Background
မန်း-မူဆယ်ပြေးဆွဲနေသော ၆ ဘီးကားဈေးများ ဦးမော့လာ တန်ပိုများ ကန့်သတ်ချိန်မှစ၍ ၆ ဘီးကားဈေးများ ဦးမော့လာတာကိုတွေ့ရပါတယ်။ ယခင် ၆ ဘီးကားတစ်စီး တန်ဖိုးမှာ ကျပ်သိန်း ၁၈ဝ ဝန်းကျင်ရှိရာ ယခုကျပ်သိန်း ၂၅ဝ မှ ၃ဝဝ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။ ၆ ဘီးကားတစ်စီး အလေးချိန်မှာ ၉ တန်ခွဲဝန်းကျင်ရှိပြီး၊ ယခုတန်ပိုများ ပြောင်းလဲသတ်မှတ်လိုက်ရာ ကား၏ လေးလျော့၊ တံခါးပိတ်ပြုတ်၊ အမိုးကိုင်းတစ်ဝက်ဖြုတ်နှင့် တာယာဆိုဒ် ယခင် ၁၁-ဝဝ-၂ဝ မှ ယခု ၁ဝ-ဝဝ-၂ဝ ပြောင်းလဲ ဝိတ်လျော့အသုံးပြုခဲ့ရာ ကား၏အလေးချိန်မှာ ၇ တန်ခွဲမှ ၈ တန်သာရှိကြောင်း သိရပါတယ်။ ၆ ဘီးကားတစ်စီး၏ ကုန်တင်ခမှာ ရာသီပေါ်သီးနံှ (ဖရဲသီး)တစ်တန် တစ်သိန်းနှစ်သောင်းဖြစ်ပြီး၊ အခြားကုန်စုံသယ်ယူခမှာ ယခင်တစ်ပိဿာ ၃ဝ ကျပ်၊ ၃၅ ကျပ်မှ ယခု တစ်ပိဿာ ၆ဝ ကျပ်ကျော်ဖြင့် အလုပ်ဖြစ်နေပါတယ်။ ကျော်ဇင်သန်း
နေပြည်တော်-ရန်ကုန် အဆင့ ်မြင့ ် အဝေးပြေးမော်တော်ယာဉ်လိုင်းအတွက် ကျပ်သိန်း ၂ဝဝဝ တန်ဘတ်စ်များ မတ်လတွင်တစ်စီး နှစ်ကုန်ပိုင်းတွင်လေးစီး ထပ်မံရောက်ရှိမည် နေပြည်တော်-ရန်ကုန် အဆင့်မြင့် မော်တော်ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသည့် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ Elite Express ကားများ မတ်လပထမအပတ် တွင် တစ်စီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် လေးစီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ယာဉ်လိုင်းတာဝန်ခံ ဦးထွန်းမြင့်စံက ပြောကြားသည်။ ၎င်းယာဉ်လိုင်းသစ်ကို ပထမ အဆင့် သုံးစီးဖြင့် နေပြည်တော်- ရန်ကုန် ခရီးစဉ်တွင် စတင်ပြေးဆွဲလျက် ရှိပြီး မလေးရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ ထုတ်လုပ် ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချထား သော ကားများဖြစ်ကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကား လေးစီး ထပ်မံရောက်ရှိလာမည်ဖြစ်ရာ စုစုပေါင်း ရှစ်စီးဖြင့် နေပြည်တော်ကို ဗဟိုပြု၍ နေပြည်တော်-ရန်ကုန် ခရီးစဉ်အပြင် နေပြည်တော်-မန္တလေး၊ နေပြည်တော်-တောင်ကြီးခရီးစဉ်များကို တိုးခဲျ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းယာဉ်လိုင်းမှာ လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် ကွဲပြားခြားနားချက်များ ပါဝင်ကြောင်း သိရသည်။''တစ်ဦးကို နားကြပ်တစ်ခုစီနဲ့ မိမိစိတ်ကြိုက် ဖျော်ဖြေရေး အစီ အစဉ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းများ အားသွင်းနိုင်ဖို့ ပလပ်ပေါက်တွေလည်း ထားပေးထားပါတယ်။ ကားပေါ်မှာ ရေခဲသတ္တာ၊ ရေနွေးဓာတ်ဘူး၊ ဘေစင် တွေ အရေးပေါ်ထွက်ပေါက် အစရှိတာ တွေပါရှိပါတယ်''ဟု အထက်ပါပုဂ္ဂိုလ် ကပြောကြားသည်။၎င်းမော်တော်ယာဉ် လိုင်းတွင် အခမဲ့ဝန်ဆောင်မှုများအဖြစ် ရေသန့်ဘူး၊ စနိုးတာဝါများ ပေးဝေခြင်း၊ ယာဉ်စီးနေစဉ် အခမဲ့ အဝင်ဖုန်း လက်ခံ ပြောဆိုခြင်း၊ ယာဉ်ပေါ်တွင် ချမ်းလျှင် ခြုံထည်ပါရှိခြင်း၊ အရေးပေါ်သုံးစွဲနိုင်ရန် အခြေခံဆေးဝါးများ ပါရှိခြင်း၊ ကြိုတင် ငွေပေး ဖုန်းကတ်များကို မူရင်းဈေး အတိုင်း ရောင်းချခြင်းစသည့်ဝန်ဆောင် မှုများကို ဝန်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယာဉ်စီးခနှုန်းထားမှာ လက်ရှိပြေးဆွဲနေသော ယာဉ်စီးခ နှုန်းထား များအတိုင်း ကျပ် ၆ဝဝဝ ဖြစ်ကြောင်း သိရသည်။ ကိုဖြိုး
ဖေဖော်ဝါရီအတွင်း ကားလေလံပွဲများပြားသဖြင့် ကားဈေးကွက်အနည်းငယ်အေးစက် ၂ဝ၁၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း ကားလေလံပွဲများ ကျင်းပမှုများပြားခဲ့ပြီး အလယ်အလတ်ကားများ ပါဝင်မှု များပြားခဲ့ခြင်းကြောင့် ကားဈေးကွက်တွင်း အနည်းငယ်အေးစက်ခဲ့ကြောင်း သိရသည်။ အဆိုပါလေလံပွဲများတွင် မော်တော်ယာဉ်ပါဝင်မှုသည် ယခင်ကားလေလံပွဲ များထက် အစီးရေနည်းပါးခဲ့ပြီး အလယ်အလတ်ကားများသာပါဝင်ခဲ့ကာ လေလံ အောင်မြင်ဈေးကျဆင်းနိုင်ခြင်းကြောင့် သွားရောက်လေလံဆွဲကြသူများရှိကြောင်း သိရသည်။ ''ဖေဖော်ဝါရီလထဲ ကားလေလံတွေကများနေတဲ့အပြင် တစ်ပွဲနဲ့ တစ်ပွဲ ရက်သိပ်မကွာဘူး၊ ကားပွဲစားတွေက နောက်ဆုံးလက်ကျန်လို့ ခန့်မှန်းတဲ့အတွက် သွားတဲ့သူများတယ်။ လေလံဈေးလဲ ကျဆင်းနိုင်တယ်''ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ဖြစ်သည့် ၂၂ ရက် ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကားလေလံပွဲများ ဆက်တိုက်ကျင်းပခဲ့ပြီး ကားအစီးရေ ၂ဝဝ ကျော်ပါဝင်ခဲ့ကြောင်း၊ ကားများသည် မော်ဒယ်လ်မြင့် ပါဝင်မှုနည်းပြီး ဈေးကွက် အကြိုက် ဗင်၊ ဆလွန်း၊ ပစ်ကပ်ကားများပါဝင်မှုများကြောင်း၊ ထို့အပြင် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ဂျစ်ကားများလည်းပါဝင်ခဲ့ပြီး ဆိုင်ကယ် ၃ဝဝ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ လက်ရှိကားဈေးကွက်သည် ဈေးနှုန်းများကျဆင်းမှုကြောင့် အရောင်းအဝယ် ဖြစ်မှု နည်းပါးလာလျက်ရှိပြီး ကြိုက်ရောင်းကြိုက်ဝယ်နှင့် လုပ်ငန်းသုံးကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ''အခွန်ဆောင်ထားတဲ့ကားတွေရဲ့ ဈေး ကွက်ကလဲ အေးသွားတယ်၊ CNG တက္ကစီရောင်းချမှုနဲ့ လုပ်ငန်းသုံးကားတွေ အဝယ် လိုက်တယ်။ ဇုန်ထုတ်ကားတွေထွက်လာတော့ ကားဈေးကွက်က အေးဖို့ပဲရှိတယ်'' ဟု ဟံသာဝတီ ကားပွဲစားတစ်ဦးက ပြောကြားသည်။ လေလံအောင်ကားများအား တစ်နေရာတည်းတွင် One Stop Service ပြုလုပ်ပေးခြင်းကြောင့် သွားရောက်ကြ သူများစိတ်ဝင်စားကြပြီး ဈေးကွက်ရှိကားများဖြစ်ပါက လိုအပ်သလို ပြုပြင်ရောင်းချ နိုင်ကြောင်း၊ လေလံပွဲများတွင် ကားအရေအတွက် နည်းပါးလာခြင်း လေလံပွဲများ ပြုလုပ်မှုများပြားခြင်းတို့ကြောင့် လေလံဈေးနှုန်း ကျဆင်းလာပါက ဈေးကွက်ရှိကား ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။ ကိုဖြိုး
အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း တည်နေရာ အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း အလုံမြို့နယ်၊ ဌာနလမ်း (၂၅ထ၆ဝ)ပေ ပထပ်၊ Hall ၄၃ဝ သိန်း ၇ဝ၂၄ဝ၅၂။ အိမ်/မြေ တာမွေမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်း (၂၀x၅၀)ပေ RC (၂)ထပ်၊ ၇၇၅ သိန်း ဝ၉-၅၁၂၆၂၅၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ ပြင်ဆင်ပြီး ၃၅ဝ သိန်း ထောင့်ခန်း၊ ဖုန်းပါ ၇ဝ၂၄ဝ၅၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ ပြင်ဆင်ပြီး ၂၈ဝ သိန်း ဂုတ်ခန်း ၇ဝ၂၄ဝ၅၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၁၂ .၅ထ၅ဝ)ပေ ၄ လွှာ၊ ပြင်ဆင်ပြီး ၈ သောင်း တစ်လအငှားနှုန်း ၇ဝ၂၄ဝ၅၆။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ကျေးတမာလမ်း (၃၅ထ၇ဝ)ပေ ျွဃ ၁ (ထပ်) ၈ဝဝ သိန်း တိုက်သစ် ၅၆၃ဝ၇ဝ၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ဟင်္သာလမ်း (၃၅ထ၄၅)ပေ RC ၁ (ထပ်) ၈၇၅ သိန်း အသင့်နေ ၅၆၃ဝ၇ဝ၈။ တိုက်ခန်း တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်း (၁၃ထ၅ဝ)ပေ (၅)လွှာ၊Hall ၁၅ဝ သိန်း ၇ဝ၂၄ဝ၅၉။ မြေ ပြင်ဦးလွင်မြို့ ၊ မိုးကုတ်ကားလမ်းနဘေး (၁ ဧက) မြေသီးသန့် ၁ဝဝ သိန်း ဝ၉-၂ဝ၄၄၂၅၅၁ဝ။ မြေ အင်းစိန်မြို့နယ် GTI အနီး (၃ဝx၇ဝ)ပေ နှစ်ထပ်အိမ်တစ်လုံးပါ ၇၅ဝ သိန်း ဝ၉-၅၁၂၆၂၅၅
မန္တလေးမြို့သစ်ရှိ လမ်းမတန်းရှိ အကွက်များ အရောင်းအဝယ် သွက်လျက်ရှိ မန္တလေးမြို့သစ် လမ်းမတန်းပေါ်ရှိ အကွက်အချို့ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မြေကွက်များမှာ မနော်ဟရီလမ်းမပေါ် (၄၈ လမ်းအိမ်ရာစီမံကိန်းအနီး) ရှိ 'ဇဇ' 'ဖဖ' အကွက်များ၊ (ထုံးဘို-မြစ်ငယ်) လမ်းခွဲအနီး ၆၈ လမ်းမပေါ်ရှိ 'ဝဝ' အကွက်များ၊ ၆၂ လမ်းမပေါ်ရှိအကွက် များကို စီးပွားရေးလုပ်ကိုင်မယ့်သူများနဲ့ မြေဝယ်ထိန်းအချို့ အဝယ်ဆင်းလျက် ရှိပြီး အရောင်းအဝယ် သွက်လျက် ရှိပါတယ်။ မြို့သစ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ''ဒီလထဲမှာကို လမ်းမ ပေါ်အကွက်တွေ အရောင်းအဝယ် သွက်တဲ့အတွက် ဈေးမြင့်လာတယ်။ လမ်းမအကွက်တွေက ဈေးအပြောင်း အလဲဖြစ်တာလည်း မြန်တယ်။ မနှစ်က 'ဇဇ' နဲ့ 'ဖဖ' အကွက်ဈေးက လက်ရှိ ပေါက်ဈေးနဲ့ယှဉ်ရင် သိန်း ၅ဝဝ လောက်ကွာတယ်။ 'ဝဝ' အကွက်ဆို သိန်း ၁၅ဝ၊ ၂ဝဝ ဝန်းကျင်လောက်ဈေး ကွာတယ်။ ကြားအကွက်တွေတော အရောင်းအဝယ် အေးတယ်''လို့ ပြော ပါတယ်။ မနော်ဟရီလမ်းမပေါ်ရှိ 'ဇဇ' 'ဖဖ' အကွက်များမှာ ပေ ၄ဝ x ၆ဝ တစ်ကွက်ကို လက်ရှိဝယ်ဈေး သိန်း ၁၈၅ဝ၊ ၁၉ဝဝ ကျပ်ရှိ၍ ၆၂လမ်းမပေါ် မနော်ဟရီလမ်းနဲ့ အင်းခရုဘုရားလမ်းအတွင်း သိန်း ၁၈ဝဝ နဲ့ ၃၅ဝဝ ကြား၊ 'ဝဝ' အကွက် ၆၈ လမ်းမပေါ် 'ဝဝ-၉' နဲ့ 'ဝဝ-၁ဝ' သိန်း ၁၁ဝဝ ကျပ်ဝန်းကျင် ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
ရန်ကုန်ကားလေလံပွဲပြီးသော်လည်း အရောင်းအဝယ်အသင့်အတင့်ရှိ ရန်ကုန်မြို့တွင်းရှိ ကားပွဲစားဝိုင်းများတွင် ယခုတလော လေလံပွဲများအပြီး ရောက်ရှိလာသော ကားများနှင့် ယခင် ရှိပြီး ကားဟောင်းများ၊ စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ပြန်လည်ဝင်ရောက်လာကြသဖြင့် အနည်းငယ်ပြန်လည် စည် ကားလာခဲ့သည်။ လေလံပွဲမတိုင်မီရက်များက ဝယ်ရောင်းအများစုမှာ လေလံပွဲသွားနေသဖြင့် လူနည်းပြီး စည်ကားမှုလျော့သွား သော်လည်း ယခုရက်ပိုင်းအတွင်း အောက်ကား၊ အလယ် အလတ် ကားအသန့်များအနည်းငယ်ပြန်၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ လေလံအောင်ပြီး ပြန်လည်ဆင်ယင်ရောင်းချကားများ၊ ဝယ်ယူခွင့် ပါမစ်ကျပြီးမှ တစ်ဆင့်ရောင်းချသည့် ကားများစသည်ဖြင့် အသင့်အတင့် အရောင်းအဝယ်ဖြစ်လာ ကြောင်း သိရသည်။ သို့ရာတွင် ယခုကာလအရောင်းအဝယ်သည် ယခင်နှစ်ကုန် နှစ်လခန့်ကအောက်ကားများ ၁ဝ သိန်း၊ သိန်း ၂ဝခန့် အပေါ်ကားများ သိန်း ၅ဝ၊ သိန်း ၈ဝ ခန့် ပြန်မာခဲ့သော အခြေအနေအား မမီသော်လည်း အရင်ကနှင့်စာလျှင် အရောင်းများလာပြီး တစ်စီးစ၊ နှစ်စီးစ အရောင်းအဝယ်ဖြစ် လာကြောင်း သိရသည်။ ယခုရက်ပိုင်း အတွင်းဝိုင်းများတွင် ၈၈ထုတ် အက်(စ်) အီး လီမိတက် (သ)အက္ခရာအား သိန်း ၂ဝဝ ခန့်ဖြင့် လည်းကောင်း၊ ၈၈ ထုတ်ကိုရိုလာဗင် ၂က (ဓာတ်ဆီ)အား သိန်း ၂၁ဝ ဖြင့်လည်းကောင်း၊ ၉၂ ထုတ် ၇က ဖင်ကောက်ဒီဇယ်စပ် အား ၃၇၅ သိန်းဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။ ယခုလ ၁၆ ရက်က ကျင်းပပြီးစီးခဲ့သော နေပြည်တော် ကားလေလံတွင် အမြင့်ကား ဝက်ဂွန်များအများဆုံးပါဝင်ပြီး ပါဂဲျရိုးအား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝ၀ ထိ လည်းကောင်း၊ ဆပ်(ဖ်)ဝက်ဂွန်အား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝဝ အထက်ထိလည်းကောင်း သတ်မှတ်လေလံ အောင်ကြကြောင်း သိရသည်။ ယခုနောက်ပိုင်း အမြင့်ကားဝယ်သည့် လူများသည် လည်း ပြုပြင်မွမ်းမံပြင်ဆင်ပြီးယာဉ်များသာ ရှာဝယ်ကြသဖြင့် လေလံအောင်ကားများအား အခြားကားထက်ပို၍ စိတ်ဝင်စားခံရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ SN
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်SN၁။ ဆူဇူကီး (R+) ၂ဂ ၂၃ဝ သိန်း၂။ ဆူဇူကီး (R+) စတိ ၂၅ဝ သိန်း၃။ ဆူဇူကီး (R-) စတိ ၁၄ဝ သိန်း၄။ စူပါဆလွန်း (၈၆) ၁က ၁၆ဝ သိန်း၅။ ကိုရိုလာဗင် (၈၈) ၁က ၂၁ဝ သိန်း ၁ .၅ ဓါတ်ဆီ၆။ ကိုရိုလာဗင် (၉ဝ) ၅က ၂၆ဝ သိန်း CE-96၇။ မတ်(ခ်)တူး (၉၄) ၄၈ ၅ဝဝ သိန်း ဓာတ်ဆီ၈။ ဆပ်(ဖ်)ဝက်ဂွန် ၅၈ ၉၅ဝ/၁ဝဝဝ သိန်း (၂ဝဝဝ)မိုဒယ်/ အခွန်ဆောင်ပြီး၉။ မတ်(ခ်)တူး(၂ဝဝ၂) ၅၈ ၈၅ဝ သိန်း (ရွှေငါး)၁ဝ။ တောင်းအေ့(စ်)(စက်မှုဇုန်) ၈ ၉၃ သိန်း လက်ရိုက်
မန္တလေးအိမ်ခြံမြေ (မြို့တွင်း) ငှားရမ်းခ ဈေးငြိမ် မန္တလေးမြို့တွင်းရှိ အိမ်၊ ခြံ၊ မြေငှားရမ်းခများ အပြောင်းအလဲမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့် ဈေးငြိမ်လျက်ရှိ ကြောင်း သိရပါတယ်။ 'မန္တလေးမြို့ ၇၃ လမ်း အရှေ့ခြမ်း တွင် တိုက်ခန်းအချို့ ဖျက်လျက်ရှိခြင်း ကြောင့်တိုက်ခန်းလိုအပ်ချက်ရှိလာသော် လည်း အငှားနည်းနေကြောင်း၊ နှစ်ဆန်းပိုင်းက အောင်တော်မူရပ်နဲ့ ဗထူးကွင်း တစ်ဝိုက်အိမ်ဝိုင်းများ အငှားရှိခဲ့ ကြောင်း၊ အငှားဈေးနှုန်းမှာ လမ်းမပေါ် ရှိ လမ်း ၃ဝ၊ ၇၃ လမ်းများတွင် ၅ သောင်းဝန်းကျင်သာ တက်ဈေးရှိခဲ့ ကြောင်း၊ ယခုလတွင် အငှားနည်း၍ ယခင်လဈေးအတိုင်းသာ ဈေးငြိမ်လျက် ရှိကြောင်း မန္တလေးမြို့ရှိ ဝါရင့်အိမ်ခြံမြေ မြေပွဲစားတစ်ဦးထံမှ သိရပါတယ်။ ၇၃ လမ်း အနောက်ခြမ်းရှိ လမ်း ၈ဝ၊ ၇၈ လမ်း၊ ၈၄ လမ်းမပေါ် တိုက်ခန်းများမှာ စီးပွားရေးလုပ်မည့်သူများ ငှားရမ်းမှုများပြီး နှစ်ချုပ်များဖြင့် ငှားရမ်းထားခြင်းကြောင့် ယခုနှစ်ဆန်းပိုင်းက အငှားအနည်းငယ်ရှိခဲ့ပြီး၊ ယခုလ ငှားရမ်းမှု မရှိကြောင်း၊ အနောက်ခြမ်းရှိ အိမ်ခန်းများ ငှားရမ်းမှုမှာလည်း ဈေးအတက်မရှိဘဲ ပုံမှန်ဖြင့် ဈေးငြိမ်လျက် ရှိကြောင်း၊ ယခင်နှစ်များက ၆ လလျှင် တစ်ကြိမ် ငှားရမ်းခနှုန်းများ တက်ခဲ့ကြောင်း သိရပါတယ်။ အငှားဈေးနှုန်းများမှာ မန္တလေး အရှေ့ခြမ်း (မြို့တွင်း) တွင် တစ်လလျှင် ကျပ် ၅ သောင်းနဲ့ ၂ သိန်းခွဲကြားရှိ၍ မန္တလေးအနောက်ခြမ်းတွင် လမ်းမပေါ် တိုက်ခန်းဈေး ကျပ် ၅ သိန်းနဲ့ ၁၅ သိန်း ကြားရှိကြောင်း၊ အဆောက်အအုံ အကျယ်အဝန်း လမ်းသာတဲ့အပေါ် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါတယ်။ ဇူူးးဇူူးး
၂ဝ၁၁ ထုတ် လယ်ယာ ၂ဝ ထွန်စက်များ အရစ်ကျဖြင့် ဝယ်ယူနိုင် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာ ၂ဝ ထွန်စက် အစီးရေ ၃ဝဝဝ စီးကို ၂ဝ၁၁ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ လယ်ယာ ၂ဝ ထွန်စက်ကို တရုတ်နည်းပညာအခြေခံ၍ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ ကျောက်ဆည်မြို့၊ အင်းကုန်းရပ်တွင် ထုတ်လုပ်ခဲ့ကြောင်း၊ လယ်ယာ ၁၆ နဲ့ လယ်ယာ ၂၂ ထွန်စက်များကို ထုတ်လုပ်ပြီးကြောင်းသိရပါတယ်။ မတ္တရာမြို့နယ်၊ အမှတ် ၄၃ ထွန်စက်စခန်းမှ ဦးသိန်းဝင်း (ဦးစီးအရာရှိ)က ''လယ် ၂ဝ ထွန်စက်ကို ဒီလ အတွင်းမှာ ထွန်စက်စခန်းများမှာ ရောင်းချပေးနေပါတယ်။ တောင်သူတွေအတွက် နှစ်ရစ်ခွဲပြီး ဝယ်ယူနိုင်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တဲ့အတွက် စက်အပိုပစ္စည်း အလွယ်တကူရနိုင်တယ်။ ပြည်ပက ပစ္စည်းထက် လေးသိန်းနီးပါးဈေးလျော့ပြီး အရည်အသွေးတူညီတယ်'' လို့ ပြောပါ တယ်။ လယ်ယာ ၂ဝ ထွန်စက်ဖြင့် ထယ်ထိုးပါက တစ်ဧကလျှင် ဒီဇယ် ၂ ဂါလန်၊ ထွန်မွှေပါက တစ်ဧကလျှင် ဒီဇယ် ၁ ဒသမ ၃၃ ဂါလန် ကုန်မည်ဖြစ်ပြီး၊ စပါးရေ တင်လုပ်ငန်းများတွင် ရေစုပ်စက်အဖြစ် အသုံးပြုနိုင်ကြောင်း သိရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအလိုက်ဈေးနှုန်းများမှာ - ရေတွက်ပုံ-ကျပ် (သိန်း)ပစ္စည်းအမည် လက်ငင်းပေး အရစ်ကျပေးဆပ်ရမည့်ငွေ ပေါင်း ချေရမညငွေ ဝယ်ယူသည့်နေ့ ၁ နှစ်ပြည့ ်နေ့ ၂ နှစ်ပြည့ ်နေ့လက်တွန်းကိုင်း ၉ .၃ဝ ၃ .၆ဝ ၃ .၄ဝဝ ၃ .ဝဝ ၁ဝ .ဝဝဝအင်ဂျင် ၃ .၇ဝ ၁ .၂ဝ ၁ .၅ဝဝ ၁ .၄၆ ၄ .၁၆ဝ၃၈ လက်မသံဘီး ၁ .၁၂ ဝ .၅ဝ ဝ .၃၇၅ ဝ .၃၆ ၁ .၂၃၅၂ သွားထယ် ဝ .၉၅ ဝ .၃ဝ ဝ .၃၈ဝ ဝ .၃၉ ၁ .ဝ၇ဝစုစုပေါင်း ၁၅ .ဝ၇ ၅ .၆ဝ ၅ .၆၅၅ ၅ .၂၁ ၁၆ .၄၆၅
ရန်ကုန် အိမ်ခြံမြေဈေးကွက် လေလံဘက်ဦးတည် အရောင်းခပ်လေးလေးနှင့် ပုံမှန်သွားနေ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း လေလံ အရောင်းအဝယ်များဘက်သို့ ပုဂ္ဂလိက အိမ်ခြံမြေသမားများ ဦးတည် ပြောင်းလဲသွားသဖြင့် အိမ်ခြံမြေ အရောင်းများ ခပ်လေးလေးနှင့် ပုံမှန် သွားနေကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံက သိရသည်။ ''ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်တဲ့ လေလံကြောင့် ပုဂ္ဂလိကအိမ်ခြံ မြေဝယ်ရောင်းအတော်များများ လေလံ ဘက်ကို ဦးလှည့်သွားတာ တွေ့ရပါတယ်။ အခုအချိန်မှာ လေလံတွေဝယ်ဖို့ ပြင်ဆင်နေကြသလို လုံးချင်းမြေကွက် အရောင်းအဝယ်တွေလည်း ခပ်လေးလေးနဲ့ ပုံမှန်သွားနေပါတယ်။ဒီအပတ် ထဲမှာ ကျပ်သိန်း ၁ဝဝဝ နဲ့ ကျပ်သိန်း ၃ဝဝဝအောက်မြေကွက်တွေ အရောင်း အဝယ်ဖြစ်နေပါတယ်''ဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းက အုပ်ချုပ် မှုဒါရိုက်တာ ဦးသန်းဦးက ပြောပြသည်။ ယခုအပတ်အတွင်း လုံးချင်းမြေကွက် အရောင်းအဝယ်ဖြစ်ခဲ့သော မြို့နယ်များမှာ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အင်းစိန်နှင့် သာကေတမြို့နယ်တို့ဖြစ်သည်ဟု ဆို သည်။ MN