ့ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကြောင့် စိုက်ပျိုးနိုင်တဲ့ မြေယာတွေဆုံးရှုံးခဲ့ရာ သီးနံှတွေဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။        တရုတ်နိုင်ငံအစိုးရက သီးနံှလုံခြုံစိတ်ချရမှုရှိစေဖို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းတွေ အတွက် ငွေကြေးဆိုင်ရာထောက်ပံ့ပေးမှုတွေ တိုးမြှင့်ခြင်းနဲ့ Commodity Futures Market တွေ ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားသင့်ကြောင်း Ma Xiaohe မှ ပြောကြားသွားပါတယ်။ Source:Bloomberg.com, ကြည်မာလာ

Tuesday, 7 Jun 2011

ပုသိမ်ကြီးမြို့နယ်ရဲ့ ဓာတ်မြေသြဇာဈေးကွက                     မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာ မိုးသီးနံှအဖြစ် ပဲစင်းငုံကို မြေပဲ၊ နေကြာ၊ ပြောင်းတို့နဲ့ သီးညှပ် အဖြစ် စိုက်ပျိုးလျက်ရှိပြီး ပဲတီစိမ်း၊ ဝါ၊ မိုးနှမ်း၊ ပြောင်းနဲ့ အခြားပဲမျိုးစုံတို့ကို စိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ မြို့နယ်တွင်းမှာ တောင်သူတွေ အကြိုက်များပြီး အာနိသင်အနေနဲ့ ထိရောက်မှုရှိတဲ့ ဓာတ်မြေသြဇာများကို လက်ငင်းဈေးတစ်မျိုး၊ သီးနံှပေါ်ပေးဈေး တစ်မျိုးနဲ့ရောင်းဝယ်နေကြပါတယ်။ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဓာတ်မြေသြဇာ ၅ဝ ကီလို တစ်အိတ်ဈေးများမှာ ပုလဲ(ရွှေတောင်) ၂ဝ၇ဝဝ ကျပ်၊ ပုလဲ (ပန်းဖူး) ၂၁၆ဝဝ ကျပ်၊ တိုးပွားမန်းကွန် ပေါင်း (၁၅း၁၅း၁ဝ) ၂၂၅ဝဝ ကျပ်၊ တိုးပွားမန်းကွန်ပေါင်း (၁ဝး၁ဝး၅) ၁၇ဝဝဝ ကျပ်၊ သားပိုက်ကောင် ကွန်ပေါင်း (၁၆း၁၆း၈) ၂၃၅ဝဝ ကျပ်၊ မြင်း ကျား ကွန်ပေါင်း ၂၂ဝဝဝ ကျပ်ဖြစ်ပြီး တီစူပါဈေးနှုန်းများက တီစူပါ ၄၆ ရာခိုင်နှုန်း (တရုတ်သံကွင်း) ၂၆ဝဝဝ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း (တရုတ်မျှားနီ) ၁၄၅ဝဝ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း (တရုတ်မျှားနီ) ၁၆၅ဝဝ ကျပ်အသီးသီး နဲ့ လက်ငင်းဈေးကွက် အရောင်းဖြစ်ပြီး သီးနံှပေါ်ချိန်ပေးနဲ့ ပုလဲ(ရွှေတောင်) ၂၆ဝဝဝ ကျပ်၊ ပုလဲ(ပန်းဖူး) ၂၇ဝဝဝ ကျပ်၊ တိုးပွားမန်း (၁၅း ၁၅း ၁ဝ) ၂၄၅ဝဝ ကျပ်၊ သားပိုက်ကောင် ကွန်ပေါင်း (၁၆း၁၆း၈) ၂၇ဝဝဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။                                     ဘိုနိုနိနီ

Tuesday, 7 Jun 2011

နိုင်ငံခြားဝင်ငွေ ရှာဖွေနေတဲ့ ရှေးဟောင်း ပုဂံမြေ              ရှေးဟောင်းအနုပညာလက်ရာ အများအပြားနှင့် ဘုရားစေတီ၊ ကျောက်စာများပေါများလှတဲ့ မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်းဦးတွင် တန်ခိုးကြီးဘုရားများ၊ ပုဂံခေတ် ပန်းချီပန်းပု နံရံဆေးရေးပန်းချီများ၊ ကျောက်စာများ၊ မြန်မာမှု အနုလက်ရာ များနှင့် ယွန်းထည်များကို ပြည်တွင်းသာမက ကမ္ဘာလှည့်ခရီးသည်များကလည်း စိတ်ဝင်စားလှပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်ကိုလာရောက်လည်ပတ်သူတိုင်း ပုဂံညောင်ဦးကို အဓိကထားလည်ပတ်တာကို သိရပါတယ်။ နိုင်ငံခြားသားများ ဝင်ရောက်မှုများသော ပုဂံညောင်ဦး နိုင်ငံခြားဝင်ငွေရရှိမှုမှာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၉၈၅ဝရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၅၂၈၈ဝ ရရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ် နှစ်နှစ်နှိုင်းယှဉ်ပါက ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၈၃ဝ၃ဝ ပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။               ယခုနှစ် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလဆန်းနှင့် မေလကုန်ပိုင်းတွင် ဧည့် ၄၇၆ဝ ဦး ဝင်ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၂၃၆၉၁ နှင့် FEC  ၂၃၉ဝ၉ ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ဧပြီလတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီဥတုကလည်း ကောင်းမွန်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များပိုမိုဝင်ရောက်ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ သိရှိရပါတယ်။     တင်မျိုးခိုင်

Pages