Background
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားလျော့သွားသလို ရောင်း သူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းနည်းလာတာ ကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏက ယခင်အပတ်နဲ့စာရင် လျော့ကျသွားတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို အနိမ့်ဆုံး ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)မှ အမြင့်ဆုံး ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါ တယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်အဆွဲနည်းပြီး မြို့ခံကုန်သည် အချင်းချင်း၊ ပဲသစ် မပေါ်မီစပ်ကြား လက်ကျန်ပဲဟောင်းကိုသာ လှည့်ပတ်အဝယ်ရှိနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးကွက်စဖွင့်ချိန်မှာ တစ်ပိဿာ ကို ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ပိုင်းရက်တွေမှာ အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကာ ဈေးကွက်ပိတ်ကာနီးရက်တွေ မှာတော့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်အထိ ဝယ်အားရှိလာတယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ပဲမျိုးစုံအရောင်းအဝယ်က ရက်ခြားသာခပ်ပါးပါး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ဈေးလျော့ အဝယ်ရှိသလို ဝယ်အားပါအနည်းငယ်လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ကောင်းေ တာ့ ဈေးကွက် လည်းမြင့် လာတဲ့အပေါ် အခုလိုပဲဈေးကျလာတော့ လှောင်လက်ကုန်သည် တွေက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက် တွေက အဝယ်အေးသွားတာကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏ တွေလည်း ယခင်အပတ်နဲ့စာရင် နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၁၀ ကျပ် (တစ်တန်ကို ၆၁၈၅၁၃ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) ကတစ်ပိဿာ ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ် ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆို ပါတယ်။
* ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ မတ်ပဲ ဈေးကျပြီး အရောင်းအဝယ်ဖြစ် * ပဲစင်းငုံနီ ဈေးကွက်တိုင်းမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ * ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေ * နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ * ပြောင်းဟောင်းရော အသစ်ပါ အရောင်းအဝယ်ဖြစ်နေ
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် လက်ကျန်ပြောင်းတွေကို တရုတ်အဆွဲပါးပြီး ဈေးကွက်ထဲဝင်လာ တဲ့ ပြောင်းသစ်တွေကိုသာ တရုတ်အဆွဲများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၆၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဈေးကွက်ထဲဝင်လာတဲ့ ရေသွင်း ပြောင်းသစ်တွေက အစိုဓါတ်ရှိသေး တာကြောင့် ဒေသခံပြောင်းအ ခြောက်ခံစက်တွေသာ ဝယ်အားအထိုက်အလျောက်ရှိပြီး လက်ကျန် ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက် ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ ပြောင်းကုန်သည်များ ကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက ပြောင်းသစ်တစ်ပိဿာ ၄၂၅ ကျပ်ဈေးနဲ့ ပိဿာချိန်အနည်း ငယ်၊ လက်ကျန်ပြောင်းက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်းပိဿာချိန် ၈၈၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကအောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်) ဈေးနဲ့နေ့စဉ်အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အ ရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲကိုတော့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅၀၆၉ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် ပုံမှန် ဝယ်နေပေမယ့် ဈေးက ယခင်အပတ်နဲ့စာရင် ငြိမ်နေတယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားသွက်နေသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၁၂ ကျပ်နဲ့ အိတ် ၃၀၀၀ ၊ နှမ်းနက်(စမုံ) တစ်ပိဿာ ၂၃၃၄ ကျပ်ဈေးနဲ့ အိတ် ၂၀၀၀၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၁၁၂ ကျပ်နဲ့ အိတ် ၁၅၀၀၊ နှမ်းနီ တစ်ပိဿာ ၁၈၉၀ ကျပ်ဈေးနဲ့ အိတ် ၄၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ် စပို့အဆွဲ လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၅၅၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၆၀၀၀ ကျပ် အတွင်း တန် ၅၃၃၆ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်တွေက ကုန်စည်ဈေးကွက်မှာ ဈေး ကစားမှုတွေရှိသလို ဈေးမငြိမ်မသက်မှုတွေဖြစ်လာတာကြောင့် ကုန် စည်ဒိုင်မှ တာဝန်ရှိသူတွေက ဒိုင်အတွင်း တရားဝင်လုပ်ကိုင်ခွင့်ပြု ထားတဲ့ ပဲပွဲစားရှစ်ဦးရဲ့ ပွဲစားလုပ်ပိုင်ခွင့်ကို တရားဝင်ရပ်ဆိုင်းခဲ့ပါ တယ်။ ဒါကြောင့် အခုဆိုရင် ပြည်တွင်းပဲဈေးနှုန်းနဲ့ အိန္ဒိယ FOB ဈေးနှုန်းကိုက်ညီတဲ့ဈေးကို ရောက်ရှိပြီး ပြည်တွင်းပဲဈေး ကွက်လည်း ပုံမှန်လည်ပတ်နေပြီလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီကာလမှာ အိန္ဒိယဘက်မှ အဝယ်အေးလို့ မတ်ပဲဈေးကျပေမယ့် လှောင်လက် ကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန်များများရှိနေသေးတယ် လို့ ကုန်စည်ဈေးကွက်မှ သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ် မှာ အိတ်စပို့အဆွဲလျော့သွားတာကြောင့် ဈေးအကျဘက်သို့ ဦး တည်နေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်ကလည်း နည်းလာ တာကြောင့် ပဲသစ်မပေါ်မီလက်ကျန်ပဲများကို ဈေးကွက်မျှော်လင့် ချက်နဲ့ ထိန်းရောင်းနေရတယ်လို့ ပဲကုန်သည်တစ်ဦးက သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၆၅၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၆၇၀၀၀ ကျပ်အတွင်း တန် ၁၁၅၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
လားရှိုးဈေးကွက်မှာ လားရှိုးအနီးတစ်ဝိုက်မှ ပြောင်းသစ်တွေ ဈေးကွက်ထဲစတင်ဝင်ရောက်နေပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးနဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် တရုတ်ဝယ်လက်က ဝယ်လိုအားအနည်း ငယ်သာရှိခဲ့တယ်လို့ဆိုပါတယ် ။ပြောင်းသစ်က အစိုဓာတ်အနည်းငယ် ရှိတာကြောင့် ဝယ်လက်တွေက ဈေးကွက်အနေအထားအရ ဝယ် အားနည်းနေတာပါ လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ လက်ကျန်ပြောင်း(အဟောင်း)ကလည်း ပစ္စည်းလက်ကျန် မရှိသ လောက်ဖြစ်နေတာကြောင့် အရောင်းအဝယ်လည်း နည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၂၀ ကျပ်နဲ့ ရက်ခြားပိဿာချိန် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲ ပါးသွားတာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။